see text
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
သတ္တဝါ (သို့) တိရစ္ဆာန်များ | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
နယ်ပယ်: | Eukaryota |
(unranked): | Unikonta |
(unranked): | Opisthokonta |
(unranked): | Holozoa |
(unranked): | Filozoa |
လောက: | Animalia လင်းနီးယပ်၊ ၁၇၅၈ |
Major divisions | |
Synonyms | |
|
တိရစ္ဆာန်သည် “ယူကာရိုတာ” ဒိုမိန်း ကြီးအောက်ရှိ Kingdom Animalia အတွင်း ပါဝင်သော သက်ရှိများ ဖြစ်သည်။ အဆိုပါ လောက (kingdom) တိရစ္ဆာန်လောကဟု သိရာ၏။ ဒိုမိန်း ယူကာရိုတာအောက်တွင် ၎င်းအပါအဝင် နောက်ထပ် လောက သုံးခု ရှိ၏။ ၎င်းတို့မှာ (၁) ပရိုတစ္စတာ လောက(၂) အပင် လောက (၃) မှို လောက ဟူ၍ မှတ်သားရသည်။
တိရစ္ဆာန်သည် ပါဠိသဒ္ဒါဖြစ်သည်။ အင်္ဂလိပ်အမည် "animal" သည် လက်တင်သဒ္ဒါ animale (ပင့်သက်အရှင်) မှ ဆင်းသက်လာသည်။ ဇီဝဗေဒတွင် အသုံးပြုသော သဒ္ဒါသည် လောက (Kingdom) ကိုညွှန်းသည်။
အချို့နိုင်ငံဒေသများ၌ သိပ္ပံနည်း မကျသော အသုံးအနှုန်းများကို ကိုင်စွဲကာ တိရစ္ဆာန်ဟူသော ဝေါဟာရမှ လူသားများကို ဖယ်ထုတ်ထားသည်။ အနှီသူတို့ ဆိုလိုသည်မှာ တိရစ္ဆာန် လောကတွင် လူသားမဟုတ်သော တိရစ္ဆာန်များ ပါဝင်ကာ လူသားနှင့် လွန်စွာ နီးစပ်သော အခြားနို့တိုက်သတ္တဝါများနှင့် ကျောရိုးရှိတိရစ္ဆာန်များကိုမူ ချွင်းချက် မရှိ ထည့်သွင်းထား၏။ (In everyday non-scientific usage the word excludes humans – that is, "animal" is often used to refer only to non-human members of the kingdom Animalia; often, only closer relatives of humans such as mammals, or mammals and other vertebrates, are meant.)
တိရစ္ဆာန်ဟူသော ဝေါဟာရကို ဇီဝဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်၌ ရေမြှုပ်ကောင်များ၊ ပင်လယ်ခူ၊ အင်းဆက်များ နှင့် လူသားများအထိ လွှမ်းခြုံထားသော တိရစ္ဆာန် လောကအတွင်းရှိ အဖွဲ့ဝင်အားလုံးကို ဆိုလိုသည်ဟု ဖွင့်ဆို၏။ (The biological definition of the word refers to all members of the kingdom Animalia, encompassing creatures as diverse as sponges, jellyfish, insects, and humans.)
တိရစ္ဆာန်လောက (Kingdom Animalia) အတွင်း ပါဝင်သော သက်ရှိများကို အမျိုးအစားများ အဆင့်ဆင့် ခွဲခြားကြသေးရာ ၎င်းအတွင်း မျိုးအုံ (phyla) အမျိုးမျိုး ပါဝင်သည်။ ဥပမာအားဖြင့် အင်းဆက်၊ ပင့်ကူ စသည်တို့ ပါဝင်သော တိရစ္ဆာန်မျိုးအုံမှာ ခြေဆစ်ချိုး မျိုးအုံ ဖြစ်သည်။ လူသား၊ ခွေး၊ ငှက်များ၊ တွားသွားသတ္တဝါများ စသည်တို့ ပါဝင်သော တိရစ္ဆာန်မျိုးအုံမှာ ကျောတိုင်ရှိ မျိုးအုံ ဖြစ်သည်။
Вы сошли с ума.
မျိုးပေါင်းစုများ | နမူနာပုံ | မျိုးစိတ် အရေအတွက် | ကုန်းနေ | အဏ္ဏဝါ အဏ္ဏဝါနေ | ရေချိုနေ | အမှီခိုကင်း | ကပ်ပါးနေ |
---|---|---|---|---|---|---|---|
တီမျိုး | ၁၇,၀၀၀ | ရှိ (မြေဆီလွှာ) | ရှိ | ၁,၇၅၀ | ရှိ | ၄၀၀ | |
ခြေဆစ်များသတ္တဝါ | ၁,၂၅၇,၀၀၀ | ၁,၀၀၀,၀၀၀ (အင်းဆက်) | ၄၀,၀၀၀ အထက် (Malac- (Malacostraca) | ၉၄,၀၀၀ | ရှိ | ၄၅,၀၀၀ အထက် | |
Bryozoa | ၆,၀၀၀ | ရှိ | ၆၀ ~ ၈၀ | ရှိ | |||
ကော်ဒိတ် | ၇၀,၀၀၀ အထက် | ၂၃,၀၀၀ | ၁၃,၀၀၀ | ၁၈,၀၀၀၉,၀၀၀ | ရှိ | ၄၀ (ငါးခူမျိုး) | |
Cnidaria | ၁၆,၀၀၀ | ရှိ | ရှိ(အနည်းငယ်) | ရှိ | ၁,၃၅၀ အထက် (Myxozoa) | ||
Echinoderms | ၇,၅၀၀ | ၇,၅၀၀ | ရှိ | ||||
ကျိချွဲ သတ္တဝါ (ခရုမျိုး) | ၈၅,၀၀၀ ၁၀၇,၀၀၀ | ၃၅,၀၀၀ | ၆၀,၀၀၀ | ၅,၀၀၀ ၁၂,၀၀၀ | ရှိ | ၅,၆၀၀ အထက် | |
Nematodes | ၂၅,၀၀၀ | ရှိ (မြေဆီလွှာ) | ၄,၀၀၀ | ၂,၀၀၀ | ၁၁,၀၀၀ | ၁၄,၀၀၀ | |
Platyhelminthes | ၂၉,၅၀၀ | ရှိ | ရှိ | ၁,၃၀၀ | ရှိ၃,၀၀၀~၆,၅၀၀ | ၄၀,၀၀၀ အထက်၄,၀၀၀–၂၅,၀၀၀ | |
Rotifers | ၂,၀၀၀ | ၄၀၀ အထက် | ၂,၀၀၀ | ရှိ | |||
စပန်းရေမြှုပ် | ၁၀,၈၀၀ | ရှိ | ၂၀၀ ~ ၃၀၀ | ရှိ | ရှိ | ||
ဖော်ပြထားပြီး မျိုးစိတ် အရေအတွက် စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် စာရင်းအရ[update]။ ၁, ၅၂၅, ၇၂၈ ရှိသည်။ |
Deuterostomes ဒုတိယအပေါက် ပါရှိသော တိရစ္ဆာန်များတွင် အဓိကအားဖြင့် ပါဝင်လျက် ရှိသော Phylum များမှာ Echinoderm (ပင်လယ်မျှော့နှင့် ကြယ်ငါး) နှင့် ကျောရိုးရှိ တိရစ္ဆာန်များ (Chordata) ဟူ၍ နှစ်မျိုးခွဲထားသည်။ ကျောရိုးရှိ တိရစ္ဆာန်များတွင် ငါး၊ ကုန်းနေရေနေ သတ္တဝါ၊ တွားသွားသတ္တဝါ၊ ငှက်နှင့် နို့တိုက်သတ္တဝါများပါသည်။
This article uses material from the Wikipedia မြန်မာဘာသာ article တိရစ္ဆာန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.