အော်စကာဆုဟု လူသိများသည့် အကယ်ဒမီဆုသည် ရုပ်ရှင်လောက လုပ်ငန်းနယ်ပယ်မှ အနုပညာနှင့် တတ်သိပညာဆိုင်ရာ ထူးချွန်မှုအတွက် ချီးမြှင့်ထားသော ဆုဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ရုပ်ရှင်အနုပညာနှင့်တတ်သိပညာအကယ်ဒမီ (The Academy of Motion Picture Arts and Sciences, AMPAS) က ကမ္ဘာတဝှမ်းရှိ ရုပ်ရှင်လောကမှ ထူးချွန်ပြောင်မြောက်သူများအား ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန်ဆုတစ်ရပ်ဖြစ်သည်။ ယင်းဆုများတွင် အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကား စသည်ဖြင့် ပါဝင်သည်။
အကယ်ဒမီဆု | |
---|---|
၉၁ ကြိမ်မြောက် အကယ်ဒမီဆု | |
ဆုပေးအပ်ခြင်းအကြောင်း | ရုပ်ရှင်ထူးချွန်ဆု |
ဆုတံဆိပ်ပေးအပ်သူ | Academy of Motion Picture Arts and Sciences |
နိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ပထမဆုံးဆုတံဆိပ် | မေ ၁၆၊ ၁၉၂၉ |
ဝက်ဘ်ဆိုဒ် | oscar.go.com |
ဆုတံဆိပ်ကို မူလထုလုပ်သူမှာ George Stanley (ဂျော့စတန်လီ) ဖြစ်သည်။ Cedric Gibbons ဆွဲထားသောပုံဒီဇိုင်းမှ မှီးငြမ်းထုလုပ်ခဲ့သည်။ အကယ်ဒမီဆုပေးပွဲကို ၁၉၂၇ ခုနှစ်တွင် ဟော်လီဝုဒ်ရုစဗဲ့ဟိုတယ်၌ ပထမဆုံး ကျင်းပချီးမြှင့်ခဲ့သည်။ အခမ်းအနားမှူးအဖြစ် Douglas Fairbanks က လုပ်ဆောင်ခဲ့သည်။ အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ရေဒီယိုမှတဆင့် ၁၉၃၀ ခုနှစ်တွင် ထုတ်လွှင့်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ရုပ်မြင်သံကြားဖြင့် ပထမဆုံး ထုတ်လွှင့်နိုင်ခဲ့သည်။ အကယ်ဒမီဆုပေးပွဲသည် ကမ္ဘာတစ်ဝန်းတွင် နှစ်အကြာဆုံး ဖြော်ဖြေရေးဆုပေးပွဲ ဖြစ်ပြီး ယခုအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နိုင်ပြီးဖြစ်သည်။ ရုပ်မြင်သံကြားအတွက် အမ်မီဆု၊ ပြဇာတ်တွက် တော်နီဆု၊ ဂီတအတွက် ဂရမ်မီဆု စသည်ဖြင့် အကယ်ဒမီဆုကို အသီးသီ နမူနာယူကြသည်။
၂၀၁၈ ခုနှစ်အတွင်း ရုံတင်ထားသော ရုပ်ရှင်များအတွက် ကျင်းပခဲ့သော (၉၁) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၁၉ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လော့အင်ဂျလစ်မြို့ရှိ Dolby Theatre ၌ ကျင်းပဲခဲ့သည်။ အခမ်းအနားကို ABC ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။ ပထမဆုံးချီးမြှင့်ခဲ့သောနေ့မှာ ယခု ၉၁ ကြိမ်မြောက်အထိ အော်စကာရုပ်ဆုကို စုစုပေါင်း ၃,၀၉၆ ခု ပေးအပ်ချီးမြှင့်ပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ယခုအထိ အခမ်းအနားမှူးမပါဝင်သော ပထမဆုံးအခမ်းအနားဖြစ်သည်။
ဆုပေးပွဲ ပထမဆုံးနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆုအား ဒရာမာနှင့် ဟာသအဖြစ် နှစ်မျိုးခွဲပေးခဲ့သည်။ အလားတူပဲ အကောင်းဆုံး ဇာတ်ဝင်တေးသွားဆုကိုလည်း နှစ်မျိုးခွဲ ပေးခဲ့သည်။ ၁၉၃၀ မှ ၆၀ ခုနှစ်အတွင်း အနုပညာ ညွှန်ကြားမှု၊ ဓာတ်ပုံနှင့် ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်းဆုများကိုမူ အဖြူအမဲနှင့် ရောင်စုံအဖြစ် သီးခြားအပ်နှင်းခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article အော်စကာဆု, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.