လေဒီဂါဂါ Lady Gaga ဟုလူသိများသော Stefani Joanne Angelina Germanotta သည် အမေရိကန် အဆိုတော်၊ တေးရေး နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၁၉၈၆ ခုနှစ်၏ မတ်လ၊၂၈ရက်မှာ မွေးဖွားသူဖြစ်သည်။ သူမ၏ သူမတူထူးခြားမှု၊ ပရိသတ်ကိုလှုံ့ဆော်နိုင်မှုနှင့် အမြင်ပိုင်း စမ်းသစ်မှုများမှာ သူမကို လူသိများလာစေခဲ့သည်။ ဂါဂါသည် ဆယ်ကျော်သက်အရွယ်ကတည်းက Open music nights တို့၌ စတင် သီချင်းဆိုခဲ့ပြီး ကျောင်းကပွဲတို့၌လည်း ပါဝင်ခဲ့သည်။ သူမသည် နယူးယောက်တက္ကသိုလ်၏ Tish School of the Arts က Collaborative Arts Project 21 မှာ ပညာသင်ခဲ့သည်။ Def Jam Recordings က သူမ၏စာချုပ်ကို ပယ်ချလိုက်သည်တွင် Sony/ATV Music Publishing ၌တေးရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ တေးရေးအဖြစ်လုပ်ကိုင်နေစဉ် ၂၀၀၇ ခုနှစ်၌ပင် Akon သည် သူမကို Interscope Records နှင့် သူ့ကိုယ်ပိုင် Label Konlive Distribution မှာ စာချုပ်ချုပ်ဆိုနိုင်ရန် ကူညီပေးခဲ့သည်။ နောက်နှစ်၌ပင် သူမ၏ ပွဲဦးထွက် electropop အမျိုးအစား အယ်လ်ဘမ် ဖြစ်သော The Fame နှင့် ကျော်ကြားလာသည်။ ၎င်း အယ်လ်ဘမ် ထဲမှ Just Dance နှင့် Poker Face တို့သည် chart များ၏ထိပ်ဆုံးမှာ နေရာယူခဲ့သော သီချင်းများဖြစ်သည်။ နောက်အယ်လ်ဘမ်တစ်ခု ဖြစ်သော The Fame Monsterသည် ၂၀၀၉ခုနှစ်တွင် ထွက်ရှိလာသည်။ ၎င်း အယ်လ်ဘမ်ထဲတွင်ပါဝင်သော Bad Romance၊ Telephone နှင့် Alejandro တို့သည် အောင်မြင်မှုရရှိခဲ့သော သီချင်းများဖြစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
လေဒီဂါဂါ Lady Gaga | |
---|---|
NFL Network ၏ interviewတစ်ခုမှ Lady Gaga၊ ၂၀၁၆ခုနှစ် | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | Stefani Joanne Angelina Germanotta |
မွေးဖွား | နယူးယောက်မြို့၊ အမေရိကန် |
ဂီတဟန် | Pop, dance |
အလုပ်အကိုင် | Singer-songwriter, performance artist, record producer, dancer, businesswoman, activist |
တူရိယာ | Vocals, piano, synthesizer, keytar |
တက်ကြွသည့်နှစ်များ | 2005–present |
တေးသံသွင်း ကုမ္ပဏီ | Def Jam, Cherrytree Records, Streamline, Kon Live, Interscope Records |
ဝက်ဘ်ဆိုက် | ladygaga.com |
ဂါဂါ၏ electronic rock နှင့် techno-pop အမျိုးအစား ဒုတိယfull-length album Born This Way သည် ၂၀၁၁ခုနှစ်မှာ ထွက်ရှိလာခဲ့သည်။ ၎င်း albumသည် အမေရိကန် Billboard 200၏ ထိပ်ဆုံးမှာ နေရာယူခဲ့သည်။ အမေရိကန်နိုင်ငံတွင်း ပထမအပတ်၌ပင် copyများ တစ်သန်းကျော် ရောင်းခဲ့ရသည်။ ခေါင်းစီးသီချင်း Born This Way သည် iTunes Storeမှာ တစ်ပတ်အတွင်း၌ပင် တစ်သန်းကျော် ဝယ်ယူကြသဖြင့် အရောင်းရအမြန်ဆုံး သီချင်းဖြစ်လာခဲ့သည်။
ဂါဂါ၏ တတိယ တေးစီးရီး Artpop သည် ၂၀၁၃ခုနှစ်၌ ထွက်လာခဲ့သည်။ သူမသည် Artpop albumကို EDMနှင့် ဆန်းသစ်ခဲ့ခြင်းဖြစ်သည်။ Artpop အခွေသည် အမေရိကန်မှာ နံပါတ်တစ် ရခဲ့သည်။ ၎င်း သီချင်းခွေထဲတွင်ပါဝင်သည့် သီချင်း "Applause" သည်လည်း အတော်အသင့် အောင်မြင်ခဲ့သည်။ သူမနှင့် Tony Bennettတို့၏ jazzအမျိုးအစား စုံတွဲအခွေ Cheek to Cheekသည် ၂၀၁၄ခုနှစ်မှာထွက်ရှိလာသည်။ သူမ၏ soft rock-influeneced အမျိုးအစား ပဥ္စမမြောက် album Joanne ကတော့ ၂၀၁၆မှာ ထွက်ရှိလာခဲ့သည်။ Joanne album သည် အမေရိကန် chartများ၏ ထိပ်ဆုံးကိုရောက်ခဲ့သည်။ ၎င်းနှစ်တို့၌ပဲ Gagaသည် သရုပ်ဆောင်လောကဘက်ကို ကူးပြောင်းလာခဲ့သည်။ သူမသည် ဇာတ်လမ်းတွဲအတိုလေးဖြစ်သော American Horror Story : Hotel (၂၀၁၅ မှ ၂၀၁၆ ထိထုတ်လွှင့်) ထဲမှာ ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။ သူမသည် ၎င်းဇာတ်လမ်းတွဲအတွက် Golden Globe Award for Best Actress (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အတွက် ရွှေကမ္ဘာလုံးဆု)ကိုရရှိခဲ့သည်။ သူမ ပါဝင် သရုပ်ဆောင်ခဲ့သော musical drama အမျိုးအစား A Star is Born (၂၀၁၈)ရုပ်ရှင် သည် အောင်မြင်မှုများ ထပ်မံရရှိခဲ့ပြန်သည်။ သူမ၏ A Star is born album သည်လည်း BAFTA Award for Best Film Music ကိုသိမ်းပိုက်နိုင်ခဲ့သည်။ အဲ့တာကြောင့် Gaga သည် ယခုဆယ်စုနှစ်အတွက် အမေရိကန်မှာ နံပါတ်တစ်ဖြစ်ခဲ့သော album ၅ချပ်ရှိသော ပထမဦးဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာသည်။ Gagaသည် A Star is Born album ၏ ဦးဆုံး single "Shallow"နှင့် Academy Award(Oscar) နှင့် Golden Globe Award for Best Original Song (အကောင်းဆုံးမူလသီချင်းအတွက် ရွှေကမ္ဘာလုံးဆု) ကိုသိမ်းပိုက်နိုင်ခဲ့သည်။ "Shallow" သည် သမိုင်းတစ်လျှောက်မှာ ဆုများအများဆုံး ရရှိခဲ့သော သီချင်းဖြစ်ပြီး စုစုပေါင်း ၃ ၂ ဆု ရရှိခဲ့သည်။
၂၀၁၆ ခုနှစ်၏ ဇန်နဝါရီလမှာတော့ Gagaသည် albumအချပ်ရေအားလုံးပေါင်း ၂၇သန်းရောင်းခဲ့ရပြီးတော့ singleအားလုံးပေါင်း ၁၄၆သန်းရောင်းခဲ့ရသည်။ အဲ့တာကြောင့် Gagaသည် ကမ္ဘာ့ရောင်းအားအကောင်းဆုံး အဆိုတော်များထဲက တစ်ယောက်ဖြစ်လာခဲ့သည်။ သူမရခဲ့သော ဆုများထဲမှာGuinness world records အမြောက်အများ ၊ Songwriters Hall of Fame ကချီးမြှင့်တဲ့ဆု၊ Grammy၉ဆု နှင့် Council of Fashion Designers of America တို့ပါဝင်သည်။ သူမသည် Billboard ၏ Artist of the Year နှင့် Women of the Year ရရှိသောသူများကို ဖွင့်ဖောက်ကြေညာ ပေးခဲ့ရပါသေးသည်။ သူမသည် Forbes မဂ္ဂဇင်း၏ စွမ်းအားနှင့် ဝင်ငွေအဆင့်သတ်မှတ်ချက်များ ထဲမှာတောင် ပါဝင်ခဲ့သည်။ ၂၀၁၂ခုနှစ်မှာတော့ VH1 TV networkက သတ်မှတ်သော အကြီးကျယ် အအောင်မြင်ဆုံး ဂီတလောကက အမျိုးသမီးများ ထဲမှာ Gagaသည် နံပါတ်၄ ချိတ်ခဲ့သည်။ ၂၀၁၁ခုနှစ်တုန်းကတော့ Time မဂ္ဂဇင်း၏ စာဖတ်သူများကို လွန်ခဲ့သောဆယ်နှစ်က လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်ကို မဲပေးခိုင်းလိုက်သည့်အခါမှာ Gagaသည် ဒုတိယရခဲ့သည်။ Gagaသည် သူမ၏ လှူဒါန်းစွန့်ကြဲမှုများ၊ လူမှုရေးလှုပ်ရှားမှုများ၊ LGBT အခွင့်အရေးလှုပ်ရှားမှုများ နှင့် Born This Way ဖောင်ဒေးရှင်း အတွက် လူသိများသည်။ ၎င်းဖောင်ဒေးရှင်းသည် အခမဲ့အဖွဲ့အစည်းဖြစ်ပြီး လူငယ်လေးများကို အားပေးခြင်းနှင့်၊ အနိုင်ကျင့်ခံရမှုများကို တားဆီးတာတို့ကို အဓိကထား လုပ်ဆောင်နေသည်။
သူမသည် ၂ဝဝ၃ ခုနှစ်က ကျောင်းကို ရောက်သည်။ အနုပညာ လောကထဲကို ဝင်သည်။ သို့သော် သူမ၏အောင်မြင်မှုအတိုင်းအတာ သည် အင်မတန်နည်းသည်။ ၂ဝဝ၆ ခုနှစ်က သူမကို ကန်ထရိုက်စာချုပ် တစ်ခုချုပ်ခဲ့သော်လည်း သုံးလနှင့် ပျက်ပြယ်သွားသည်။ ယင်းကြောင့် သူမ ဆေးစွဲခြင်းပင်ဖြစ်သည်။ အဲဒီနောက် Streamline Records ဟူသော ဓာတ်ပြား ကုမ္ပဏီတစ်ခုနှင့် ကန်ထရိုက်လက်မှတ်ထိုးခဲ့သည်။ ထိုနေရာ၌ ဂါဂါသည် နာမည်ရပြီးသားဖြစ်သော အဆိုတော်များအတွက် သီချင်းရေးပေးခဲ့ရ သည်။ သူမရေးပေးသည့်သူများထဲမှာ ဘရစ်နီစပီးယား Britney Spears,New Kids on the Block, Fergie နှင့် Pussycat Doll တို့လည်း ပါဝင်ခဲ့သည်။ ဒီအလုပ်ကိုလုပ်နေတဲ့ အချိန်၌ပင် Akon က သူမ၏ဆိုပေါက်ကို သဘောကျသည်။ ဒီအတွက် Akon သည် သူ၏ဖျော်ဖြေမှုအစီအစဉ် Kon Live Distribution မှာ ပါဝင်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ခဲ့ပြန်သည်။ ၂ဝဝ၇ ခုနှစ်အရောက်မှာ သူမသည် ယခင်ကုမ္ပဏီက Redone ဟူသောအဖွဲ့နှင့် မိတ်ဆက်ပေးသည်။ ထိုနေရာ၌ သီချင်းအချို့ရေးသည်။ ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ခဲ့ သည်။
အမှန်မှာ ၂ဝဝ၈ ရောက်သောအခါကစပြီး သူမ၏ အမည်ကျော် ကြားမှုစသည်ဟု ဆိုရမည်။ ၂ဝဝ၈ မှာ သူမသည် လော့စ်အန်ဂျလိစ် ကို ပြောင်းသွားခဲ့သည်။ ၎င်းမှာ သူမ၏ဓာတ်ပြားအယ်လဘမ် The Fame ကို ကြိုးစားထုတ်လုပ်ခဲ့သည်။ The Fame သည် ယူကေ၊ ကနေဒါ၊ ဩစထရီးယား၊ ဂျာမနီနှင့် ဆွစ်ဇာလန်တို့မှာ နံပါတ်တစ် စွဲခဲ့သည်။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံ ၁၅ နိုင်ငံမှာမူ ပဉ္စမ ရသည်။ စုစုပေါင်း အချပ်ရေ ၁၄ သန်းရောင်းရသည်။ နောက်တစ် ချပ်။ ၎င်းမှာမူ တစ်ပုဒ်တည်းပေါ့။ Single ပါ။ ခြောက်နိုင်ငံမှာ နံပါတ်တစ်ရသည်။ နောက် ဂရမ်မီဆုအတွက် စာရင်းတို့ခြင်းခံရသည်။
နောက်တော့ နောက်တော့ သီချင်းများ၊ ဖက်ရှင်များ၊ ပါဖောမင်း (Performance) များနှင့် သီချင်းဗီဒီယို (Music Video များမှာ အလျှိုအလျှိုထွက်လာလေသည်။ ထွက်လာတိုင်း ကောင်းနေသည်။ လူများ သူ့ကိုသဘောကျလာကြသည်။ ထူးထူးခြားခြားဂရမ်မီဆု Grammy Awards ငါးခုကို ရသည်။ ဒီအတွက် သူမသည် ကမ္ဘာ့စံချိန် စံညွှန်း Guinness World Records မှာ နှစ်ကြိမ်ပါဝင်သွားသည်။ သူမ၏ အယ်လ်ဘမ် ၁၃ သန်းရောင်းရပြီး Single မှာမူ ၅၁ သန်း ရောင်းရသည်။ ကမ္ဘာမှာ အရောင်းရဆုံးစာရင်းထဲ ဝင်သွားသည်။ သူမသည် ၂ဝဝဝ ပြည့်နှစ်၏ ဆယ်စုထဲမှာ ၇၃ ယောက်မြောက်အဆို တော်ဖြစ်သည်။ Time ၏ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူသားတစ်ရာထဲမှာ ပါဝင်လာပြီး Forbes မဂ္ဂဇင်းထဲမှာ စာရင်းဝင်လာသည်။
သူမသည် ရော့ခ်သီချင်းဆိုသူများကို ချစ်ခင်လေးစားသဘောကျ သည်။ ဒေးဗစ်ဘောင်ဝီ၊ ဖရက်ဒီမာကျူရီတို့ကို အားကျသည်။ မက်ဒေါနားနှင့် မိုက်ကယ်ဂျက်ဆင်တို့ကို အတုယူသည်။ သူမ၏ ဟန်ပန်များမှာ မက်ဒေါနားနှင့် အတော်လေးတူသည်။ ”ကျွန်မသည် မက်ဒေါနား၏ Fan အစစ်”လို့ သူမက ပြောသည်။ အဆိုကျော် Queen ၏ သီချင်းဖြစ်သော Radio Gaga ကနေသူမသည် Lady Gaga ဖြစ်လာတာပါ။ သူချစ်ခင်တဲ့ အခြားသူများမှာမူ Whitney Houston.Brithey Spears, Grace Jones နှင့် Debbie Harry တို့ပါပဲ။
သူမ၏ အောင်မြင်မှုများကြားမှာ ထူးခြားတဲ့အချက်တစ်ခုမှာမူ သူမသည် ပရဟိတအလှူရှင်တစ်ဦး Philanthropist ဖြစ်ပြီး လူငယ် များကို အားပေးစကားပြောတတ်သူတစ်ယောက်ဖြစ်သည်လို့ ဆိုသည်။ ၂ဝ၁၁ ခုနှစ်မှာမူ လေဒီဂါဂါသည် လူငယ်များအကြိုက်အများဆုံးလူတစ်ယောက်ဖြစ်ခဲ့သည်။ သူမသည် အော်ပရာဝင်းဖရီးဆီ က စကားများ ငှားသုံးသည်ဟုဆိုလျှင်မမှားပေ။ အပြောအဟော ကောင်းတဲ့အော်ပရာသည် ၂ဝ၁ဝ ပြည့် မှာ အနားယူသွားသည်။ သူမကို တီဗီဖန်သားပေါ်မှာ အပတ်စဉ်လူသန်းချီကြည့်ကြသည်။ သူမသည် ဟောပြောတာတစ်ခုတည်းနှင့် သန်း ကြွယ်သူဌေးကြီးဖြစ်ခဲ့သည်။ အော်ပရာ၏စကားများမှာ Heart ထိတဲ့စကားများဖြစ်သည်။ သို့သော် ပြောရုံသက်သက်နှင့်တော့ ဘယ်ရမည်နည်း။ လုပ်လည်း လုပ်ပြရသည်။ ဒီတော့ လေဒီဂါဂါသည် သူပြောတဲ့အတိုင်းလုပ်ပြတာကို လေ့လာတွေ့ရှိနိုင်သည်။ မတ်လ ၁၁ ရက်နေ့က ဂျပန်ပြည်မှာ ငလျင်လှုပ် ကာ ဆူနာမီဝင်တာကိုကြားတော့ နာရီပိုင်းအတွင်း မှာ လေဒီဂါဂါသည် လက်ပတ်ကြိုး (Bracelet) အလှူရန်ပုံငွေအတွက် ရောင်းပွဲကိုကျင်းပ သည်။ ဒီအတွက် ရောင်းရငွေ ဒေါ်လာ ၁ ဒသမ ၁၅ သန်းကို ဂျပန် ကို လှူခဲ့သည်။ ဇွန်လမှာ ဂျပန်၏ ကြက်ခြေနီအဖွဲ့အတွက် စတိတ် ရှိုးပွဲကို သွားရောက်ဖျော်ဖြေခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်က ဟေတီ ငလျင်အတွက် နယူးယောက်က Radiocity Music Hall က ပွဲ တစ်ခုလုပ်ခဲ့သည်။ နောက်သူမနှင့်ပတ်သက်တဲ့ပစ္စည်း (ဓာတ်ပုံ၊ တီရှပ် စသည်) တစ်နေ့တာရောင်းရငွေကိုပါပေါင်းပြီး အလှူပြုလုပ်ခဲ့သည်။ ရန်ပုံငွေဒေါ်လာငါးသိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့သည်။ သူမ HIV, AIDS အတွက်လည်း အကူအညီများစွာ ပေးခဲ့သည်။
လေဒီဂါဂါကို အများက ပြောနေကြသည်။ မက်ဒေါနား၏ ဟန်ပန်များအားလုံး ဆိုပေါက်များအားလုံး ယူထားသည်။ မက်ဒေါနား ကတောင် သာသေးသည်တဲ့။ သို့သော် သူမ၏ ဓာတ်ပြားများမှာမူ အရောင်းစွံနေဆဲဖြစ်သည်။ သူမက နံပါတ်တစ်လေ။ ဘာကြောင့် ဒီ လောက်တောင်အောင်မြင်ရတာလဲလို့ Newsweek မဂ္ဂဇင်းက ဝေဖန် ထားခြင်းမှာမူ သူမသည် သူ့ကိုယ်သူလက်ခံပြီး သူများကိုဆွဲတင် တဲ့ကလေးမဖြစ်လို့ပဲတဲ့။ အသက် ၂၅ နှစ်သာရှိသေးသည့် သူမကို လူငယ်များက နတ်သမီးလေးလို တင်စားမြင်ထားကြသတဲ့။ ‘ရုပ်ဆိုး လား၊ ဘာမှစိတ်ပျက်စရာမရှိဘူး။ ကျွန်မငယ်ငယ်က ကျောင်းမှာ အရမ်းရုပ်ဆိုးသည်လို့ ပြောခံထိသည်။ ကြည့်စမ်းပါ။ ကျွန်မနှာခေါင်း က အကြီးကြီး၊ သွားကလည်း ခေါသေး။ နောက် ပါးရိုးက ငေါထွက် နေသည်။ အဲဒါဘာဖြစ်လဲ။ အမေပေးသည့်အတိုင်းပေါ့။ ကျွန်မသည် ကျွန်မပဲ။
နောက်ကျွန်မနှင့်တူသော လူအစစ်အမှန်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးလေ။ လူငယ်များလည်း ဒီလိုပဲ။ ကိုယ်ရထားခြင်းကို လက်ခံလိုက်ပါ’ ”ရထားခြင်းကို လက်ခံသည်ဆိုပြီးမှ ပလတ်စတစ် ဆာဂျရီ (Plastic Surgery) မလုပ်ပေ။ ကျွန်မသည် ကျွန်မပဲပေါ့” ဤအရာများကို သူမ စတိတ်ချ် စင်များပေါ်ကပြောတော့ လူငယ်များ အားပေးလိုက်တာ အရမ်းကို အရမ်းကိုပါပဲ။ ‘အားလုံးကိုမှာချင်တာ မိမိကိုယ်မိမိ လုံခြုံမှုမရှိဘူးဆိုတာမျိုး ဘယ်တော့မှ မခံစားပါနှင့်’ ‘မင်းကို လက်မခံတဲ့လူများရှိသည်ဆိုတာကို စာရင်းကနေ ပယ်လိုက် ပါ။ သူတို့ လက်မခံတာ သူတို့ မင်းကိုနားမလည်လို့ပါ”(ဒေါက်တာခင်မောင်ညို)
Year | Album details | Peak chart positions | Sales | Certifications (sales thresholds) | |||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
US | AUS | CAN | Syndicat National de l'Édition Phonographique | Media Control Charts | Irish Albums Chart | NL | NZ | SWE | UK | ||||
2008 | The Fame
| 2 | 3 | 1 | 2 | 1 | 1 | 12 | 2 | 15 | 1 |
|
|
2009 | The Fame Monster
| 5 | 3 | 2 6 | 12 | 7 |
|
|
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article လေဒီဂါဂါ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.