မျက်စိနာခြင်းဆိုသည်မှာ Conjunctiva ဟုခေါ်သည့် မျက်စိ၏ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်သည်။ ဆေးပညာအရ Conjunctivitis ဟုခေါ်သည်။ မျက်စိနာခြင်းသည် များသောအားဖြင့် ကူးစက်ရောဂါပိုးများကြောင့် အဖြစ်များပြီး ဓာတ်မတည့်မှုများကြောင့်လည်း ဖြစ်တတ်ကြသည်။
အထက်ပါ လက္ခဏာများကို မျက်စိနာခြင်း(သို့မဟုတ်) မျက်စိအပေါ်ယံလွှာရောင်ရမ်းသည့် အခြေအနေအားလုံးတွင် တွေ့ရသည်။ သို့သော် မျက်စိသူငယ်အိမ်သည် ဓာတ်မီးနှင့် ထိုးလိုက်ပါက ကောင်းစွာ တုံ့ပြန်မှုရှိရမည်ဖြစ်ပြီး မျက်စိမှုံခြင်း ဝါးခြင်းများကို မဖြစ်စေပါ။
ဗိုင်းရပ်စ်ပိုးကြောင့် မျက်စိနာပါက သူတစ်ခုတည်းဖြစ်တတ်သလို အအေးမိခြင်း၊ လည်ခေါင်းနာခြင်း တို့နှင့်လည်း တွဲဖက်၍ ဖြစ်တတ်သည်။ ၎င်း၏ လက္ခဏာများမှာ မျက်ရည်များကျခြင်းနှင့် မျက်စိယားယံခြင်း(သို့) ခိုးလိုးခုလုဖြစ်ခြင်းတို့ ဖြစ်သည်။ မျက်စိတစ်ဖက်တွင် စတင်၍ဖြစ်ပွားတတ်ပြီး အခြားတစ်ဖက်သို့ လျင်မြန်စွာ ကူးစက်သွားတတ်သည်။ အဖြစ်များသော virus များမှာ adenovirus နှင့် herpes simplex(ရေယုန်) တို့ဖြစ်ကြသည်။
လူတွေကြားထဲတွင် အတွေ့ရများသော ပြည်ကို ဖြစ်စေသည့် ဘက်တီးရီးယားပိုးများ(common pus-producing bacteria) များကြောင့် အဖြစ်များသည်။ Chlamydiae trachomatis ပိုးကြောင့် ဖြစ်ပါက မျက်ခမ်းစပ်ရောဂါဟု ခေါ်သည်။ ၎င်း၏ လက္ခဏာများမှာ အလွန်အမင်း မျက်စိယားယံခြင်းနှင့် အစိမ်းရောင် (သို့) အဝါရောင်ရှိသော ပြည်များ ထွက်ခြင်းဖြစ်သည်။ ထိုပြည်များကြောင့် မျက်ခွံများသည် ကောင်းစွာ ဖွင့်လို့မရဘဲ ကပ်နေတတ်သည်။ သို့သော် ပြည်မထွက်ခြင်းကြောင့် ဘက်တီးရီးယားပိုးကြောင့် မဖြစ်နိုင်ဟု ပုံသေမယူဆနိုင်ပါ။ မျက်ခမ်းစပ်ရောဂါတွင် မျက်လုံးက သိပ်ပြီးမနီဘဲ ပြည်မထွက်သည့်အခါများလည်း ရှိသည်။ အခြားလက္ခဏာတစ်ခုမှာ မျက်လုံးတစ်ဝိုက်တွင် အရေပြားများ ခြောက်သွေ့ကာ အဖတ်များအဖြစ် ကွာခြင်း (severe crusting) ဖြစ်သည်။ မျက်လုံးအတွင်း ပြည်များစုလာပါက ခိုးလိုးခုလုဖြစ်ကာ ပြင်ပမှ အမှုန်အမွှားတစ်ခုခု မျက်စိထဲဝင်နေသည်ဟုပင် ထင်ရတတ်သည်။ ရောဂါပြင်းထန်ပါက မျက်စိက နာကျင်လာတတ်သည်။ virus ကြောင့် ဖြစ်သော ရောဂါကဲ့သို့ပင် မျက်လုံးတစ်ဖက်တွင် အရင်ဖြစ်ပြီး အခြားတစ်ဖက်သို့ ကူးသွားတတ်သည်။
အားပြင်းသည့် ဓာတုဗေဒပစ္စည်းများ မျက်လုံးအတွင်းသို့ ဝင်သွားပါက မျက်စိအပေါ်ယံလွှာကို အရင်ဆုံးရောင်ရမ်းစေမည်ဖြစ်သည်။ မည်သည့် ဓာတုဗေဒပစ္စည်းမဆို ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံတွင် အက်ဆစ်ကြောင့် ရောင်ရမ်းခြင်းနှင့် အယ်ကာလီ တို့ကြောင့်ရောင်ရမ်းခြင်းတို့က အဖြစ်များသည်။ ထိုအခါမျက်စိသည် အလွန်အမင်းနာကျင်တတ်ပြီး မျက်ရည်ကျခြင်းနှင့် ယားယံခြင်းများ မရှိတတ်ပေ။ မျက်စိသည် အရမ်းနီနေတတ်သည်။ အရောင်ချွတ်ဆေးများတွင် ပါဝင်သော အယ်ကာလီတစ်မျိုးဖြစ်သည့် sodium hydroxide ဝင်ပါက မျက်စိ အပေါ်ယံလွှာတစ်ခုလုံး ပျက်စီးသွားတတ်ပြီး မျက်စိအပေါ်ယံလွှာသည် ကြည်မနေတော့ဘဲ ဖြူသွားတတ်သည်။ ဖြူသွားပြီးနောက်တွင် အရေပြားလန်လာတတ်သည်။
ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော မျက်စိအပေါ်ယံလွှာရောင်ရမ်းခြင်းသည် လေထုထဲမှတဆင့် မျက်စိထဲဝင်ကာ ကူးစက်နိုင်သည်။ မြန်မာနို်င်ငံတွင် ရေရှားပါးပြီး ဖုန်ထူသော အရပ်များ၌ နွေအခါနှင့် ဆောင်းအခါတို့တွင် အဖြစ်များသည်။ ပူအိုက်ခြောက်သွေ့သော ရာသီဥတုတွင် ဗိုင်းရပ်စ်ပိုးများ အပွားလွယ်သောကြောင့်ဖြစ်သည်။ အတူနေ လူပုဂ္ဂိုလ်တစ်ယောက်မှ တဆင့် အခြားတစ်ယောက်ဆီသို့ လျင်မြန်စွာ ကူးစက်နိုင်သည်။ ရောဂါရှင်၏ အသုံးအဆောင်များကို ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ခြင်းဖြင့်လည်း ကူးစက်နိုင်သည်။
များသောအားဖြင့် မလိုတတ်ပါ။ နေရာဒေသအပေါ်မူတည်၍ ရာသီအလိုက် အဖြစ်များသောကြောင့် မျက်စဉ်းခပ်ဆေးများနှင့် သောက်ဆေးများပေးလိုက်ပါက သက်သာပျေက်ကင်းသွားတတ်ကြသည်။ သို့သော် ဆေးပေးသော်လည်း မသက်သာပါက အချိန်မနှောင်းမီ ကုသရန်အတွက် ပိုးနမူနာ ရယူရန်လိုအပ်သည်။ မျက်စိအပေါ်ယံလွှာမှ ထွက်သော အရည်ကို sample ရယူပြီး ဓာတ်ခွဲခန်းတွင် ရောဂါပိုးရှာဖွေရမည်ဖြစ်သည်။
မျက်စိနာခြင်း၏ ၆၅ % သည် ကုသမှုမခံယူဘဲ ၂-၅ ရက်အတွင်း သက်သာသွားတတ်သည်။ ထို့ကြောင့် ပဋိဇီဝဆေးများ (Antibiotics) သည် အမြဲတမ်း မလိုအပ်ပေ။
ရောင်ရမ်းမှုကို လျော့ချရန်အတွက် အေးသောရေဖြင့် ရောင်တဲ့အခြမ်းကို ဆေးပေးရမည်။ ပဋိဇီဝဆေးများ မပါဝင်သည့် မျက်စဉ်းဆေးများကို အသုံးပြုနိုင်သည်။ နာကျင်ပါက အကိုက်အခဲပျောက်ဆေးနှင့် allergy သက်သာစေရန် burmeton သို့မဟုတ် cetrizine အစရှိသော anti-histimine ဆေးများ သောက်သုံးနိုင်သည်။ ထိုသို့ပြုလုပ်၍ မသက်သာမှသာ steroid ပါဝင်သော မျက်စဉ်းဆေးများကို သုံးရမည်ဖြစ်သည်။
ဘက်တီးရီးယားကြောင့် ဖြစ်သော်လည်း ပဋိဇီဝ ဆေးများ ချက်ချင်းမလိုအပ်ပါ။ အလိုလိုပျောက်ကင်းသွားတတ်သည်။ ၃ရက်ခန့်စောင့်ကြည့်ပြီး မသက်သာမှသာ အဆိုပါဆေးများပေးသင့်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ လူနာများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမှုကြောင့် ဆရာဝန်များက မျက်စိနာတယ် ဆိုသည်နှင့် ပဋိဇီဝ ဆေးများပေးတတ်သည်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်လျှင်လည်း ပဋိဇီဝ ဆေးများမလိုအပ်ပါ။ မျက်စဉ်းဆေးဖြင့်ပင် ပျောက်ပါသည်။ သို့သော် သန့်ရှင်းရေးအားနည်းမှုကြောင့် ဗိုင်းရပ်စ်ပိုးဝင်ပြီး ဘက်တီးရီးယားပိုးလည်း ထပ်ဝင်နေတတ်သည်။ ထို့ကြောင့် ဆရာဝန်များသည် ပဋိဇီဝ ဆေးများ ပေးတတ်ကြသည်။ ဗိုင်းရပ်စ်ကို ပဋိဇီဝ ဆေးများက နိုင်သောကြောင့် မဟုတ်ပါ။ ၎င်းနောက်မှ လိုက်ဝင်လာသော ဘက်တီးရီးယားပိုးများ (secondary bacterial infection) ကို သတ်ဖို့သာ ဖြစ်သည်။
ထိခိုက်သွားသော မျက်လုံးကို သန့်ရှင်းသောရေဖြင့် နိုင်နိုင်ဆေးရမည်။ အတတ်နိုင်ဆုံး သိလျှင် သိချင်းဆေးရမည်။ ဓာတုဗေဒ ဆေးရည်များဝင်ခြင်းသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်သည်။ အခန့်မသင့်ပါက မျက်စိကန်းတတ်သည်။ ထို့ကြောင့် ရေဆေးပြီးနောက် ဆေးရုံသို့ ချက်ချင်းသွားကာ ကုသမှုခံယူရမည်။
This article uses material from the Wikipedia မြန်မာဘာသာ article မျက်စိနာခြင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.