နေ

နေ (အင်္ဂလိပ်: Sun) သည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်းအတွင်းတွင် ရှိသော ကြယ် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် နေကို ဂြိုဟ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။

​နေ ☉
နေ
နေအား အဝေးကြည့်မှန်ပြောင်းမှ မြင်ရပုံ
လေ့လာရေး အချက်အလက်
ကမ္ဘာမြေမှ အကွာအဝေး1 au1.496×108 km
8 min 19 s at light speed
အမြင်တောက်ပမှု (V)−26.74
ပကတိ အရွယ်အစား4.83
ရောင်စဉ် ခွဲခြားမှုG2V
သတ္တုကြွယ်ဝမှုZ = 0.0122
ထောင့်ဖြတ်အရွယ်အစား31.6–32.7 minutes of arc
နာမဝိ​သေသနSolar
ပတ်လမ်း ဂုဏ်သတ္တိ
နဂါးငွေ့တန်းဗဟိုမှ အကွာအဝေး≈ 2.7×1017 km
27,200 အလင်းနှစ်
ဂယ်လက်တစ် ကာလ(2.25–2.50)×10 yr
အလျင်≈ 220 km/s (orbit around the center of the Milky Way)
≈ 20 km/s (relative to average velocity of other stars in stellar neighborhood)
≈ 370 km/s (relative to the cosmic microwave background)
ရုပ်ပိုင်း ဂုဏ်သတ္တိများ
အီကွေတာ အချင်းဝက်695,700 km
109 × Earth
အီကွေတာ လုံးဝန်းမှု4.379×106 km
109 × Earth
ပြားချပ်မှု9×10−6
မျက်နှာပြင် ဧရိယာ6.09×1012 km2
12,000 × Earth
ထုထည်1.41×1018 km3
1,300,000 × Earth
ပမာဏ(1.98855±0.00025)×1030 kg
333,000 × Earth
ပျမ်းမျှ သိပ်သည်းမှု1.408 g/cm3
0.255 × Earth
ဗဟို သိပ်သည်းမှု162.2 g/cm3
12.4 × Earth
အီကွေတာ မျက်နှာပြင်ဆွဲအား274.0 m/s2
27.94 g
27,542.29 cgs
၂၈ × ကမ္ဘာ
အင်နားရှား ဖက်တာ0.070 (ခန့်မှန်း)
မျက်နှာပြင်မှ
လွတ်မြောက်အလျင်
617.7 km/s
55 × Earth
အပူချိန်Center (modeled): 1.57×107 K
ဖိုတိုစဖီးယား (effective): 5,772 K
Corona: ≈ 5×106 K
တောက်ပမှု (Lsol)3.828×1026 W
≈ 3.75×1028 lm
≈ 98 lm/W efficacy
ပျမ်းမျှ စူးတောက်မှု (Isol)2.009×107 W·m−2·sr−1
သက်တမ်း≈ ၄.၆ ဘီလီယံနှစ်
လှည့်ပတ် ဂုဏ်သတ္တိများ
ဝင်ရိုးပေါ်၌ တိမ်းစောင်းမှု7.25°
(ဘဲဥပုံ ပတ်လမ်းသို့)
67.23°
(galactic plane သို့)
မြောက်ဝင်ရိုးစွန်း၏
ညာဘက် တိမ်းစောင်းမှု
286.13°
19 h 4 min 30 s
မြောက်ဝင်ရိုးစွန်း၏
နိမ့်ဆင်းမှု
+63.87°
63° 52' North
အီကွေတာ၌
နေ၏လှည့်ပတ်ကာလ
25.05 d
(at 16° latitude)25.38 d
25 d 9 h 7 min 12 s
(at poles)34.4 d
လှည့်ပတ် အလျင်
(at equator)
7.189×103 km/h
ဖိုတိုစဖီးယား ပါဝင်မှု
ဟိုက်ဒရိုဂျင်73.46%
ဟီလီယမ်24.85%
အောက်ဆီဂျင်0.77%
ကာဗွန်0.29%
သံ0.16%
နီယွန်0.12%
နိုက်ထရိုဂျင်0.09%
ဆီလီကွန်0.07%
မဂ္ဂနီဆီယမ်0.05%
ဆာလဖာ0.04%

အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။ နေမှ အလင်းရောင်အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဘက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။

နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုဟ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုဟ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုဟ်တို့တွင် ပို၍ အေးသည်။

ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုဟ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။

နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယမ်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်မြားလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို nuclear fusion ဟုခေါ်သည်။ နေတွင် အများဆုံးပါဝင်သည့် ဒြပ်ထုမှာ ဟိုက်ဒရိုဂျင်ဖြစ်ကာ ကျန်သည်မှာ ဟီလီယမ်ဖြစ်သည်။ လေးလံသောဒြပ်များဖြစ်ကြသည့် အောက်ဆီဂျင် ကာဗွန် နီယွန်နှင့် အိုင်းယွန်းတို အနည်းငယ် ပါဝင်သည်။ အချင်းသည် ၆၉၅,၀၀၀ ကီလိုမီတာခန့် (၄၃၂,၀၀၀ မိုင်) ရှိ၍ နှိုင်းယှဉ်လျှင် ကမ္ဘာ့အချင်းထက် ၁၀၉ ဆ ရှိသည်။ နေသည် နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိကာ ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ခန့်ထုထည် ကြီးမားသည်။

လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။ ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။

နေဖြစ်ပေါ်လာပုံ

နေသည် လွန်ခဲ့သော နှစ်ပေါင်း ၄.၆ ဘီလီယံလောက်က ကြီးမားသော မော်လီကျူးတိမ်တိုက်အတွင်း အာကာသအရာဝတ္ထုများ၏ ဒြပ်ဆွဲအားဆိုင်ရာပြိုကွဲခြင်း (Gravitational collapse)ကြောင့်ဖြစ်ပေါ်လာခဲ့သည်ဟု ယူဆထားကြသည်။ဒြပ်ဆွဲအားဆိုင်ရာ ပြိုကွဲခြင်း (Gravitational collapse)ကြောင့်အာကာသဝတ္ထုအများစုမှာအလယ်တွင်စုဝေးသွားကြပြီး ကျန်အရာများကို နေအဖွဲ့အစည်းဖြစ်လာမည့် ဝင်ရိုးပတ်လမ်းအချပ်ပြားအဖြစ်သို့ ပြန့်ကျဲသွားစေသည်။ အလယ်ဗဟို၌ရှိသောဒြပ်များသည် အလွန်ပူ၍သိပ်သည်းလာပြီး  နောက်ဆုံးတွင် နယူကလိယပေါင်းစည်းမှု ဖြစ်ပေါ်လာပြီး နေစတင်ဖြစ်ပေါ်လာသည်။

နေ၏ကံကြမ္မာ

အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ကြယ်ပုဝါ (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားသည်ထက်ကြီးမားလာပြီး ဧရာမ ကြယ်နီ (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ AU (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်းကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြဿနာပင်ဖြစ်သည်။ ယခင်တွက်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။

သို့သော် လေ့လာမှုအသစ်များတွင်မူ ဆွဲငင်မှု၏ ဒုတိယအား (tidal forces) များကြောင့် နေ၏ပမာဏ ကြီးထွားမလာခင်အချိန်ကပင် ဒြပ်ထုလျော့ကျသွားသော်လည်း ကမ္ဘာသည် ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နေသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူ ကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် ကြယ်ဖြူပု (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကြယ်ပုနက် (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။ နေနှင့် အနီးဆုံးကြယ်မှာ ပရိုဆီမာ စင်တောရိဖြစ်သည်။

ကျမ်းကိုး

Tags:

ကြယ်ဂြိုဟ်နေအဖွဲ့အစည်းအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ပထမ ကမ္ဘာစစ်သီရိလင်္ကာနိုင်ငံတောင်ကြီးမြို့နယ်ကျိုက်ထီးရိုးဘုရားချေ၊ (ဂျီ)အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်မမကြီး (ဝတ္ထု)ကနေဒါနိုင်ငံမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များတွံတေးသိန်းတန်တေဇ၊ ဦးမိုးဟေကိုမုန့်လက်ဆောင်းကိန်းဂျပန်သမိုင်းပြစ်မှုဆိုင်ရာဥပဒေရခိုင်လူမျိုးရခိုင်ပြည်နယ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအင်္ဂလိပ်-မြန်မာ စစ်ပွဲများရူပဗေဒတိုက်ကြီးမြို့တစ်လင်တစ်မယားစနစ်မုန်းစွဲ (ရုပ်ရှင်)ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကစားခုန်စားခြင်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်အစ္စရေးနိုင်ငံစစ်တက္ကသိုလ် (ပြင်ဦးလွင်)ရွှေနှင့်ယိုးမှားပန်းစကားမြထွန်းဦးဝိနည်းခွေးရူးပြန်ရောဂါအတ္တာဟိ အတ္တနော နာထောဝက်သားတုတ်ထိုးနေပြည်တော်တိုင်းစစ်ဌာနချုပ်အမေရိကန်ပြည်ထောင်စုကမ္ဘာမြေနေ့ဝက်ခြံစောဘဦးကြီးခြင်းလုံးသရဲနိဗ္ဗာန်အညာအရှေ့တောင်အာရှပေါက် (သစ်ပင်)သရက်သီးပညာရေးဝန်ကြီးဌာနသာယာဝတီမင်းနန်းမွေစံသဗ္ဗေ သတ္တာ ကမ္မသကာဂျူး (စာရေးဆရာမ)မုန့်ဟင်းခါးမိုင်တဲလ် မြန်မာအာရက္ခတပ်တော်ရှင်ဥတ္တမကျော်တောလားနန်းဆုရတီစိုးဘိုးမင်းခေါင်လွှမ်းမိုးအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ခန္ဓသုတ်အင်ဒိုနီးရှားနိုင်ငံပုဗ္ဗဏှသုတ်တပ်မတော် (လေ)ရှင်ပြုခြင်းသရေခေတ္တရာသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)အောင်ဆန်းဦးနုစစ်ပွဲဆွစ်ဇာလန်နိုင်ငံအီလွန် မက်စ်ရန်ကုန်မြို့ကရမက်မြန်မာနိုင်ငံ၏ အလံများ စာရင်း🡆 More