နယ်စည်းမထားဆရာဝန်များအဖွဲ့

နယ်စည်းမထားဆရာဝန်များအဖွဲ့ (ပြင်သစ်: Médecins sans frontières; MSF) သည် နိုင်ငံတကာ လွတ်လပ်သော လူသားချင်း နားလည် စာနာ ထောက်ထားခြင်းကို အခြေခံသော ကျန်းမာရေးဆိုင်ရာ အကူအညီပေးသော အဖွဲ့ဖြစ်ပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝကပ်ဘေးဒဏ်၊ လူသားတို့ကြောင့် ဖြစ်သော ဘေးအန္တရာယ်နှင့် စစ်ဘေးဒဏ်တို့ကြောင့် အတိဒုက္ခ ရောက်နေသည့်သူများထံ ကူညီပေးသည်။ ၎င်းသည် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။

Médecins sans frontières
ဖွဲ့တည်ချိန်၂၀ ဒီဇင်ဘာ ၁၉၇၁; ၅၂ နှစ် အကြာက (၁၉၇၁-၁၂-20)
တည်ထောင်သူများJacques Bérès
Philippe Bernier
Raymond Borel
Jean Cabrol
Marcel Delcourt
Xavier Emmanuelli
Pascal Grellety Bosviel
Gérard Illiouz
Bernard Kouchner
Gérard Pigeon
Vladan Radoman
Max Récamier
Jean-Michel Wild
အမျိုးအစားဆေးဖက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့
တည်နေရာ
ဝန်ဆောင်မှုဒေသ
ကမ္ဘာတစ်ဝန်း
အရေးကြီးပုဂ္ဂိုလ်များ
Joanne Liu (president)
အလုပ်သမား
၃၆,၄၈၂
ဝက်ဘ်ဆိုဒ်msf.org

သမိုင်းကြောင်း

ပြင်သစ်နိုင်ငံမှ ဆရာဝန်များနှင့် သတင်းထောက်များ ပူးပေါင်းပြီး ၁၉၇၁ ခုနှစ်တွင် MSF အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။ ယခုအခါ ကမ္ဘာအနှံ့ MSF ဝန်ထမ်းပေါင်း ၃၀,ဝ၀ဝ ကျော်မှ

  • ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ လျစ်လျူရှူခံထားရသူများ၊
  • သဘာဝဘေးအန္တရာယ်များမှ ကျရောက်သည့် ကပ်ရောဂါဆိုးများ၏ဒဏ်မှ လွတ်မြောက်လာသည့်သူများ၊
  • အာဟာရ ချို့တဲ့နေသူများနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများထံ ကူညီထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ပေးနေပါသည်။ အရေးပေါ်အခြေအနေများ ဖြစ်ပွားပြီးနောက် MSF အနေဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ ဆေးခန်းများ ပြန်လည်ထူထောင်ကာ လည်ပတ်စေပြီး
  • ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခြင်း၊
  • ကူးစက်ရောဂါများကို တိုက်ဖျက်ခြင်း၊
  • ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်း လှုံ့ဆော်မှုများနှင့်
  • အာဟာရချို့တဲ့သော ကလေးငယ်များအတွက် အာဟာရထောက်ပံ့ရေးဌာနများ ဖွင့်လှစ်ပေးခြင်းတို့အပြင် စိတ်ကျန်းမာရေး ထောက်ပံ့ပေးမှုများလည်း ပြုလုပ်ခဲ့သည်။

MSF မှ ရေတွင်းများတူးဖော်ပေးပြီး သောက်သုံးရေသန့်ရရှိရေး ဆောင်ရွက်ပေးခဲ့သလို အသုံးအဆောင်ပစ္စည်းများအနေဖြင့် ခြုံစောင်များ၊ ပလတ်စတစ်အစများနှင့် အခြား အခြေခံ မရှိမဖြစ် လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

ကာလရှည် စီမံကိန်းအဖြစ် MSF မှ ကူးစက်လွယ်သည့် ရောဂါများဖြစ်သော တီဘီရောဂါ၊ Kala Azar နှင့် Sleeping Sickness ကဲ့သို့သော အာဖရိကတွင်ဖြစ်ပွားလေ့ရှိပြီး ပိုးမွှားများ ကိုက်ခဲခံရပြီးနောက် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သော အဖျားရောဂါတစ်မျိုး၊ အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကဲ့သို့သော လူနာများကို ပြုစုကုသပေးခဲ့သလို လမ်းပေါ်ရှိ လေလွင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။

MSF မှ လွတ်လပ်သော ဘက်လိုက်ခြင်း မရှိသည့် အကူအညီများကို အမှန်တကယ် လိုအပ်နေသူများထံ ပို့ဆောင်ပေးနေပါသည်။ MSF အဖွဲ့၏ ရည်မှန်းချက်မှာ အသက်ကယ်စောင့်ရှောက်ရန်၊ ဆိုးဆိုးဝါးဝါး ဒုက္ခခံစားရခြင်းနှင့် ရောဂါဝေဒနာ ကျရောက်ခြင်းတို့မှ သက်သာစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သော ပြည်သူများထံ အကူအညီများကို တိုက်ရိုက်ပေးပါသည်။

လျစ်လျူရှူခံထားရသည့် အကျပ်အတည်းများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ အလွန်အမင်း လိုအပ်နေမှုများနှင့် ဆေးဝါးကုသရေးဆိုင်ရာ မူကြမ်းများနှင့် ဆေးကုသမှုများ တိုးတက်မှုရှိရန် MSF မှ အထက်ပါ ကိစ္စရပ်များအား ထုတ်ဖော်ပြောကြားရန်အတွက် ကြိုတင်ပြင်ဆင်ထားသည်။

MSF အဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

MSF မှ ၁၉၉၉ ခုနှစ်တွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိခဲ့ပြီးနောက် လျစ်လျူရှူထားခြင်းခံနေရသည့် ရောဂါဆိုးများကို တိုက်ဖျက်နိုင်ရန် အတွက် ငွေကြေးအားလုံးကို အဆိုပါ ရောဂါကုသခြင်းများဆီသို့ ရှေးရှူကာ မြှင့်တင် လုပ်ဆောင်မှာဖြစ်ကြောင်း တစ်ကမ္ဘာလုံးသို့ ထုတ်ဖော် ပြောကြားခဲ့သည်။

ကိုးကား

Tags:

ကျန်းမာရေးပြင်သစ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ကချင်လူမျိုးဘရူနိုင်းနိုင်ငံရှေးဟောင်းအီဂျစ်ရာသီခွင်သီပေါမင်းတောင်သူလယ်သမားနေ့နတ်ပြည် ၆ ထပ်ဂျာနယ်ကျော် မမလေးဓမ္မစကြာသုတ္တန်ဦးပုညဓမ္မရံကြီးဘုရားမြန်မာနိုင်ငံ၏ အမည်များပိတောက်ပန်း (ကဗျာ)ချောက်ခန်ဒီစေတီတော်ပဲခူးတိုင်းဒေသကြီးဗဒုံမင်းနှစ်ကျိပ်ရှစ်ဆူအဖြူဆင်းခြင်းပညာရေးအလောင်းမင်းတရားပါဠိရန်သူမျိုးငါးပါးမြန်မာနိုင်ငံရှိ မြို့နယ်များအောင်ဆန်းဂေါတမဗုဒ္ဓလောင်းကစားခြင်းတောင်ငူခေတ်ကရင်လူမျိုးဆေးခြောက်ကုန်းဘောင်ခေတ်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကြို့ပင်ကောက်မြို့နပိုလီယန်ကချင်လွတ်မြောက်ရေးတပ်မတော်ပင်းယခေတ်မြဘုရားထိုင်းလူမျိုးကောလင်းမြို့နယ်ဩစတြေးလျတိုက်စွယ်စုံကျမ်းမြေပုံဗိုလ်ချုပ်မှူးကြီးကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ကသွေးအုပ်စုသောမတ် အက်ဒီဆင်ပြဇာတ်ဂေဟစနစ်သဘာဝပတ်ဝန်းကျင်ဘီးလင်းမြို့မြသိန်းတန်စေတီ(မင်းကွန်း)အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မေတ္တေယျဘုရားနေတတိယ အင်္ဂလိပ် - မြန်မာစစ်ရသမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အီတလီနိုင်ငံပြေတီဦးရန်ကုန်တိုင်းစစ်ဌာနချုပ်အင်းလေးကန်တီဘီရောဂါရှမ်းပြည်နယ်တယ်လီဖုန်း ကုတ်နံပါတ်နို့ကယန်းလူမျိုးတြိဂံဒေသတိုင်းစစ်ဌာနချုပ်ချင်းပြည်နယ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝ လူမျိုးမောရသုတ်သိင်္ဃသူ့သမီးကာလသားရောဂါစမ🡆 More