ခို၊ ချိုးနှင့် အလားတူငှက်များ

See text

ခို၊ ချိုးနှင့် အလားတူငှက်များ
Temporal range: Early Miocene–recent
PreЄ
Є
O
S
D
C
P
T
K
Pg
N
ခို၊ ချိုးနှင့် အလားတူငှက်များ
Pink-necked green pigeon
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Columbimorphae
မျိုးစဉ်: Columbiformes
Latham, 1790
မျိုးရင်း: Columbidae
Leach, 1820
မျိုးရင်းခွဲများ

ခို၊ ချိုးနှင့် အလားတူငှက်များ
Geographic range of the family Columbidae

ခို၊ ချိုးနှင့် အလားတူငှက်များသည် မျိုးစဉ် Columbidae (/kəˈlʌmbɪd/) တွင်ရှိသော ငှက်မျိုးရင်းဖြစ်သည်။ မျိုးရင်းတစ်ခုတည်းတွင် ပါဝင်သည့်အတိုင်း ချိုးနှင့် ခို သည် အလေ့အကျင့်နှင့် ပုံပန်းသဏ္ဌာန်တွင် ဆင်တူကြသည်။ သို့သော် ချိုးတွင် အမျိုးပေါင်းများစွာ ရှိသည့် အတွက် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြားသိရန်မှာ များစွာ မလွယ်ကူလှချေ။ ရှေးခေတ် ဟီဗြူလူမျိုးတို့သည် သိုးငယ်များကို ယဇ်ပူဇော်လေ့ရှိကြရာ၊ မတတ်နိုင်သော ဆင်းရဲသားဖြစ်က သိုးအစား ချိုးကို အစားထိုး၍ ပူဇော်ပသနိုင်ခွင့် ရှိလေသည်။ သမ္မာကျမ်းစာတွင် ချိုးကို အပြစ်ကင်းသောငှက်ဟု ဖော်ပြထားသည့် အတိုင်း၊ ထိုစဉ်က ဟီဗြူလူမျိုးတို့သည် ချိုးကို အမြတ်တနိုးထားခဲ့ကြောင်း သိသာနိုင်သည်။ ယခုခေတ်တွင်လည်း ကမ္ဘာ အရပ်ရပ်၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ်ဖြင့် ချိုးငှက်ကိုပင် ပုံဆောင်ပြကြလေသည်။ မြန်မာနိုင်ငံတွင် ကျက်စားသော ချိုးအမျိုးမျိုးအနက် ထင်ရှားသောချိုးမျိုးများမှာ ချိုးစိမ်းချိုးပိန်တူးချိုးလင်းပြာချိုးလည်ပြောက်နှင့် ချိုးနီပု သို့မဟုတ် ချိုးနီတိုများ ဖြစ်ကြသည်။

ခိုသည် မြန်မာနိုင်ငံတွင် လူသိများသော ငှက်တစ်မျိုးဖြစ်သည်။ ခိုသည် ချိုးနှင့်အတူ ကိုလမ်ဗီဒီ မျိုးရင်းတွင်ပါဝင်၍ တစ်ကမ္ဘာလုံး၌ ယခုအခါ ခိုနှင့် ချိုးမျိုးစိတ်ပေါင်း ၃၄၄ ခုရှိပြီး မျိုးစု ၅၀ အဖြစ် ပိုင်းခြားထားသည်။ မျိုးစိတ်ပေါင်း ၁၃ ခုမှာ မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ အရွယ်အားဖြင့်ကား၊ ခိုက ချိုးထက်ကြီးလေသည်။ အင်္ဂလိပ်ဘာသာစကားတွင်လည်း သေးငယ်သောမျိုးစိတ်ကို ချိုးဟုခေါ်ပြီး ပိုကြီးသောမျိုးစိတ်ကို ခိုဟုခေါ်ဆိုသည်။ ဝင်ရိုးစွန်းဒေသများမှလွဲလျှင် ကမ္ဘာအရပ်ရပ်၌ ခိုကို တွေ့နိုင်၍ အထူးသဖြင့် အပူပိုင်းဒေသများတွင် ပေါများသည်။ မြန်မာနိုင်ငံတွင်မူ အမြို့မြို့ အရွာရွာမှာပင် ခိုကို တွေ့ရသည်။ ခိုတွင် အမျိုးများသလောက် အဆင်းသဏ္ဌာန်တွင်လည်း အနည်းနှင့်အများ ကွဲပြားကြသည်။ သို့သော် အပြာရောင်ကို အများဆုံးတွေ့ရ၏။ ယေဘူယျအားဖြင့် ခိုအားလုံးသည် အမြီးကော့၍၊ ခြေထောက်နီသည်။ အလျား ၁၃ လက်မခန့် ရှိ၍ ကိုယ်ကာယ တုတ်ခိုင်သည်။ ထူးခြားချက်ကား ခိုနှင့် ချိုးတို့သည် ရေသောက်ရာတွင် အခြားငှက်များကဲ့သို့ ခေါင်းမမော့ဘဲ တစ်ဆက်တည်း သောက်လေ့ရှိကြသည်။

ခိုသည် သဘာဝအားဖြင့် တောတွင်းကျက်စားသော ငှက်ဖြစ်သော်လည်း အလွန်ယဉ်ပါးလွယ်သည်။ ခိုရိုင်းများကို ရှေးနှစ်ပေါင်း ၅ဝဝဝ လောက်ကစ၍ မွေးမြူခဲ့ကြောင်း အမှတ်အသားများ တွေ့ရသည်။ ခိုသည် သစ်သီးနှင့် သစ်စေ့များကို စားတတ်သည်။ အဖိုနှင့်အမ တစ်စုသည် ရာသက်ပန် ပေါင်းသင်း၍ စုံတွဲသော်လည်းကောင်း၊ သင်းဖွဲ့၍သော်လည်းကောင်း နေတတ်သည်။ ခိုသည် နေရာမြဲ၍ ကျက်စားရာ ဒေသကို များစွာခင်တွယ်သည့်အတိုင်း မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ နေရင်းဌာနသို့ ရောက်အောင် ပြန်လာတတ်သည်။ ထို့ကြောင့် ရှေးဂရိနှင့် ရောမလူမျိုးတို့ လက်ထက်မှစ၍ ပြီးခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအထိ ခိုမျိုး အချို့ကို သတင်းပို့ ခိုများအဖြစ်နှင့် မွေးမြူအသုံးပြုခဲ့ကြရာ၊ ယင်းတို့၏ စွမ်းဆောင် စွန့်စားမှုကို တစ်ကမ္ဘာလုံးကပင် အံ့ဩချီးကျူးခဲ့ကြရပေသည်။ သတင်းပို့ခိုတို့သည် တစ်နာရီ လျှင် ပျှမ်းမျှမိုင် ၄ဝ နှုန်း ပျံသန်းနိုင် ခဲ့ကြသည်ဟု အဆိုရှိလေသည်။

ခိုသည် တစ်နှစ်ပတ်လုံး သားပေါက်တတ်၍၊ အသိုက်များကို သစ်ပင်သစ်ကိုင်းထက်နှင့်တကွ အိမ်၊ တန်ဆောင်း၊ကျောင်းစသည့် ခေါင်မိုးများပေါ်တွင် သစ်ခက်၊ အမွှေးအတောင်တို့ဖြင့် ဆောက်လုပ်ကြသည်။ တစ်မြုံလျှင် ၂ ဥ ရှိတတ်၍ အသိုက်လုပ်ရာ၌လည်းကောင်း၊ သားငယ်သမီးငယ်များကို စောင့်ရှောက်ရာ၌ လည်းကောင်း၊ အဖိုနှင့် အမ ၂ ကောင်စလုံးပင် တာဝန်ယူလေ့ရှိသည်ကို တွေ့ရသည်။

မှတ်စု

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

လများ (အချိန်အတိုင်းအတာ)စမူဆာသင်္ဂါယနာဆင်တုံးမနွယ်ပင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများဂျာနယ်ကျော် မမလေးကျားတြိဂံဒေသတိုင်းစစ်ဌာနချုပ်ပိန္နဲပင်သင်္ကြန်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များအာရှမိမိကိုယ်ကို သတ်သေခြင်းမြဝတီမြို့နယ်ပဲခူးမြလွတ်လပ်ရေးကျောက်တိုင်မြင်းခြံမြို့စုဖုရားလတ်ဆင်ဖြူတော်မန္တလေးမြို့မာလာရှမ်းကောရတနသုတ်မင်းတုန်းမင်းရှမ်းလူမျိုးကုလသမဂ္ဂဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းဂျူး (စာရေးဆရာမ)အမျိုးသားစာပေဆုရစာအုပ်စာရင်းရန်ကုန်တိုင်းစစ်ဌာနချုပ်ဘာသာတရားစကားထာတနင်္သာရီတိုင်းဒေသကြီးအင်းဝမြို့ကျွန်းနက်ဝါနှင့်ဂွမ်းဒိုးလုံးမြန်မာအက္ခရာသမိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်ခွေးရူးပြန်ရောဂါကမ္ဘောဇသာဒီရွှေနန်းတော်မိုးညိုမြို့မြန်မာ့ ပထမဆုံးများသောတာပန်ကော့သောင်းမြို့ဝပြည်နယ်မိုးကုတ်မြို့နယ်မော်လမြိုင်မြို့ဝိပဿနာနယ်သာလန်နိုင်ငံမြန်မာနိုင်ငံ၏ ပညာရေးပဲခူးရိုးမတောင်ရှမ်းဘာသာစကားအသည်းရောင် အသားဝါ ရောဂါ ဘီပိုးအာဇာနည်နေ့အင်္ဂုတ္တရနိကာယ်ကိုယ်ဝန်ဆောင်ခြင်းကမ္ဘာမကျေကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ကိုလိုနီခေတ်ဆေးခြောက်ကရင်လူမျိုးမဟာဘုတ်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဂဠုန်အဆိပ်မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များငွေကိုင် (ပန်းချီဆရာ)မိုးညှင်းမြို့နယ်စစ်ကိုင်းမင်းဆက်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကျောက်ကပ်ရောင်ရောဂါကြေးမုံ သတင်းစာဒွေးစစ်ဦးစီးတက္ကသိုလ်ကုသိုလ်ကမ္မပထ တရား ဆယ်ပါးဖိလစ်ပိုင်နိုင်ငံသထုံမြို့သနပ်ခါး🡆 More