ခရစ္စမတ်

ခရစ္စမတ် သို့မဟုတ် ခရစ္စမတ် ပွဲတော်နေ့ သည် ခရစ်ယာန်ဘာသာဝင်များ ယေရှုခရစ်တော် ဖွားမြင်သည့် နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ ယခုခေတ်တွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ ခရစ်တော် မပေါ်မီကလည်း ထိုနေ့ကို ဆောင်းရာသီ၏ နေနှင့် အဝေးဆုံးအချိန်ဖြစ်၍ အဒိုနစ်၊ ဒီယွန်နီဆပ် စသော နတ်ဘုရားများ၏ မွေးနေ့များ ကျင်းပခဲ့ကြသည်။ ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန်နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည်။

ခရစ္စမတ်
ခရစ္စမတ်
Nativity scene depicted using Christmas lights
အခြားနာမည်Noël, Nativity, Xmas
ကျင်းပသည့်နိုင်ငံChristians, many non-Christians
အမျိုးအစားChristian, cultural
သိသာထင်ရှားမှုCommemoration of the nativity of Jesus
ပွဲတော်များGift-giving, family and other social gatherings, symbolic decoration, feasting etc.
ObservancesChurch services
နေ့ရက်
  • December 25
    (Western Christianity and part of the Eastern churches)
  • January 7 (O.S. Dec. 25)
    (Most Oriental Orthodox and part of the Eastern Orthodox churches)
  • January 6
    (Armenian Apostolic Church and the Armenian Evangelical Church)
  • January 19 (O.S. Jan. 6)
    (Armenian Patriarchate of Jerusalem)
အကြိမ်Annual
ဆက်နွယ်မှုChristmastide, Christmas Eve, Advent, Annunciation, Epiphany, Baptism of the Lord, Nativity Fast, Nativity of Christ, Old Christmas, Yule, St. Stephen's Day, Boxing Day
ခရစ္စမတ်
အရုပ်ကလေးများဖြင့် သရုပ်ဖော်ထားသည့် ယေရှုခရစ်တော် ‌ဖွားတော်မူခန်း

ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။

ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။ ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ ကက်သလစ် ခရစ်ယာန် ဘုန်းကြီးတစ်ဦးဖြစ်သူ စိန့်နီကိုးလပ်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ခရစ်ယာန်ဘာသာယေရှုခရစ်တော်

🔥 Trending searches on Wiki မြန်မာဘာသာ:

မေသန်းနုရေဝတီမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ဂေါတမဗုဒ္ဓကျောက်ပန်းတောင်းမြို့ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တောင်တွင်းကြီးမြို့နယ်ပြေတီဦးတောင်ငူခေတ်ဗိုလ်ချုပ်မှူးကြီးလူ့အခွင့်အရေးအီပိုးမြို့မိုးလေဝသကရင်လူမျိုးရာပြည့်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ပုဂံခေတ်ဒီမိုကရက်တစ် မြန်မာ့အသံငပလီကမ်းခြေသန်လျင် မင်းကျောင်းဆရာတော်အရေးကြီးပြီအငဲအိတ်ချ်အိုင်ဗွီ ရောဂါပိုးမယ်လိုဒီသစ္စာနာဇီဂျာမနီကြောင် (တိရစ္ဆာန်)တိရစ္ဆာန်ကျန်းမာရေးအောင်ဆန်းစုကြည်ကျောက်မျက် ရတနာနီနီခင်ဇော်နယူးဇီလန်နိုင်ငံကမ္ဘောဒီးယားနိုင်ငံအချစ်မဟာယာနတေလာ ဆွစ်ဖ်လများ (အချိန်အတိုင်းအတာ)မြန်မာနိုင်ငံ၏ ရွာများငွေကိုင် (ပန်းချီဆရာ)အသည်းရောင် အသားဝါ ရောဂါ အေပိုးနိဗ္ဗာန်ရဲမာလာရှမ်းကောဘုရင့်နောင်ကချင်လွတ်မြောက်ရေးတပ်မတော်သမ္ဗုဒ္ဓေဇော်ဂျီ (စာရေးဆရာ)ဘာသာစကားမွန်ပြည်နယ်မေတ္တေယျဘုရားရောမအင်ပါယာငှက်ဖျားရောဂါမြန်မာနိုင်ငံ၏ စီးပွားရေးကောသလမင်း အိပ်မက် (၁၆)ချက်နည်းပညာအပူချိန်တက္ကသိုလ်ဘုန်းနိုင်သမထတိုက်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသီတင်းကျွတ်လပြည့်နေ့ဝဇီရ၊ ဘိုးသိမ်းငှက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကြွက်တက်ခြင်းဧရာဝတီမြစ်ရှင်သီဝလိဂါထာရခိုင်ပြည်နယ်ဒိုးလုံးအနောက်တောင်တိုင်းစစ်ဌာနချုပ်ထူးအိမ်သင်တဏှာကြွက်နို့ရောဂါအနေကဇာတင်ခြင်း🡆 More