ကျွန်စနစ်

ကျွန်စနစ် (အင်္ဂလိပ်: slavery) ဆိုသည်မှာ လူအချင်းချင်း ပိုင်ဆိုင်၊ ဝယ်ယူ၊ ရောင်းချခွင့်ပြုသော ပိုင်ဆိုင်မှုဥပဒေ ပြဋ္ဌာန်းထားသည့် စနစ်တစ်ရပ် ဖြစ်သည်။

ကျွန်တစ်ဦးအနေဖြင့် ယင်းသဘောတူညီမှုမှ တဖက်သက် နုတ်ထွက်၍မရသည့်အပြင် တန်ကြေးမရဘဲ အလုပ်လုပ်ကိုင်ရသည်။ ဤသို့ တရားဝင်ခွင့်ပြုထားသောစနစ်ကို ပညာရှင်များစွာက ရှက်တဲလ်ကျွန်စနစ်ဟု သုံးနှုန်းသည်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါက လူတစ်ဦးအနေဖြင့် ကိုယ်ပိုင်ဆန္ဒမပါဘဲ အတင်းအကျပ် အလုပ်စေခိုင်းခံရသည့် အခြေအနေတိုင်းကို ကျွန်ပြုခြင်းဟု ညွှန်းနိုင်သည်။ နှောင်ဖွဲ့ခံလုပ်သား သို့မဟုတ် အတင်းအကျပ်ပြုခံ လုပ်သားဟူသော ယေဘုယျအသုံးအနှုန်းများကို ပညာရှင်များက သုံးစွဲလေ့ရှိသည်။ သို့သော် ကျယ်ပြန့်သောအဓိပ္ပာယ်ရှိသည့် ကျွန်ပြုခြင်းသဘော၌ ကျွန်များတွင် ဥပဒေ သို့မဟုတ် ထုံးတမ်းနှင့်အညီ အချို့အခွင့်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုရနိုင်သည်။

သမိုင်းဦးလူ့ယဉ်ကျေးမှုအစကို နောက်ကြောင်းပြန်ကြည့်ပါက ယဉ်ကျေးမှုပုံစံအမျိုးမျိုး၌ ကျွန်စနစ် တည်ရှိခဲ့သည်။ လူတစ်ဦးအနေဖြင့် မွေးဖွားသည့်အချိန်၊ အဖမ်းခံရသည့် သို့မဟုတ် ရောင်းချခံရသည့် အချိန်မှစ၍ ကျွန်ဇာတ်သွင်း ခံရနိုင်သည်။

အတိတ်ကာလများက လူမှုအသိုင်းအဝိုင်းများစွာတွင် ကျွန်စနစ်သည် တရားဥပဒေနှင့် ညီသော်လည်း ယခုအခါ အသိအမှတ်ပြုနိုင်ငံများ၌ တရားမဝင်သတ်မှတ်ထားသည်။ ကျွန်စနစ်ကို ၂၀၀၇ ခုနှစ်၌ ဖျက်သိမ်းသည့် နောက်ဆုံးနိုင်ငံ မှာ မောရစ်ရှနိုင်ငံဖြစ်သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာတစ်ဝန်း၌ ခေတ်သစ်ကျွန်ပြုခြင်းပုံစံအချို့နှင့် ရင်ဆိုင်နေရသူ လူဦးရေ သန်း ၄၀ ကျော်ရှိသည်။ အတွေ့ရများသော ခေတ်သစ်ကျွန်ပြုသည့် ပုံစံမှာ လူကုန်ကူးခြင်းဖြစ်သည်။ အခြားနယ်မြေများ တွင် ယနေ့ခေတ် အတွေ့ရအများဆုံးပုံစံဖြစ်သည့် ကြွေးဖြင့်တုပ်နှောင်ခြင်း၊ ကံကြွေးချခြင်း၊ အိမ်တွင်းအကျဉ်းကျခံ အစေခံပြုခြင်း စသည်များအပြင် ကလေးသူငယ်များအပေါ်ကျင့်သုံးသည့် အဓမ္မလုပ်အားပေးစေခြင်း၊ ကလေးစစ်သား နှင့် အတင်းအကျပ်အိမ်ထောင်ပြုပေးခြင်း စသကဲ့သို့ ကျင့်သုံးမှုများမှတဆင့် ကျွန်ပြုခြင်း (သို့မဟုတ် နှောင်ဖွဲ့ခံလုပ်သား) ဆက်လက်တည်ရှိနေဆဲဖြစ်သည်။


ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

အောင်လမြန်မာနိုင်ငံ၏ သမ္မတတပ်မတော်အရေးကြီးပြီဒူဘိုင်းမြို့လူ့အခွင့်အရေးမြန်မာသရုပ်ဆောင်များစာရင်းပြဒါးကဗျာလင်္ကာမန္တလေးတိုင်းဒေသကြီးရန်ကုန်ပညာရေးတက္ကသိုလ်ကျောက်မျက် ရတနာမဟာမောဂ္ဂလာန်ထေရ်နောင်ချိုမြို့နယ်ကုန်းဘောင်မင်းဆက်စစ်ကိုင်းတိုင်းဒေသကြီးသက္ကာယဒိဋ္ဌိသင်္ကြန်ဘာသာစကားပရိမိတ္တဇာလသုတ်ပန်းအင်တာနက်သားချော့တေးနယ်သာလန်နိုင်ငံမြန်မာနောင်းကင်ဆာရောဂါပြေတီဦးကာမေသုမိစ္ဆာစာရငပလီကမ်းခြေအာဋာနာဋိယသုတ်အားကိလေသာခွေးရူးပြန်ရောဂါအေ (အက္ခရာ)သဇင်ပန်းဘိုးလှိုင်၊ ဦး(ယောမင်းကြီး)ရာသီခွင်အင်္ဂုတ္တရနိကာယ်မြန်မာပိတောက်အရေပြားလေးဘက်နာရောဂါအင်္ဂလန်နိုင်ငံမြန်မာနိုင်ငံ၏ အလံများ စာရင်းဒါနနှင်းဆီစကားဝဆီရာဝိတ ဆီဝါရီနယူးဇီလန်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့နန်းမွေစံသမ္ဗုဒ္ဓေသွားပိုးစားရောဂါအယုဒ္ဓယလေဖိအားတိုင်း ကိရိယာကျန်စစ်သားသီပေါမင်းညောင်ရွှေမြို့ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းကံ့ကော်ပင်မြန်မာစာစတင်ဖြစ်ပေါ်လာပုံကိုကိုနတ်ပင့်ဂါထာလ (ကမ္ဘာရံဂြိုဟ်)မြန်မာနိုင်ငံရှိ မြို့နယ်များနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသစ္စာငါးမျိုးစိတ်များ စာရင်းနိဝရဏတရားငါးပါးမြင်းခြံမြို့သာမဏေဟန်နီနွေဦးရဲဘော်သုံးကျိပ်ပုဂံခေတ်ဝါနှင့်ဂွမ်းခန္ဓသုတ်🡆 More