မြောက်ဝင်ရိုးစွန်း

မြောက်ဝင်ရိုးစွန်း ။ ။ ကမ္ဘာလုံး မြေပုံတစ်ခုကို ကြည့်လျှင် အထက်ဖက်မှ အောက်သို့ ဆွဲထားသော မျဉ်းကြောင်းများကို မြင်ရပေမည်။ ယင်းမျဉ်းကြောင်းများ အားလုံးဆုံမိသည့် အထက်ပိုင်းနေရာ သည် မြောက်ဝင်ရိုးစွန်းတည်ရှိသည့် နေရာပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် မြောက်ဝင်ရိုးစွန်း ဆိုသည်မှာ ကမ္ဘာမြေကြီး၏ မြောက်ဖက်အကျဆုံးနေရာကို ခေါ်ခြင်းပင် ဖြစ်သည်။ မြောက်ဝင်ရိုးစွန်းကိုကမ္ဘာမြေပုံပေါ်တွင် ထောက်ပြနိုင်သော်လည်း မြေကြီးပေါ်၌ မည်သည့်နေရာ ဖြစ်သည်ဟူ၍ မည်သူမှ အတိအကျ မပြသနိုင်သေးချေ။ မြောက်ဝင်ရိုးစွန်း ဟူရာ၌ ပထဝီ မြောက်ဝင်ရိုးစွန်းနှင့် သံလိုက် မြောက်ဝင်ရိုးစွန်းဟူ၍ နှစ်မျိုးရှိသည်။ အထက်၌ ဖော်ပြခဲ့သော မြောက်ဝင်ရိုးစွန်းမှာ ပထဝီမြောက်ဝင်ရိုးစွန်းဖြစ်သည်။ သံလိုက်မြောက်ဝင်ရိုးစွန်းသည်ကား ပထဝီမြောက်ဝင်ရိုးစွန်းနှင့်တထပ်တည်း မဟုတ်ဘဲ ၁၉၄၇ ခုနှစ်တွင် နောက်ဆုံး ရှာဖွေတွေ့ရှိချက်အရဆိုလျှင် အိမ်မြှောင်ကရိယာက မြောက်ဖက်သို့ ပြသည့်ဖက်တွင် တသီးတခြား တည်ရှိလေသည်။ သံလိုက် မြောက်ဝင်ရိုးစွန်းသည် ပရင့်စအော့ဝေးနှင့် ဆိုမာဆက်ကျွန်းစုများ အနီးအနား တွင် တည်ရှိသည်ဟု ဆိုလေသည်။ မြောက်ဝင်ရိုးစွန်းသည် အလွန် အေးမြသော အာတိတ် သမုဒ္ဒရာ ဒေသတွင် တည်ရှိနေသဖြင့် ဆယ့်နှစ်ရာသီ ကာလပတ်လုံး ရေခဲအတိ ဖုံးလွှမ်းလျက်ရှိလေသည်။ မြေကြီး ဟူ၍ မရှိသော်လည်း မျက်နှာပြင်သည် ထုထည်ကြီးမား လှသော ရေခဲပြင်ဖြစ်ခြင်းကြောင့် အစဉ်သဖြင့် မာကျောနေသည်။ ရောဗတ် အီး၊ ပီယားရီ အမည်ရှိ အမေရိကန် လူမျိုးတစ်ဦးသည် မြောက်ဝင်ရိုးစွန်းသို့ ၁၉ဝ၉ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ရှေးဦးစွာ ရောက်ရှိခဲ့လေသည်။ ( ပီယားရီယ ရောဗတ်အက်ဒွင်။)

မြောက်ဝင်ရိုးစွန်း
မြောက်ဝင်ရိုးစွန်း ရှုခင်းတစ်ခု

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

တို့ဗမာ သီချင်းတပေါင်းလစပိန်နိုင်ငံအာနန္ဒာဘုရားတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များဗိဿနိုးမြို့ဟောင်းကားလိုး ကော်လိုဒီအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နေအကျည်းတန် မှန်ကြိုက်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လာအိုနိုင်ငံရန်ကုန်တက္ကသိုလ်အောင်သင်းဂုဏ်ဆယ်ပါးစစ်မှုထမ်းခြင်းကယားပြည်နယ်ပုလွေမှုတ်ခြင်းနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ကြာချောက်ခန်ဒီစေတီတော်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မွန်လူမျိုးဝဲမင်းဆွေမြန်မာမုန့်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းနန္ဒမာလာဘိဝံသဘဏ်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းကိုလိုနီခေတ်တောင်ငူမြို့မိန်းမ မျိုးပွားအင်္ဂါမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းမင်္ဂလာတရား ၃၈-ပါးအောင်ခြင်း ၈ ပါးမျိုးကြီးနေ့နံမဟာဗန္ဓုလသဘာဝပတ်ဝန်းကျင်နဂါးလွှမ်းပိုင်မိုင်တဲလ် မြန်မာကင်ပွန်းချဉ်ပင်တယ်လီဂရမ် (ဆော့ဖ်ဝဲ)ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဟန်းကရင်ပြည်နယ်ကိုယ်ဝန်ဆောင်ခြင်းလေးဖြူနဝရတ် ကိုးပါးဝါရီရူးမင်းဣန္ဒြေဂေါ်ရင်ဂျီကျွန်းကုလားအုတ်တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဒုံမင်းဝတ်မှုန်ရွှေရည်နေဝင်း (ဗိုလ်ချုပ်ကြီး)ဓမ္မစကြာသုတ္တန်နေပြည်တော်တိုင်းစစ်ဌာနချုပ်မြန်မာစာစတင်ဖြစ်ပေါ်လာပုံမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များကြွက်တက်ခြင်းမြသန်းတင့်ကွန်မြူနစ်ဝါဒမြန်မာနိုင်ငံသမိုင်းငွေဆောင်ကမ်းခြေမြန်မာပြဇာတ်ပါရာဇိကသိင်္ဃသူ့သမီးအေ (အက္ခရာ)အိချောပို🡆 More