အော့စလိုမြို့

အော့စလိုမြို့သည် နော်ဝေနိုင်ငံ၏ မြို့တော်နှင့် လူဦးရေအများဆုံးမြို့ဖြစ်သည်။ ၁၈၃၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြူနီစပယ်မြို့အဖြစ် သတ်မှတ် တည်ထောင်ခဲ့သည်။ ၁၀၄၈ ခုနှစ်တွင် နော်ဝေဘုရင်ဟာရဲက တည်ထောင်ခဲ့ပြီး ၁၆၂၄ ခုနှစ် မီးလောင်ကျွမ်းမှုကြောင့် မြို့အတွင်း အကြီးအကျယ် ပျက်စီးခဲ့ရသည်။

အော့စလိုမြို့
Oslo
မြို့
အော့စလိုမြို့
အော့စလိုမြို့
အော့စလိုမြို့ Oslo၏ အလံတော်
အလံတော်
အော့စလိုမြို့ Oslo၏ တရားဝင်လိုဂို
အော့စလိုမြို့တံဆိပ်
ဆောင်ပုဒ်: Unanimiter et constanter (Latin)
"United and constant"
ကိုဩဒိနိတ်: 59°55′0″N 10°44′0″E / 59.91667°N 10.73333°E / 59.91667; 10.73333 10°44′0″E / 59.91667°N 10.73333°E / 59.91667; 10.73333
နိုင်ငံနော်ဝေနိုင်ငံ
ခရိုင်အရှေ့ပိုင်း
ကောင်တီအော့စလို
Established၁၀၄၈
အစိုးရ
 • မြို့တော်ဝန်ဘော်ဂျန်
ဧရိယာ
 • မြို့၄၈၀.၇၆ စတုရန်းကီလိုမီတာ (၁၈၅.၆၂ စတုရန်းမိုင်)
 • ကုန်းမြေ၄၅၄.၀၈ စတုရန်းကီလိုမီတာ (၁၇၅.၃၂ စတုရန်းမိုင်)
 • ရေထု၂၆.၆၈ စတုရန်းကီလိုမီတာ (၁၀.၃၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်[ကိုးကားချက်လိုသည်]၂၃ မီတာ (၇၅ ပေ)
လူဦးရေ (1 January 2018)
 • မြို့၆၇၃၄၆၉
 • သိပ်သည်းမှု၁၄၀၀/km (၃၆၀၀/sq mi)
 • မြို့ပေါ်၉၇၅၇၄၄
 • မြို့ပြကြီး၁၅၈၈၄၅၇
Largest immigrant groups
အချိန်ဇုန်ဥရောပအလယ်ပိုင်း စံတော်ချိန် (UTC+1)
 • နွေရာသီ (DST)ဥရောပအလယ်ပိုင်း နွေစံတော်ချိန် (UTC+2)
စာပို့ကုဒ်0001 – 1299
ဧရိယာကုဒ်(များ)(+47) 00
ဝက်ဘ်ဆိုဒ်oslo.kommune.no
အော့စလိုမြို့
အော့စလိုမြို့

အော့စလိုမြို့သည် နော်ဝေးနိုင်ငံ၏ မြို့တော်ဖြစ်သည်။ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ နော်ဝေးနိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းရှိ အော့စလို ဖီအော့ထိပ်တွင်တည်ရှိ၍ ယခင်က ခရစ္စတီယန်းနီးယားမြို့ဟု ခေါ်တွင်သည်။ ၁ဝ၄၈ ခုနှစ်တွင် ဟဲရိုးဆစ်ဂတ်ဆန်ဘုရင်သည် ထိုမြို့နေရာ၌ ရှေးအော့စလိုမြို့ဟောင်းကို တည်ခဲ့သည်။ ထို့နောက် နော်ဝေးနိုင်ငံကို ဒိန်းမတ်ဘုရင်များ ကြီးစိုးစဉ်က ယင်းမြို့ဟောင်းသည် မီးလောင်ပျက်စီးခဲ့ရလေသည်။ ဒိန်းမတ် နှင့် နော်ဝေဘုရင် စတုတ္ထခရစ္စတီယန် လက်ထက် ၁၆၂၄ ခုနှစ် တွင် ထိုနေရာ၌ မြို့သစ်တည်၍ ခရစ္စတီယန်းနီးယားဟု အမည်မှည့်ခေါ်သည်။ တစ်ဖန် ၁၉၂၅ ခု ဇန်နဝါရီလ ၁ ရက် နေ့တွင် အော့စလိုဟု ပြောင်းခဲ့ကြသည်။

အော့စလိုမြို့သို့ ပင်လယ်ဘက်မှ ဝင်ရောက်လာသောအခါ လက်ျာဘက်ရှိ ကျောက်တောင်အမြင့်စွန်းပေါ်တွင် ၁၃ဝဝ ပြည့်နှစ်ခန့်လောက်က တည်ဆောက်ခဲ့သော အေကာရှုခံတပ် ဟောင်းကို တွေ့မြင်နိုင်သည်။ မြို့အနောက်မြောက်ဘက် တောင် ကုန်းပေါ်တွင် ဘုရင်၏နန်းတော်တည်ရှိသည်။ မြို့ပတ်ဝန်း ကျင်တွင် တောင်တန်းများဝန်းရံလျက်ရှိရာ မြို့သူမြို့သားတို့ သည် ထိုအရပ်ဒေသသို့ နွေအခါ၌ အပန်းဖြေ ခရီးထွက်ခြင်း၊ ဆောင်းအခါ၌ ရေခဲလျှောစီးခြင်း အစရှိသော ပျော်ရွှင်မှုများကို ပြုလုပ်နိုင်ကြသည်။

မြို့တွင်း၌ စတော်တင် ပါလီမန်အဆောက်အအုံ၊ အမျိုးသားဇာတ်ရုံနှင့် အော့စလိုတက္ကသိုလ်ကျောင်းတို့ တည်ရှိ သည်။ တက္ကသိုလ်ကျောင်းအနီးတွင် အနုပညာပြတိုက်နှင့် သမိုင်းဆိုင်ရာပြတိုက်တို့လည်းရှိသည်။ မြို့၏အနောက်ဘက်တွင် အလွန်ရှေးကျသော ဗိုက်ကင်းသင်္ဘောသုံးစင်း ထားရှိရာပြတိုက် ရှိသည်။

အော့စလိုမြို့သည် ခေတ်မီမြို့ကြီးတစ်မြို့အဖြစ်သို့ တိုး တက်လျက်ရှိသည်။ သင်္ဘောတည်ဆောက်ခြင်းသည် အဓိက စက်မှုလုပ်ငန်းဖြစ်၍ မီးခြစ်စက်၊ သားရေလုပ်စက်၊ စက္ကူစက် တို့သည်လည်း ထင်ရှားသော စက်မှုလုပ်ငန်းများဖြစ်သည်။ သစ်သား၊ ငါး၊ နို့ဆီ၊ ထောပတ်နှင့် သားရေစိမ်းတို့ကို နိုင်ငံခြားသို့ တင်ပို့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဂျာမန်တပ်များသည် အော့စလိုမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ သို့ရာတွင် နော်ဝေးဘုရင်နှင့်တကွ အစိုးရ အဖွဲ့သည် အင်္ဂလန်ပြည်မှနေ၍ ဂျာမန်တို့ကို ဆက်လက်ခုခံ တိုက်ခိုက်ခဲ့ကြရာ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် မြို့တော်၌ ဂျာမန်တို့ လက်နက်ချ အညံ့ခံကြရလေသည်။ အော့စလိုမြို့လူဦးရေမှာ ၁၉၇၃ ခုနှစ် ခန့်မှန်းခြေအရ ၃၉၆ဝ,ဝဝဝ ယောက် ဖြစ်သည်။

ကိုးကား

Tags:

နော်ဝေနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

သာရိပုတ္တရာထေရ်အင်္ဂလန်နိုင်ငံသဇင်ပန်းဆယ်ပါးသီလတရားဂုဏ်တော်ကျိုင်းတုံမြို့ဘာဂျာမှုတ်ခြင်းရှစ်ပါးသီလအရှေ့တောင်အာရှမန္တလေးမြို့ထက်ထက်မိုးဦးမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအနိစ္စ၃၈ ဖြာ မင်္ဂလာပိဋကတ် သုံးပုံဂဠုန်ဦးစောပုဗ္ဗဏှသုတ်ကမ္ဘောဒီးယားနိုင်ငံမင်းသိင်္ခဒေါင်းမြန်မာနိုင်ငံ၏ ဒုတိယ သမ္မတရှစ်လေးလုံးအရေးအခင်းနှစ်ဆန်းတစ်ရက်နေ့ဆီးချိုရောဂါလက္ခဏာများဆေးခြောက်ချက်ပြုတ်နည်းစနစ်များစေတီပုထိုးများကဗျာလင်္ကာ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းဆောက်လုပ်ရေး ဝန်ကြီးဌာနအာဠာဝကဘီလူးပထမ အင်္ဂလိပ် - မြန်မာစစ်လူသားတစ်ဦး၏လိင်တံအရွယ်အစားခရိုမိုဆုမ်းမုန့်လုံးရေပေါ်ဂုဏ်ဆယ်ပါးမြန်မာနောင်းနန်းမတော်မယ်နုရာပြည့်စစ်ရေးနိဝရဏတရားငါးပါးခွေးရူးပြန်ရောဂါကာကွယ်ဆေးငွေတာရီနောင်ချိုမြို့နယ်ကျားမီးသတ်ခြင်းရှမ်းဘာသာစကားငါး (တိရစ္ဆာန်)ဟစ်တလာသားချော့တေးဧရာဝတီတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ ပညာရေးကရင် အမျိုးသား အစည်းအရုံးလူ၏ အရိုးဖွဲ့စည်းပုံဓမ္မစကြာသုတ္တန်တစ်ကိုယ်ရည်အာသာဖြေခြင်းမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဗီတိုမရမ်းကုန်းမြို့နယ်တောင်တွင်းကြီးမြို့နယ်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းသီလကျောက်ချဉ်ဗဒုံမင်းဂူဂယ်အာကာသ စူးစမ်းရှာဖွေခြင်းဇော်ဂျီ (စာရေးဆရာ)အောင်လမိုးညှင်းမြို့သံလွင်မြစ်ဗုဒ္ဓဘာသာယောလူမျိုးပန်းသီးအင်္ဂုလိမာလသုတ်ဘုရင့်နောင်ဝါကျမြန်မာအက္ခရာမြန်မာနိုင်ငံရှိ မြို့များ🡆 More