ဖရိုဒါ မီဟာရီလာဘိချ် ဒါစတာယဲ့ဗ်စကီး( ရုရှား: Фёдор Миха́йлович Достое́вский၊ ၁၁ နိုဝင်ဘာ ၁၈၂၁ – ၉ ဖေဖော်ဝါရီ ၁၈၈၁) ဟာ ရုရှားဝတ္တုတို၊ ဝတ္တုရှည်၊ အက်ဆေး၊ ဂျာနယ်လစ် နှင့် တွေးခေါ်ပညာရှင်အဖြစ် ကျော်ကြားသည်။ ဒါစတာယဲ့ဖ်စကီးရဲ့ စာပေတွေက စိတ်ပညာဆိုင်ရာ အရေးအသားတွေဖြစ်ပြီး နိုင်ငံရေး၊ လူမူရေးနှင့် ၁၉ ရာစုက ရုရှားနိုင်ငံရဲ့ ပရလောကဆိုင်ရာ လွှမ်းမိုးနေသာ လူသားတို့ရဲ့ဗျာများနေမှုကို ဖော်ပြနေသည်။ သူဟာ အသက် ၂၀ အရွယ်မှာ စတင်၍ စာရေးသားခြင်းများကို ပြုလုပ်ခဲ့ပြီး သူရဲ့ ပထမဆုံးဝတ္တုရှည်ဖြစ်သော “သနားစရာ လူသတ္တဝါတွေ” Poor Folk (Russian: Бедные люди) စာအုပ်ကို ၁၉၄၆ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး ထိုအချိန်မှာ သူ၏ အသက်မှာ ၂၅ သာ ရှိသေးသည်။ သူ၏ ကျော်ကြားလှ သော စာအုပ်များထဲတွင် “ပြစ်မှုနှင့် ပြစ်ဒဏ်” Crime and Punishment (Russian: Преступле́ние и наказа́ние)(၁၈၆၆)၊ မိစ္ဆာDemons (Russian: Бесы)၊ ကာရာမာဇော့ဗ် ညီအကိုများ(The Brothers Karamazov (Russian: Братья Карамазовы)(၁၈၈၀) တို့ပါဝင်သည်။ ဒါစတာယဲ့ဖ်စကီး ရေးသားခဲ့သော စာအုပ်များမှာ ဝတ္တုရှည် (၁၁)အုပ်၊ ဝတ္တုလတ်(၃)အုပ်၊ ဝတ္တုတို (၁၇) ပုဒ် နှင့် အခြားများစွာသော စာပေတို့ရေးသားခဲ့သည်။ စာပေဝေဖန်ရေး သမားများက သူကို စာပေလောကရဲ့ ကြီးကျယ်သော၊ ထူးခြားသော စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။
ဖရိုဒါ ဒါစတာယဲ့ဗ်စကီး | |
---|---|
ဖရိုဒါ ဒါစတာယဲ့ဗ်စကီး၏ ပုံတူ (ရေးဆွဲသူ Vasily Perov) | |
အမည်ရင်း | ဖရိုဒါ ဒါစတာယဲ့ဗ်စကီး |
မွေးဖွား | ၁၈၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် မော်စကို၊ ရုရှားအင်ပါယာ။ |
ကွယ်လွန် | ၉ ဖေဖော်ဝါရီ၊ ၁၈၈၁ စိန့်ပီတာစဘတ်မြို့၊ ရုရှားအင်ပါယာ။ | (အသက် ၅၉)
အလုပ်အကိုင် | အင်ဂျင်နီယာ၊ စာရေးဆရာ |
လူမျိုး | ရုရှား |
နိုင်ငံသား | ရုရှားနိုင်ငံသား |
စာပေအမျိုးအစား | ဝတ္ထုရှည်၊ ဝတ္ထုတို |
စာပေလှုပ်ရှားမှု | စိတ်ပညာ၊ ဒဿနိကဗေဒ၊ သရုပ်မှန်ဝါဒ |
ထင်ရှားသည့်လက်ရာ | မြေအောက်ကမ္ဘာမှ မှတ်စုများ၊ သနားစရာ လူသတ္တဝါတွေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်၊ မိစ္ဆာ၊ ကာရာမာဇော့ဗ် ညီအကိုများ၊ လူ့ဗလာ၊ သေခြင်းတရားရဲ့စံအိမ်၊ အဖြူရောင်ညတွေ |
အိမ်ထောင်ဖက် | =
|
သားသမီး | ဆိုညှာ(၁၉၆၈)၊ လူဗော့ဗ် (၁၈၆၉ - ၁၉၂၆)၊ ဖရိုဒါ (၁၈၇၁ -၁၉၂၆)၊ အဲလက်ဆီ(၁၈၇၅ - ၁၈၇၈) |
လက်မှတ် | [[File:|frameless|upright=0.72|alt=]] |
ဒါစတာယဲ့ဖ်စကီးကို ၁၈၂၁ ခုနှစ်တွင် မော်စကိုမြို့တွင် မွေးဖွားခဲ့ပြီး ပုံပြင်များ၊ ဒဏ္ဍာရီ စာအုပ်များမှတဆင့် ရုရှားနှင့် နိုင်ငံခြားစာရေးဆရာများ၏ စာပေများကို ထိတွေ့ခဲ့သည်။ သူအသက် ၁၅ နှစ်အရွယ်တွင် ၁၈၃၇ ခုနှစ်တွင် သူ၏မိခင် သေဆုံးသွားခဲ့သည်။ အဲဒီအချိန်ပတ်ဝန်းကျင်မှာပဲ သူဟာ Nikolayev Military Engineering Institute (ယခု Military Engineering-Technical University) ဝင်ခဲ့သည်။ ဘွဲ့ရပြီးတဲ့အခါမှာ အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး အပိုဝင်ငွေ အလို့ငှာ ဘာသာပြန်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ၁၈၄၀ ခုနှစ် နှစ်လယ်လောက်တွင် သူရဲ့ ပထမဆုံးစာအုပ်ဖြစ်သော “သနားစရာ လူသတ္တဝါတွေ” စာအုပ်ထုတ်ဝေခဲ့ပြီး စိန့်ပီတာစပါတ် စာပေလောကထဲသို့ ဝင်ခွင့်ရခဲ့သည်။
၁၈၄၉ ခုနှစ်တွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသည်။ အကြောင်းမှာ ပီတရာယဲ့ဗ်စကီးအဖွဲ့အစည်းနှင့် ပါဝင်ပတ်သတ် နေသောကြောင့် ဖြစ်သည်။ ထိုအဖွဲ့အစည်းမှာ လစ်ဘရယ်ယူထရိုပီယမ် လျှို့ဝှက်အဖွဲ့အစည်း ဖြစ်ပြီး စာပေဆိုင်ရာ ဆွေးနွေးတိုင်ပင်ရန် တည်ထောင်ထားသည် ဟုဆိုသည်။ သူနှင့် အခြားအဖွဲ့ဝင်များသည် သေဒဏ်ချမှတ်ခြင်း ခံရသည်။ သို့သော် သေဒဏ်မပေးမီ နီကိုလပ်စ်(ပထမ) ၏ ပြစ်ဒဏ်လျော့ပေါ့ အမိန့်ရောက်လာပြီး ဆိုက်ဘေးရီးယားအလုပ်သမားကမ့်သို့ ၄ နှစ် အပို့ခံခဲ့ရသည်။
နောက်ပိုင်းနှစ်များတွင် ဒါစတာယဲ့ဗ်စကီးသည် ဂျာနယ်လစ်အဖြစ်လုပ်ကိုင်ခဲ့ပြီး မဂ္ဂဇင်းအများအပြားကို ထုတ်ဝေခြင်း၊ တည်းဖြတ်ခြင်းများကို ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် စာရေးဆရာရဲ့ ဒိုင်ယာရီ A Writer's Diary (Russian: Дневник писателя) ကိုရေးသားခဲ့သည်။ ဥရောပအနောက်ပိုင်းကို လှည့်လည်သွားလာခဲ့ပြီး လောင်းကစားဘက်တွင် အားသန်လာသဖြင့် ငွေကြေးအကြပ်အတည်းများ ကြုံခဲ့ရသည်။ ကာလတစ်ခု ငွေကြေးတောင်းခံမှုများရှိခဲ့သည်။ သိုသော် နောက်ဆုံးတွင် သူသည် အရောင်းရဆုံး စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏စာအုပ်များကို ယခုအခါ ဘာသာပေါင်း ၁၇၀ ကျော် ပြန်ဆိုခဲ့ကြသည်။ ဒါစတာယဲ့ဗ်စကီး သည် အန်တွန် ချက်ကော့ဗ်၊ အားနက် ဟဲမင်းဝေး မှ စ၍ ဖရိုင်းဒရစ် နီချယ်၊ ယန်းပေါလ်ဆတ် တိုင်အောင် ပမာဏတစ်ခုထိတော့ လွှမ်းမိုးမှုရှိခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဖရိုဒါ ဒါစတာယဲဗ်စကီး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.