ဒင်္ဂါး

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ဒင်္ဂါးများကိုအသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသောဝေါဟာရကို ပါဠိစကားလုံး ဋင်္က မှ ထုတ်ယူသုံးစွဲဟု အဆိုရှိသည်။ ဘုရင့်တံဆိပ်လက်ရာရှိသောငွေကြေး ဟုအဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ တင်္က ဟူသောစာလုံးမှ ရွေ့လျားလာသည်ဟုဆိုသည်။ ဒင်္ဂါးဟူသောဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ၊ ကဗျာ ၊ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အင်္လကာတစ်ခုတွင် ဒင်္ဂါး - ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေတတ်တာမို့ အနုဆေးလို့လဲခေါ်လောက်ပါရဲ့ ဟူ၍တွေ့ရလေသည်။ ထို့ထက်ရှေးကျသော ကဗျာတစ်ပုဒ်မှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင်နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းလက်ထက် ရှင်ကုမာရ ရေးသားသော ဓမ္မရာသီပျို့တွင် ဆန်းကြယ်တင့်တယ် တံဆိပ်ခတ်သား ကျပ် - မတ် - မူး - ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြ၍ အကုဋေမျှ ရာမကသား ဟုစပ်ဆိုထားသည်ကိုတွေ့ရသည်။ ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ၂ (ဆ - န)၌ တံဆိပ်ခတ်နှိပ်၍ အလေးချိန်နှင့်တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေငွေ စသည့် သတ္တုပြား ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ညောင်ရွှေမြို့မြန်မာနိုင်ငံရှိ ပွဲတော်များမြန်မာ့သမိုင်းမထိုးသွင်းသော လိင်ဆက်ဆံခြင်းမေတ္တာလေဖိအားတိုင်း ကိရိယာစကောကရင်ဘာသာစကားရှောင်းကျန့်မဟာမောဂ္ဂလာန်ထေရ်ရဟန်းဗီယက်နမ်စစ်ပွဲလတ္တီကျူကမ္ဘာဂြိုဟ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကောသလမင်း အိပ်မက် (၁၆)ချက်မြန်မာ့စွယ်စုံကျမ်းရဟန္တာအာဖရိကသီပေါမင်းကျော်ဟိန်းကိုလိုနီခေတ်ဂျီသရီးရိုင်ဖယ်ကြေးခေတ်မဟာဂီရိနတ်ဘားအံမြို့ဗလာဒီမီယာ ပူတင်ကမ္ဘာ့အကြီးဆုံးစာအုပ်လှိုင်မြို့နယ်သာလွန်မင်းရေးမြို့နယ်ဂျာနယ်ကျော် မမလေးစုန်းကဝေအတတ်မိုင်တဲလ် မြန်မာလင်ခန်းမယားခန်း ပြတ်စဲခြင်းသိမ်ဓားအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်ဂဠုန်ဦးစောစဝ်ကြာဆိုင်အပင်တုပ်ကွေးရောဂါသျှင်မဟာ သီလဝံသရခိုင်ပြည်နယ်ပါတော်မူခြင်းအရှေ့တောင်အာရှသံလွင်မြစ်ငွေကိုင် (ပန်းချီဆရာ)မြန်မာနောင်းရွှေမော်ဓောဘုရား(ပဲခူး)သက္ကာယဒိဋ္ဌိမိုးညိုမြို့ဆောင်းရာသီမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများဒီမိုကရက်တစ် မြန်မာ့အသံပခုက္ကူမြို့မိုင်းခရပ်ဖ်ပဲခူးမြို့တိုင်းစစ်ဌာနချုပ်အင်းတော်ကြီးကန်မြွေပွေးဧရာဝတီတိုင်းဒေသကြီးခရမ်းပင်စစ်ကိုင်းပြတ်ရွေ့ကြောမြန်မာစာပေမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဘာသာတရားမြန်မာနိုင်ငံ၏ အလံများ စာရင်းခွေးသဒ္ဓါမြစေတီကျောက်စာအင်္ဂုလိမာလသုတ်အီဂျစ်နိုင်ငံစင်ကာပူနိုင်ငံမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်မာမာအေးနနွင်း🡆 More