မြောက်အမေရိက: တိုက်

မြောက် အမေရိက တိုက်သည် ကမ္ဘာ ဂြိုဟ်၏ မြောက် ဗဟိုခြမ်းတွင် တည်ရှိသည်။ မြောက်ဘက်မှ အာတိတ် သမုဒ္ဒရာ၊ အရှေ့ဘက်မှ မြောက် အတ္တလန္တိတ် သမုဒ္ဒရာ၊တောင်ဘက်မှ ကာရစ်ဘီ ယံပင်လယ်နှင့် အနောက်ဘက်မှ မြောက် ပစိဖိတ် သမုဒ္ဒရာ တို့က ထိုတိုက်ကို ဝန်းရံထားသည်။ ဧရိယာအကျယ်အဝန်းမှာ ၂၄၅၀၀၀၀၀စတုရန်းကီလိုမီတာ သို့မဟုတ် ၉၅၄၀၀၀၀စတုရန်းမိုင်ဖြစ်ပြီး ကမ္ဘာ့မျက်မှာပြင်၏ ၄.၈ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ၂၀၀၂ ခုနှစ် ဇူလိုင်လ စာရင်းအရ လူဦးရေ ၅၁၄၆၀၀၀၀၀ ကျော်ရှိည်ဟု ခန့်မှန်းရသည်။ အာရှတိုက်နှင့်အာဖရိကတိုက်တို့ပြီးလျှင် မြေနေရာအကျယ်ဝန်းဆုံးတိုက်ဖြစ်သည်။ ထို့ပြင်အာရှတိုက်၊ အာဖရိကတိုက်နှင့် ဥရောပတိုက်တို့ပြီးလျှင် စတုတ္ထမြောက်လူဦးရေအများဆုံးတိုက်ဖြစ်သည်။

မြောက်အမေရိက
မြောက်အမေရိက: တိုက်
ဧရိယာ၂၄,၇၀၉,၀၀၀ စတုရန်း ကီလိုမီတာ (၉,၅၄၀,၀၀၀ စတုရန်းမိုင်)
လူဦးရေ၅၆၅,၂၆၅,၀၀၀ (၂၀၁၃၊ စတုတ္ထအဆင့်)
လူဦးရေ သိပ်သည်းမှု၂၂.၉/km2 (၅၉.၃/sq mi)
GDP (nominal)ဒေါ်လာ ၂၀.၃ ထရီလီယံ (၂၀၁၃၊ ဒုတိယအဆင့်)
GDP (PPP)ဒေါ်လာ ၂၀.၉ ထရီလီယံ (၂၀၁၃၊ ဒုတိယအဆင့်)
DemonymNorth American
နိုင်ငံများ၂၃
အမှီအခိုနယ်မြေများ၂၂
ဘာသာစကားများအင်္ဂလိပ်စပိန်ပြင်သစ်၊ နှင့် အခြားဘာသာစကားများ
အချိန်ဇုန်များUTC-10 မှ UTC အထိ
အကြီးဆုံးမြို့များအကြီးဆုံး လူနေဒေသများ
မက္ကဆီကိုမြို့
နယူးယောက်မြို့
လော့စ်အိန်ဂျယ်လိစ်မြို့
ရှီကာဂိုမြို့
တိုရွန်တိုမြို့
Dallas–Fort Worth
ဆန်ဖရန်စစ္စကိုမြို့
ဟူစတန်မြို့
မိုင်ယာမီမြို့
ဖီလာဒဲလ်ဖီးယားမြို့

အမည်မှည့်ခေါ်ခြင်း

မြောက်အမေရိကတိုက်နှင့်တောင်အမေရိကတိုက်နှစ်ခုစလုံး၏ အမည်မှည့်ခေါ်ခြင့်အတွက် အယူအဆအမျိုးမျိုးရှိကြသည်။ ပထမတစ်မျိုးမှာ အီတလီလူမျိုးမြေပုံဆွဲဆရာ အမေရိဂိုဗက်စ်ပူချီ (Amerigo Vespucci) ကို အစွဲပြုခေါ်ဝေါ်ကြခြင်းဖြစ်သည်။ သူသည် အမေရိကသည် အရှေ့အိန္ဒိယ၏ အစိတ်အပိုင်းမဟုတ်ဘဲ ယခင်က ဥရောပသားတို့ရှာမတွေ့ခဲ့သော ကမ္ဘာသစ်ဖြစ်သည်ဟု မထမဆုံးတင်ပြခဲ့သော ဥရောပတိုက်သားဖြစ်သည်။ ဒုတိယနှင့် လက်ခံသူနည်းသည့် အယူအဆမှာ တိုက်ကြီးများသည် ဘရစ်စတိုမှ အင်္ဂလိပ်ကုန်သည် ရစ်ချက်အမေရီကီကို အစွဲပြုပြီးခေါ်ဝေါ်ခြင်း ဖြစ်သည်ဆိုသော နယူဖောင်လန်ကို ရှောတွ့ခြံသော ဂျွန်ကတ်ဘော့၏ခရီးစဉ်ကိုငွေကြေးပံ့ပိုးပေးသူဟု ယုံကြည်ရသူဖြစ်သည်။

နိုင်ငံနှင့် ဒေသအမည် ဧရိယာ
(km²)
လူဦးရေ
(၂၀၀၇ မှန်းချက်)
လူဦးရေသိပ်သည်းမှု
(per km²)
မြို့တော်
မြောက်အမေရိက: တိုက်  ကနေဒါ ၉,၉၈၄,၆၇၀ ၃၃,၃၉၀,၁၄၁ ၃.၃ ဪတဝါမြို့
မြောက်အမေရိက: တိုက်  ပြင်သစ် (ပြင်သစ်) ၀.၀
မြောက်အမေရိက: တိုက်  ကေမန်ကျွန်းစု (ဂရိတ်ဗြိတိန်) ၂၆၂ ၄၆၆,၀၀၀ ၁၇၇.၉ ဂျော့တောင်းမြို့
မြောက်အမေရိက: တိုက်  ကော့စတာရီကာ ၅၁၁,၀၀၀ ၄,၁၃၃,၈၈၄ ၈၀.၉ ဆန်ဟိုဇေးမြို့
မြောက်အမေရိက: တိုက်  ကျူးဘား ၁၁၀,၈၆၀ ၁၁,၃၉၄,၀၄၃ ၁၀၂.၈ ဟာဗာနာမြို့
မြောက်အမေရိက: တိုက်  ဂရီနေဒါ ၃၄၄ ၈၉,၉၇၁ ၂၆၁.၅ စိန့်ဂျော့မြို့
မြောက်အမေရိက: တိုက်  ဂရင်းလန်း (ဒိန်းမတ်နိုင်ငံ) ၂,၁၆၆,၀၈၆ ၅၆,၃၄၄ ၀.၀၂၆ နူအုမြို့
မြောက်အမေရိက: တိုက်  ဂျမေကာ ၁၀,၉၉၁ ၂,၇၈၀,၁၃၂ ၂၅၂.၉ ကင်စတန်မြို့
မြောက်အမေရိက: တိုက်  ဂွါတီမာလာ ၁၀၈,၈၉၀ ၁၂,၇၂၈,၁၁၁ ၁၁၆.၉ ဂွါတီမာလာမြို့
မြောက်အမေရိက: တိုက်  ပြင်သစ် (ပြင်သစ်) ၁၇၈၀ ၄၅၂,၇၇၆ ၂၅၄.၄ ဘစတဲမြို့
မြောက်အမေရိက: တိုက်  ပြင်သစ် (ပြင်သစ်) ၅၄ ၃၃,၁၀၂ ၆၀၈.၅ မရီဂိုမြို့
မြောက်အမေရိက: တိုက်  စိန့်ကစ်နှင့် နီးဗစ် ၂၆၁ ၃၉,၃၄၉ ၁၅၀.၈ ဗစတဲမြို့
မြောက်အမေရိက: တိုက်  ပြင်သစ် (ပြင်သစ်) ၂၄၂ ၇,၀၃၆ ၂၉.၁ စိန့်ပီအဲမြို့
မြောက်အမေရိက: တိုက်  စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင် ၃၈၉ ၁၁၈,၁၄၉ ၃၀၃.၇ ကင်စတောင်းမြို့
မြောက်အမေရိက: တိုက်  ပြင်သစ် (ပြင်သစ်) ၂၁ ၆,၈၅၂ ၃၂၆.၃ ဂူစတာဗီအာမြို့
မြောက်အမေရိက: တိုက်  စိန့်လူစီယာ ၆၁၆ ၁၇၀,၆၄၉ ၂၇၇.၀ ကစတရီမြို့
မြောက်အမေရိက: တိုက်  တာ့ခ်နှင့် ကေးကို့စ်ကျွန်းများ (ဂရိတ်ဗြိတိန်) ၄၃၀ ၂၁,၇၄၆ ၅၀.၆ ကော့ဗန်းတောင်းမြို့
မြောက်အမေရိက: တိုက်  ထရီနီဒတ်နှင့် တိုဘက်ဂို ၅,၁၂၈ ၁,၀၅၆,၆၀၈ ၂၀၆.၀ စပိန်၏ဆိပ်ကမ်းမြို့
မြောက်အမေရိက: တိုက်  ဒိုမီနီကာ ၇၅၄ ၇၂,၃၈၆ ၉၆.၀ ရူစိုးမြို့
မြောက်အမေရိက: တိုက်  ဒိုမီနီကန်သမ္မတနိုင်ငံ ၄၈,၇၃၀ ၉၃၆,၅၈၁၈ ၁၉၂.၂ ဆန်တိုဒိုမင်းဂိုမြို့
မြောက်အမေရိက: တိုက်  အမေရိကန် (အမေရိကန်ပြည်ထောင်စု) ၀.၀
မြောက်အမေရိက: တိုက်  နီကာရာဂွါ ၁၂၉,၄၉၄ ၅,၆၇၅,၃၅၆ ၄၃.၈ မနာဂွါမြို့
တမ်းပလိတ်:နိုင်ငံ စာရင်းအင်း နယ်သာလန်အန်တီ (နယ်သာလန်နိုင်ငံ) ၉၆၀ ၂၂၃,၆၅၂ ၂၃၃.၀ ဝီလမ်စတဒ်မြို့
မြောက်အမေရိက: တိုက်  ပနားမား ၇၈,၂၀၀ ၃,၂၄၂,၁၇၃ ၄၁.၅ ပနားမားမြို့
မြောက်အမေရိက: တိုက်  ပေါ်တိုရီကို (အမေရိကန် ပြည်ထောင်စု) ၈,၈၇၀ ၃,၉၄၄,၂၅၉ ၄၄၄.၇ ဆန်ဟွမ်မြို့
မြောက်အမေရိက: တိုက်  ဘာမြူဒါ (ဂရိတ်ဗြိတိန်) ၅၃ ၆၆,၁၆၃ ၁၂၄၁.၃ ဟာမိတန်မြို့
မြောက်အမေရိက: တိုက်  ဗြိတိသျှ ဗာဂျင်အိုင်းလန်း (ဂရိတ်ဗြိတိန်) ၁၅၃ ၂၃,၅၅၂ ၁၅၃.၉ ရုတ်မြို့
မြောက်အမေရိက: တိုက်  ဘဟားမား ၁၃,၉၄၀ ၃၀၅,၆၅၅ ၂၁.၉ နာစောင်းမြို့
မြောက်အမေရိက: တိုက်  ဘာဘေးဒိုးစ် ၄၃၁ ၂၈၀,၉၄၆ ၆၅၁.၈ ဗရစ်ဂျတောင်းမြို့
မြောက်အမေရိက: တိုက်  ဘလိဇ် ၂၂,၉၆၆ ၂၉၄,၃၈၅ ၁၂.၈ ဗဲလမိုပန်မြို့
မြောက်အမေရိက: တိုက်  မက္ကဆီကို ၁,၉၇၂,၅၅၀ ၁၀၈,၇၀၀,၈၉၁ ၅၅.၁ မက္ကဆီကိုမြို့
မြောက်အမေရိက: တိုက်  ပြင်သစ် (ပြင်သစ်) ၁၁၀၀ ၄၃၆,၁၃၁ ၃၉၆.၅ ဖော့ဒယ်ဖရန့်စမြို့
မြောက်အမေရိက: တိုက်  မွန်ဆာရတ် (ဂရိတ်ဗြိတိန်) ၁၀၂ ၉,၅၃၈ ၉၃.၅ ပလစ်မစ်မြို့; ဗရာဒမြို့
မြောက်အမေရိက: တိုက်  ဟေတီ ၂၇၂,၇၅၀ ၈,၇၀၆,၄၉၇ ၃၁၃.၇ ပေါ့အိုးပရင်စမြို့
မြောက်အမေရိက: တိုက်  ဟွန်ဒူးရပ်စ် ၁၁၂,၀၉၀ ၇,၄၈၃,၇၆၃ ၆၆.၈ တေဂူစီဂါပါမြို့
မြောက်အမေရိက: တိုက်  အမေရိကန် ၉,၈၂၆,၆၃၀ ၃၀၁,၁၃၉,၉၄၇ ၃၀.၆ ဝါရှင်တန်ဒီစီမြို့
မြောက်အမေရိက: တိုက်  အမေရိကန် ဗာဂျင်အိုင်းလန်း (အမေရိကန်ပြည်ထောင်စု) ၃၄၆ ၁၀၈,၄၄၈ ၃၁၃.၄ ရှာလက်အမာလီမြို့
မြောက်အမေရိက: တိုက်  အာရူးဗာ (နယ်သာလန်နိုင်ငံ) ၁၉၃ ၁၀၀,၀၁၈ ၅၁၈.၂ အိုရန်ဂျေစတဒ်မြို့
မြောက်အမေရိက: တိုက်  အင်တီဂွါနှင့် ဘာဘူဒါ ၄၄၃ ၆၉,၄၈၁ ၁၅၇.၀ စိန့်ဂျောင်မြို့
မြောက်အမေရိက: တိုက်  အန်ဂီလာ (ဂရိတ်ဗြိတိန်) ၁၀၂ ၁၃,၆၇၇ ၁၃၄.၁ တောင်ကြားမြို့ (The Valley)
မြောက်အမေရိက: တိုက်  အယ်ဆာဗေဒို ၂၁,၀၄၀ ၆၉,၄၈၀,၄၇၃ ၃၃၀.၂ ဆန်ဆာဗေဒိုမြို့
စုစုပေါင်း ၂၄,၇၀၉,၀၃၆ ၅၂၃,၇၃၆,၃၀၂ ၂၁.၂

မြောက်အမေရိကတိုက်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီး ၆ တိုက်တွင် အပါအဝင်ဖြစ်၍ အနောက်ဘက် ကမ္ဘာလုံးခြမ်း ဖြစ်သောအမေရိကတိုက်၏ အထက်ပိုင်းဖြစ်သည်။ အမေရိကတိုက်သည် ရှေးအခါအက တည်းက တည်ရှိသည် ဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝ ခန့်ကမှ လူဖြူတို့တွေ့ရှိ၍ အခြေစိုက် နေထိုင်ကြသောကြောင့် အမေရိကတိုက်ကို ကမ္ဘာသစ် ဟူ၍ ခေါ်ဝေါ်ရည်ညွန်း လေ့ရှိသည်။ မြောက်အမေရိကတိုက်သည် မြောက်ဘက်တွင် ကျယ်ပြန့်၍ တောင်ဘက်သို့ တဖြည်းဖြည်းကျဉ်းမြောင်း သွားသောကြောင့်ပုံသဏ္ဌာန်မှာ တြိဂံနှင့်တူသည်။ မြောက်ဝင်ရိုးစွန်းမှသည် အီကွေတာ အထက် ၁ဝ ဒီဂရီခန့်အထိ ကျယ်ပြန့်သည်။ မြောက်မှသည် တောင်သို့ မိုင်ပေါင်း ၄ဝဝဝ ခန့် အလျားရှိ၍ အနံမှာ အကျယ်ဆုံးနေရာတွင် မိုင် ၃၂ဝဝ ကျော်ဖြစ်၏။ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင် ၉၃၅၅ဝဝဝ ခန့် ဖြစ်၏။ အာရှတိုက်၊ အာဖရိကတိုက်တို့အောက် တတိယလိုက်သည်။ မြောက် အမေရိကတိုက်၏ အရှေ့မြောက်ဘက် အစွန်သည် ကျဉ်းမြောင်းသော ဗဲရင်း ရေလက်ကြားဖြင့်သာ အာရှတိုက်နှင့်ခြားလျက်ရှိသည်။ ဥရောပတိုက်နှင့်ကား မိုင် ၂ဝဝဝ ကျော်ဝေးကွာသည်။ အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၊ အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာနှင့် မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာတို့ဖြင့် ဝန်းရံလျက်ရှိသည်တွင် ကမ်းရိုးတလျှောက်၌လည်း ကာလီဖိုးနီးယား ပင်လယ်ကွေ့၊ မက္ကဆီကို ပင်လယ်ကွေ့၊ စိန်လောရင့် မြစ်ဝကျယ်နှင့် ဟဒ်ဆန်ပင်လယ်အော်စသော အဆီးအတားမရှိဘဲ လွယ်ကူ သည်။ ယခင်က မြောက်အမေရိကတိုက်နှင့် တောင် အမေရိကတိုက်တို့မှာ အလယ်ဗဟိုတွင် ၄၂ မိုင် ကျယ်သော ပနားမား ကျွန်းဆက်အားဖြင့် တဆက်တည်း တည်ရှိသော်လည်း ၁၉၁၄ ခုနှစ်၌ ပနားမားတူးမြောင်း ဖောက်လုပ်ပြီးစီးသည်တွင် တိုက်ကြီး ၂ တိုက်တို့မှာ တဆက်တည်း မတည်ရှိတော့ချေ။ မြောက်အမေရိကတိုက်သည် မြေပေါ်မြေအောက်သယံဇာတပစ္စည်း ပေါများကြွယ်ဝ ကုံလုံသောကြောင့် နောက်မှ တွေ့ရှိသောတိုက် ဖြစ်သော်ငြား လည်း နောက်အိပ် အလျင်ပျော် ဟူ၍ ဆိုရလောက်အောင် လျင်မြန်စွာ တိုးတက်၍ အခြား တိုက်များထက်ပင် ကြီး ပွားနေပေသည်။ မြောက်အမေရိကတိုက်တွင် ပါဝင်သော နိုင်ငံတို့မှာ ကနေဒါနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ မက္ကဆီကို နိုင်ငံ၊ ထို့ပြင် အလယ်ပိုင်းအမေရိကတိုက်တွင် ပါဝင်သော ဂွါတီမားလ၊ ဟွန်ဒူးရပ်၊ ဗြိတိသျှဟွန်ဒူးရပ်၊ အယ် ဆယ်လဗာဒေါ၊ ကောစတာရီးကား၊ နစ်ကရားဂွ၊ ပနားမားနှင့် ကျူးဗားတို့ ဖြစ်ကြသည်။ မြေမျက်နှာသွင်ပြင်အားဖြင့်သော်ကား အနောက်ဘက်တွင် ရော့ကီးတောင်တန်းကုန်းမြင့်နှင့် ကမ်းရိုးတန်းတောင်စဉ်၊ အလယ်ပိုင်းမြေပြန့်နှင့် အရှေ့ဘက်တွင် အက်ပလက်ချီယန် ကုန်းပြင်မြင့် ဟူ၍ အဓိက အပိုင်း ၃ ပိုင်းရှိသည်။ မြောက်ဘက်ဆုံးပိုင်းဖြစ်သော အလာစကာနယ်မှသည် ပနားမားကျွန်းဆွယ်တိုင် ကမ်းရိုးတန်း တစ်လျှောက် တောင်စဉ်တစ်ခု သွယ်တန်းတည်ရှိ၏။ ယင်းကို ကော်ဒီ လားရားဟူ၍လည်း ခေါ်သည်။ ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဤတောင်တန်းများသည် အရှေ့ဘက်နှင့် တောင်ဘက်သို့ဖြာ၍ သွားသည်။ အရှေ့ဘက်သို့ ဖြာသွားသည်ကား ရော့ကီးတောင်တန်းများ ဖြစ်၍ တောင်ဘက်သို့ ဆက်လက်သွယ်တန်းသွားသည်ကို ကမ်း ရိုးတန်း တောင်စဉ်များဟု ခေါ်၏။ အမေရိကန် ပြည်ထောင်စု နယ်စပ်အလွန်တွင် ဤတောင်စဉ်များသည် ၂ ခုဖြာထွက် ပြန်၏။ တစ်ခုမှာ ကမ်းရိုးတန်း တောင်စဉ်ဟူ၍ပင် ဆက်လက်တွင်၍ အရှေ့ဘက်ဖြာထွက်လာသည့် တောင်တန်းသည် တပိုင်းတွင် ကက်စကိတ်ဟုခေါ် လျက်၊ ကာလီဖိုးနီးယားသို့ ရောက်လျှင် ဆီယယ်ရာ နီဗားဒဟု ခေါ်၏။ အလယ်နှင့် အရှေ့ပိုင်း တောင်တန်းများသည် မက္ကဆီကိုနိုင်ငံတွင်း၌ ဆီယယ်ရာ မက်ဒရီအော့ဆီဒင်တယ်နှင့် ဆီယယ်ရာ မက်ဒရီ အိုရီယင်တယ်ဟူ၍ တွင်သည်။ ဆီယယ်ရာနီဗားဒနှင့် ရော့ကီးတောင်များ အကြားဝယ် မြောက်ဘက်တွင် ကိုလမ္ဗီးယား ကုန်းပြင်မြင့်နှင့် တောင်ဘက်တွင် ကော်လိုရားဒိုး ကုန်းပြင်မြင့်ရှိသည်။ ယင်း ကုန်းပြင်မြင့် ၂ ခု အကြား၌ ဂရိတ်ဗေဆင်ခေါ် မြေနိမ့်ပိုင်းရှိသည်။ တောင်များ၏ အရှေ့ဘက်တွင် အလယ်ပိုင်း မြေပြန့်ရှိ၍ အာတိတ်သမုဒ္ဒရာမှ မက္ကဆီကိုကွေ့အထိ လည်းကောင်း၊ ရော့ကီးတောင်များမှ အက်ပလက်ချီယန် တောင်အထိ လည်းကောင်း ကျယ်ပြန့်သည်။ လော်ရင်းရှန်း ကုန်းပြင်မြင့်သည် လားဗရာဒေါမှသည် ဟဒ်ဆန်အော် တောင်ပိုင်းကို ဝိုက်၍ လခြမ်းသဖွယ် တည်ရှိသည်။ အာတိတ်သမုဒ္ဒရာနှင့် ဟဒ်ဆန် အော်ဖက်တွင် မြေသည် ပြန့်၍ စိမ့်မြေဖြစ်သည်။ တောင်ဘက်တွင်ကား ပရေရီ ဒေသနှင့် အိုဟိုင်းအို မြစ်ဝှမ်းဖြစ် ၏။ အက်ပလက်ချီယန် တောင်များသည် ရော့ကီးတောင် များထက် အသက်အားဖြင့် ရင့်သည်။ ယင်းတောင်စုသည် စိန်လောရင့်ကွေ့မှသည် မက္ကဆီကိုကွေ့တိုင် သွယ်တန်းလျက်ရှိ ကာ အမြင့်ဆုံး နေရာမှာ ၆ယ ၆၈၄ ပေရှိသော မစ်ချယ်တောင်ထွတ်ဖြစ်၍ မြောက်ကယ်ရိုလီးနားပြည်နယ်တွင် တည်ရှိသည်။ အရှေ့ဘက်သို့ ရောက်လျှင် ယင်းတောင် များသည် ပီးဒမွန့်ကုန်းပြင်မြင့်နှင့် ပေါင်းစပ်သွားကာ ကမ်းရိုး တန်း မြေပြန့်ဖက်သို့ နိမ့်လျှောဆင်းသွားသည်။ မက္ကဆီကို မြောက်ဘက်အလယ်ပိုင်းမှာ ကုန်းပြင်မြင့်ဖြစ်လျက် ဆီယယ်ရာမက်ဒရီတောင်စဉ် ၂ ခု အကြား၌ တည်ရှိသည်။ မက္ကဆီကိုကွေ့ တဝိုက်သည်ကား နိမ့်သော အပူပိုင်း ကမ်းရိုးတန်း မြေပြန့်ဖြစ်၏။ မက္ကဆီကိုနိုင်ငံသည် အရှေ့ဘက်သို့ ကောက်သွားသည်တွင် တစ်လျှောက်လု့း တောင်ထူထပ်သည်။ မြောက်အမေရိကတိုက်၌ ထင်ရှားသော မြစ်တို့ကား မစ်စစ်စပီမြစ်နှင့် ယင်း၏ မြောက်မြားစွာသော မြစ်လက်တက်များဖြစ်သည်။ ယင်းမြစ်တို့သည် အလယ်ပိုင်း မြေပြန့်တစ်လျှောက်တွင် စီးဆင်းသည်။ မြောက်ဘက်တွင် မက္ကင်ဇီမြစ်သည် အာတိတ် သမုဒ္ဒရာတွင်းသို့ စီးဝင်သည်။ ဆက်စကက်ချီဝမ်မြစ်၊ မြစ်နီ၊ နယ်လဆင်မြစ်တို့သည် ဟဒ်ဆန်အော်တွင်းသို့ စီးဝင်၏။ ရီးအို ဂရန်ဒီသည် ကော်လိုရားဒိုးကုန်းပြင်မြင့်တစ်လျှောက် စီးဆင်းလျက် မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုတို့ကို တစိတ်တဒေသအားဖြင့် ပိုင်းခြားသည်။ မက္ကဆီကိုကွေ့တွင်းသို့ စီးဝင်သည်။ ပစိဖိတ်ကမ်းခြေတစ်လျှောက်ရှိ မြစ်များကား ကိုလမ္ဗီးယား၊ ဖရေဇာ၊ ယူးကွန်းတို့ဖြစ်ကြ သည်။ ရော့ကီးတောင်တန်း၏ အနောက်ဘက်တွင် ကော်လိုရားဒိုးမြစ် စီးဆင်းသည်။ အတ္တလန္တိတ်ဖက်၌ အရေးပါသော မြစ်များကား စိန်လောရင့်၊ ဟဒ်ဆန်၊ ဒဲလဝဲယား၊ ဆပ်စကွီဟန္နာနှင့် ပိုတိုမက်တို့ ဖြစ်သည်။ မြောက်အမေရိကတိုက်သည် အခြား တိုက်များထက် အင်းအိုင် ပေါများသည်။ အကြီးဆုံးမှာ အမေရိကန် ပြည်ထောင်စုမြောက်ပိုင်းရှိ အိုင်ကြီး ၅ အိုင်ဖြစ်၍ စတုရန်းမိုင် ၉ဝယ ဝဝဝ မျှ ရှိသည်။ အခြား အိုင်ကြီးများမှာ လိပ် - အော့ - သဝု၊ ရေနီအိုင်၊ဝင်နီပက်အိုင်၊ စိန်ဗဲယာအိုင်၊ အက်သဗက် စကာအိုင်တို့ဖြစ်သည်။ တူးမြောင်းများပါတွက်လျှင် မြောက်အမေရိကတိုက်တွင် ရေကြောင်းအားဖြင့် နယူး အော်လီယန်း မှသည် မစ်စစ်စပီမြစ်တစ်လျှောက် အိုင်ကြီး များအထိပေါက်သည်။ ထိုနောက် စိန်လောရင့်မှ ကွီဗက်အထိ၊ ဟဒ်ဆန်မှနယူးယော့မြို့အထိ ရေကြောင်းပေါက်သည်။ ဤသို့အတွင်းပိုင်း၌ မြစ်ချောင်းခရီးပေါက်မှုကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်လေသည်။ မြောက်အမေရိကတိုက်တွင် အမျိုးမျိုးသော ရာသီဥတုရှိသည်။ သို့သော် သမပိုင်းဖက်သို့ ပို၍ သက်ရောက်သည်။ မြောက်ဘက်သည် အာတိတ်ဥတုမျိုးဖြစ်သည် ။ ထိုဒေသတွင် ရေခဲပြင် ဖုံးလွှမ်း၍ နွေအခါတွင် ခဏတာမျှသာ ရေခဲအရည်ပျော်သည်။ ယင်းဒေသ၏ တောင်ဘက်မှသည် တောင်ဘက်အဖျားအထိ ဒေသတစ်လျှောက် ရာသီဥတုအမျိုးမျိုး ကွဲပြားသည်။ အတ္တလန္တိတ် ကမ်းရိုးတန်း တစ်လျှောက်သည် ပစိဖိတ် ကမ်းရိုးတန်းတစ်လျှောက်ထက် အပူအအေးပို၍ လွန်ကဲသည်။ ပစိဖိတ် ကမ်းရိုးတန်းတွင် ပိုမို၍ မိုးရွာသွန်းသည်။ မိုးရေဆောင်လာသော လေတို့သည် တောင်ကို မကျော်ဖြတ်မီ ပါသမျှရေကို သွန်သောကြောင့် တောင်၏ တစ်ဖက်တွင်ရှိသော မြောက်အမေရိကတိုက် တောင်ဘက်ပိုင်းသည် သဲကန္တာရတမျှဖြစ်၏။ အလယ်ပိုင်း မြေပြန့်နှင့် ပရေရီဒေသသည် ရာသီဥတုကို သမပေး မည့် သမုဒ္ဒရာနှင့် ဝေးသောကြောင့် တစ်ကြောင်း၊ တောင်ဘက်နှင့် မြောက်ဘက်တွင် လေပူလေအေး အတားအဆီး မရှိ တိုက်ခတ်သောကြောင့် တစ်ကြောင်း အပူအအေး လွန်ကဲသည်။ မက္ကဆီကို နိုင်ငံသည် အပူလျော့ပိုင်း ဒေသတအတွင်း သက်ရောက်၍ အလယ်ပိုင်း အမေရိက တိုက်သည်ပူပိုင်းဒေသ အတွင်း လုံးဝသက်ရောက်သည်။ မြောက်အမေရိကတိုက်ရှိ တောတောင် ရေမြေတို့သည် ယင်းတိုက်ကို များစွာ အကျိုးပြုပေသည်။ မြေဆီ0x100သဇာ မှာကောင်းမွန်သောကြောင့် လူတို့သုံးစွဲသော ပစ္စည်းအားလုံး ပေးဆောင်သော မြေပဒေသာဖြစ်၏။ တောင်များမှလည်း သုံးမကုန်အောင် အရေးပါသောသယံဇာတ ပစ္စည်းများ ထွက်သည်။ သစ်တောများမှ အသုံးဝင်သော သစ်များကို ရ၍၊ ရေမှလည်း ငါးမျိုးပေါင်းစုံ ရသည်။ မြောက် အမေရိကတိုက်၏ အရှေ့ပိုင်း ဟဒ်ဆန်အော်မှသည် မက္ကဆီကိုကွေ့အထိ သစ်ပင်များ အထူးသဖြင့် ထင်းရှူးပင် အမျိုးမျိုး ပေါက်ရောက်သည်။ လွင်ပြင်နှင့် ပရေရီဒေသတွင် သစ်ပင်ဟူ၍ မရှိပေ။ မြက်များကို ခုတ်ထွင်ရှင်းလင်းပြီးလျှင် လယ်ယာစိုက်ပျိုးသည်။ အနောက်ဘက်တွင်မူ သဲကန္တာရများတွင်ကဲ့သို့ ရှားစောင်းပင်၊ ချုံဖုတ်များသာ ပေါက်ရောက်သည်။ အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းနှင့် ကနေဒါနိုင်ငံတွင် ယနေ့တိုင် ထူထပ်သော တောများရှိ၍ ထင်းရှူးပင်များ အထူးတလည် ပေါက်ရောက် သည်။ လော်ရင်းရှန်း ကုန်းမြင့်၊ အက်ပလက်ချီယန်နှင့် ဂရိတ်လိတ်ဒေသများမှ ကျောက်မီးသွေး၊ သံ၊ ကြေးနီ၊ မြေစေး၊ အဆောက်အအုံအတွက် ကျောက်များထွက်သည်။ နိုဗာစကိုးရှားမှသည် တောင်ပိုင်း တစ်လျှောက် အက်ပလက်ချီယန် အထိ၊ ထို့ပြင် အနောက်ဘက်တွင် ပရေရီနှင့် လွင်ပြင်တစ်လျှောက်၌ ကျောက်မီးသွေးထွက်သည်။ အမေရိကတိုက်၏ အရှေ့ဘက်တွင် သံအမြောက်အမြား ထွက်သည်။ ဆူပီးရီးယားအိုင်တစ်ဝိုက်တွင် အဖိုး တန် သံတွင်းများရှိသည်။ နစ်ကယ်၊ နှမ်းဖတ်ကျောက်၊ စကျင်ကျောက်၊ ငွေ၊ ထုံးကျောက်နှင့် မြေစေးတို့မှာ တောင်များနှင့် ကုန်းပြင်မြင့်များ၌ ပေါများပေသည်။ ရော့ကီး တောင်တန်းဒေသဝယ် ခဲ၊ ရွှေ၊ ကျောက်မီးသွေးနှင့် အခြား သယံဇာတ ပစ္စည်းများထွက်သည်။ ကမ္ဘာသုံးရေနံအနက် မြောက်အမေရိကတိုက်မှ ၄ ပုံ ၃ ပုံ ထွက်သည်။ ထို့အပြင် မြောက်အမေရိကတိုက်ရှိ ဗီဗာဖျံ၊ အိုပေါ့ဆမ်၊ မင့် အစရှိသည့် အကောင်တို့မှ အဖိုးတန် သားမွေးများ ရရှိသည်။ သားမွေး လုပ်ငန်းကြောင့်ပင် တိုက်ကြီးအတွင်းပိုင်းကို ပိုမိုသိရှိလာကြ၏။ လူဖြူတို့သည် သားမွေး လုပ်ငန်းကို များစွာ စိတ်ဝင်စားခဲ့ကြသည်။ မြောက်အမေရိကတိုက်တွင် ဦးစွာ နေထိုင်သူတို့မှာ မွန်ဂိုးလီးယန်း အနွယ်များ ဖြစ်၏။ အာရှတိုက်မှ ဗဲရင်း ရေလက်ကြားကို ဖြတ်ကူးပြီးလျှင် အလာစကာ နယ်ဖက်သို့ ဝင်လာကြပြီးသော်၊ ယခု မက္ကဆီကို နိုင်ငံ၊ အလယ်ပိုင်း အမေရိကတိုက်ရှိရာသို့ ဆင်းလာကြ၏။ ထိုဒေသ၌ ရှေးအကျဆုံး ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ အမေရိကန် ပြည်ထောင်စုဖက်နှင့် ကနေဒါ နိုင်ငံရှိရာ အရပ်၌ ကျန်ရစ် သူတို့မှာ အမေရိကန် အင်ဒီးယန်း လူမျိုးနှင့် အက်စကီးမိုးလူမျိုးတို့၏ ဘိုးဘေးများပင်တည်း။ ဦးစွာ အခြေစိုက်နေထိုင်သူတို့မှာ လူဖြူများဖြစ်သော အဂ‡လိပ်၊ ပြင်သစ်၊ စပိန်လူမျိုးတို့ဖြစ်သော်လည်း အခြားဥရောပတိုက်သား အမြောက်အမြားပါ ဝင်ရောက်လာသည့်အတွက် ယခုအခါ လူမျိုးစုံပေသည်။ မက္ကဆီကိုနှင့် အမေရိကတိုက် အလယ်ပိုင်းတွင်မူ အင်ဒီးယန်းလူမျိုးနှင့် စပိန်အဆက်အနွယ်တို့ များသည်။ နီးဂရိုး လူမျိုးတို့သည် လူဖြူတို့ ရောက်ရှိလာ ပြီးသည်နှင့် မရှေးမနှောင်း ရောက်လာကြသည်မှာ ကျွန်အဖြစ် ရောက်လာကြခြင်း ဖြစ်၏။ ယင်းတို့၏ အဆက်အနွယ်တို့သည် ကျွန်အဖြစ်မှ လွတ်မြောက်ပြီးသည့်နောက် အဘက်ဘက်တွင် တိုးတက်၍၊ မြောက်အမေရိကတိုက်တွင် စာပေ၊ အနုပညာ၊ သိပ္ပံ၊ နိုင်ငံရေး၊ ကစားခုန်စား စသည်တို့ဖက်တွင် ခေါင်းဆောင်လျက်ရှိသူများအနက် နီးဂရိုး များစွာ ပါဝင်ပေသည်။ မြောက်အမေရိကတိုက်ရှိ လူဦးရေမှာ ခန့်မှန်းခြေ ၂၇၃ယ ဝဝဝယ ဝဝဝ(၁၉၆၁ ခုနှစ်) ခန့် ဖြစ်သည်။ မြောက်အမေရိကတိုက်ကို ဦးစွာ တွေ့ရှိသူမှာ လေ့အဲရစ်ဆန် အမှူးပြုသော ဗိုက်ကင်းတို့ ဖြစ်၏။ ၁၄၉၂ ခုနှစ်တွင် ကိုလံဗပ်က တွေ့ရှိ၍ ဤတိုက်တည်ရှိကြောင်းကို သိ ကြရသည်။ သို့သော် အမေရိဂို ဗက်စပွတ်ချီက ယင်းဒေသ အကြောင်းကို သရုပ်ဖော်ရေးသားပြီးသည့် နောက်ပိုင်းတွင်မှသာ မြောက်အမေရိကတိုက်ဟု တွင်လာသည်။ ၁၆ ရာစုနှစ်တွင် ပြင်သစ်၊ စပိန်၊ အဂ‡လိပ်၊ ဒပ်ချနှင့်ပေါ်တူဂီလူမျိုးတို့က နယ်မြေကို စူးစမ်းရှာဖွေကြသည်။ စပိန် လူမျိုးတို့က မက္ကဆီကို နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းကိုသာ အာရုံစူးစိုက်လျက်၊ ပြင်သစ်တို့က အရှေ့မြောက်ကမ်းရိုးတန်းနှင့် စိန်လောရင့် မြစ်ဝှမ်း တစ်လျှောက်တွင် သားမွေး ကုန်ကူးကြသည်။ အဂ‡လိပ်နှင့် ဒပ်ချတို့ကမူ အတ္တလန္တိတ် ကမ်းရိုးတန်း တစ်လျှောက်ကို စူးစမ်းရှာဖွေကြသည်။ ယခုခေတ် အမေရိကန် ပြည်ထောင်စုဒေသတွင် အဂ‡လိပ် လူမျိုးတို့ ပထမဆုံး အခြေစိုက်ရာ နေရာမှာ ဂျိန်းစတောင်းဖြစ်၍ ၁၆ဝ၇ ခုနှစ်တွင် တည်ထောင်သည်။ နောက်တစ်နှစ်တွင် ပြင်သစ် လူမျိုးတို့က ကွီဗက်မြို့ တည်ရာတွင် မြို့ပြတည်ထောင်သည်။ ၁၆၂ဝ ပြည့်နှစ်တွင် ပလင်းမတ်ကိုလိုနီကိုတည် ထောင်သည်။ ဒပ်ချနှင့် ပေါ်တူဂီ လူမျိုးတို့သည် မိမိတို့ ထူထောင်ခဲ့သော ကိုလိုနီများကို ဆုံးရှုံးသောကြောင့် အဂ‡လိပ်၊ စပိန်နှင့် ပြင်သစ်တို့သည် အာဏာရမှုအတွက် အချင်းပွားကြ ရသည်။ ၁၇၆၃ ခုနှစ်တွင် အဂ‡လိပ်တို့က ကနေဒါကို ရရှိလိုက်သည်။ အမေရိကန် ပြည်ထောင်စုသည် စစ်ပွဲတွင် နိုင်ခြင်းဖြင့် လည်းကောင်း၊ ဝယ်ယူခြင်းဖြင့် လည်းကောင်း စိပိန်တို့ ပိုင်ခဲ့သည့် နယ်မြေများကို တဖြည်းဖြည်းရရှိခဲ့သည်။

မှတ်စုများ

Tags:

ကာရစ်ဘီယံပင်လယ်ပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာအာတိတ်သမုဒ္ဒရာအာဖရိကတိုက်အာရှတိုက်ဥရောပတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြေတီဦးကျေးရွာအုပ်စုလိင်ဆက်ဆံခြင်းသံခေတ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သားချော့တေးလိင်ကရင်လူမျိုးရဟန္တာတစ်ကိုယ်ရည်အာသာဖြေခြင်းရက္ခိုင့်တပ်တော်ကြောင် (တိရစ္ဆာန်)သရစစ်ဆောင်ပန္နားပင်းယခေတ်ဓမ္မရံကြီးဘုရားခေတ်စမ်းစာပေမိုးဟေကိုဆော်ဒီအာရေဗျနိုင်ငံမောင်မောင်အေးစစ်တွေမြို့စကောကရင်ဘာသာစကားလူ၏ အရိုးဖွဲ့စည်းပုံရဲဘော်သုံးကျိပ်နယူးဇီလန်နိုင်ငံမြန်မာ့ပြည်တွင်းပဋိပက္ခများမယ်လိုဒီသိဒ္ဓတ္ထမင်းသားသွေးတိုးရောဂါဧရာဝတီတိုင်းဒေသကြီးဂျပန်သမိုင်းအီပိုးမြို့ဒီမိုကရက်တစ် မြန်မာ့အသံမြန်မာ့သမိုင်းမျိုးကြီးကားလိုး ကော်လိုဒီဘောလုံးကစားခြင်းဖက်ဒရယ်ပြည်ထောင်စုစနစ်Minecraftဆူခွိုင်း ၃၀မြန်မာနိုင်ငံ၏ ရွာများဆင်တုံးမနွယ်ပင်ကိုလိုနီခေတ်စုန်းကဝေအတတ်စိတ်နေမြင့်သူမဟာဂီရိနတ်ကရမက်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနချင်းပြည်နယ်နတ်သိမ်ဆီးချိုရောဂါလက္ခဏာများပြည်ထောင်စုနေ့အန်းဒရွိုက် (မိုဘိုင်းလ်စက်လည်ပတ်ရေးစနစ်)သင်္ဂဇာဆရာတော်ရခိုင်ပြည်နယ်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းရသခန္ဓသုတ်မေကမ္ဘာမကျေဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းအီရတ်နိုင်ငံမြန်မာကျပ်ငွေဘုရားဂုဏ်တော်မဇ္ဈိမ သတင်းဌာနမဟာသမယသုတ်ပြိတ္တာဂုဏ်ဆယ်ပါးရန်ကုန်ပညာရေးတက္ကသိုလ်စင်ကာပူနိုင်ငံအင်ဒိုနီးရှားနိုင်ငံမဂ္ဂင် ၈ ပါးကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ🡆 More