အမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒ (အင်္ဂလိပ်: Nationalism) သည် မိမိ ဒေသ၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာရေး စည်းလုံးညီညွတ်ရေးနှင့် တန်ဖိုးထား ချစ်မြတ်နိုသည်ကို ဆိုလို့သည် နိုင်ငံရေး အတွေခေါ် တစ်မျိုး ဖြစ်သည်။ အမျိုးသားရေးဝါဒသည် ဘုရင်စနစ်နှင့် ရှေးရိုးစွဲဝါဒ (conservatism) မဟုတ်ပေ။ သို့သောထို့ဝါဒများရှိသည် ရှေးရိုးစွဲ အမျိုးသားရေးဝါဒသည် အမေရိကန်နိုင်ငံ ကျင့်သုံးခဲဘူ သည်။

သမိုင်းနှင့် အခြားအရာများ

အမျိုးသားရေးဝါဒဟူသည်မှာ နိုင်ငံတစ်နိုင်ငံစည်းလုံးညီညွတ်ခြင်း၏ ကြီးမြတ်ခြင်းကို ပုံကြီးချဲ့ထားသောအတွေးအမြင်ဟု အချို့ကဆိုကြသည်။ ထိုအမျိုးသားရေးအတွေးအမြင်သည် အများအားဖြင့် မြေခြားရေခြားမှ လာရောက်ကျူးကျော်နေထိုင်သူများနှင့်ထိုသူများ၏ ဒေသခံများအပေါ်ဖိနှိပ်မှုများမှ ပေါ်ပေါက်လာလေ့ရှိသည်။ အဓိကအခြေခံသော ခံယူချက်မှာ နယ်မြေခြားမှ လာရောက်သူများ၏ အုပ်ချုပ်မှုကိုခံရသည်မှာ လုံးဝလက်မခံသင့်သောအရာဖြစ်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည် အခြားသဘောတရားရေးရာလမ်းစဉ်တခုခုလွှမ်းမိုးပြီးနှင့်သောနိုင်င်ငံများအားလုံးလိုလိုတွင် ထပ်ဆင့်၍တည်ရှိနေလေ့ရှိပြီး သာဓကအားဖြင့် ဒီမိုကရေစီလွှမ်းမိုးသည်ဆိုသောအမေရိကန်ရှိ ရှေးရိုးစွဲဝါဒ(conservatism)သည် အမေရိကန်အမျိုးသားရေးဝါဒနှင့်ပေါင်းစပ်ထားရပြီး ပုံဖျက်ထားသောအမည်ခံကွန်မြူနစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်လည်း ကွန်မြူနစ်ဝါဒထက် အမျိုးသားရေးဝါဒအတွေးအမြင်က ပိုမို၍ရှေ့တန်းရောက်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။

အမျိုးသားရေးဝါဒ၏ပထမဆုံးမျိုးစေ့အနေဖြင့် အလယ်ခေတ်ဉာဏ်ပွင့်လင်းချိန်အတွင်း(Renaissance-၁၅ရာစုဝန်းကျင်)တွင်အုပ်စိုးနေကြသော သက်ဦးဆံပိုင်ဘုရင်များ၏ ညီညွတ်သောနိုင်ငံတော်၏စွမ်းအားနှင့် အာဏာစက်ပုံစံများကို ဝါဒဖြန့်ရာမှ စတင်ပေါ်ပေါက်လာခဲ့သယောင်ရှိသည်။ အမျိုးသားရေးဝါဒပုံစံတခုဟူ၍ ပီပီပြင်ပြင်ပေါ်ပေါက်လာသည်မှာ ပြင်သစ်တော်လှန်ရေးတွင်ဖြစ်သည်။၁၇၉၂တွင် ပြင်သစ်သည် ပရူးရှားစစ်တပ်၏ ကျူးကျော်မှုကိုခံရသည့်အခါပြင်သစ်“ပြည်သူ”များ (အမှန်တကယ်အားဖြင့်ပြင်သစ်ဟုခေါ်တွင်နေသောနယ်မြေဒေသအတွင်းရှိသမျှလူများကို ပြင်သစ်လူမျိုးဟူ၍ ပြီးစလွယ်ခေါ်၍မရပဲ မျိုးနွယ်စုများကွဲပြားမှုများရှိသည်) ‘နိုင်ငံတော်’ကိုလက်နက်တပ်ဆင်ကာကွယ်ကြဟူသော အမျိုးသားရေးခံယူချက်ဖြင့် အပျော်တမ်းပြည်သူ့စစ်များက အသေအချာလေ့ကျင့်ထားပြီးဖြစ်သော စစ်တပ်ကိုအနိုင်ယူခဲ့သည်။

နောက်ပြီးတွင် နပိုလီယံဦးဆောင်သော စစ်တပ်၏ အမျိုးသားရေးဝါဒမသိမသာနောက်ခံထားသော အခြေအနေမှာ ဥရောပတလွှားနယ်ကျွံလာခဲ့ပြီး ပြင်သစ်၏သိမ်းပိုက်ခြင်းခံရသော ဥရောပနိုင်ငံများ၌လည်း တန်ပြန်အမျိုးသားရေးဝါဒများပေါ်ထွန်းလာခဲ့သည်။ နပိုလီယံကို တွန်းလှန်ကြသော ကာလအတွင်းမှစ၍ ၁၉ရာစုရောက်သည်အထိ ဥရောပတတိုက်လုံးကို အမျိုးသားရေးဝါဒများ ပျံ့နှံ့နေခဲ့ပြီး ၂၀ရာစုနှောင်းပိုင်းတွင်တော့ ထိုဥရောပနိုင်ငံများ၏ ကမ္ဘာတလွှားရှိ ကိုလိုနီနယ်ပယ်များဆီအထိ အမျိုးသားရေးဝါဒအတွေးအခေါ်များပျံ့နှံ့လာခဲ့သည်။ အီတလီနှင့် ဂျာမဏီနိုင်ငံတို့မှာ အသည်းဆုံးဖြစ်သည်။ ထိုကာလအတွင်းမှ အီတလီစာရေးဆရာ မက်ဇီနီ(Giuseppe Mazzini)ကဆိုလျှင် "လူသားဟူသမျှသည် ‘နိုင်ငံတော်’ တရပ်ရပ်ကို ကိုယ်စားပြုထားမှသာလျှင် လူဖြစ်ရကျိုးနပ်မည်ဖြစ်ပြီး တဦးချင်းလွတ်မြောက်မှုကို အဓိကထားသော လွတ်လပ်မျှတမှုဝါဒထက် နိုင်ငံတော်တခုလုံးလွတ်မြောက်မှုရရေးကပို၍အရေးကြီးသည်ဟုဆိုပြီး ပညာရေးတွင်လည်း တဦးပုဂ္ဂလဦးတည်သောအတွေးအခေါ်ကို ဖုံးလွှမ်းထားနိုင်စေရေးအတွက် အမျိုးသားရေးဝါဒအသိထည့်ပေးထားရမည်"ဟုဆို၏။

ယနေ့ခေတ်တွင်တော့ အမျိုးသားဝါဒလွှမ်းမိုးသောနိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည်။ ၂၁ရာစုရောက်လာသည့်အခါတွင်တော့ အမျိုးသားရေးဝါဒမှာ တိုင်းတပါးမှစစ်ရေးအရ ကျူးကျော်ဝင်ရောက်အုပ်ချုပ်သည်ကို တွန်းလှန်သည်ထက် စီးပွားရေးအရ ဝင်ရောက်ခြယ်လှယ်အုပ်ချုပ်နေကြသည်ကို တွန်းလှန်သည့်ပုံစံပြောင်းလာခဲ့သည်။ဤဝါဒမှာ အခြားရှိသမျှသောဝါဒများထက် စိတ်ခံစားမှုများအပေါ်တွင် မှီခိုမှုရှိနေသောသဘောရှိပြီး တစ်ဦး၏ နိုင်ငံတော်အမြင်နှင့် အခြားတစ်ဦး၏နိုင်ငံတော်အမြင်တို့သီးခြားမဖြစ်ပဲ ဒွေးရောယှက်တင်ဖြစ်လာသည့်အခါ၊တစ်နည်းအားဖြင့် အမျိုးသားအမြင်သည် လူမျိုးစုကွဲပြားမှုအမြင်နှင့်မကွဲပြားပဲဖြစ်လာသည့်အခါ အမျိုးသားရေးဝါဒတစ်ခုဖြင့်လွှမ်းမိုးထားသော နိုင်ငံတခုအတွင်း၌ပင် လူမျိုးစုအသီးသီးက အမျိုးသားရေးဝါဒအသီးသီးကို ဆွဲကိုင်ကာ နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာဖြစ်နိုင်သည့် အန္တာရာယ်အထိရှိလာနိုင်သည်။ နိုင်ငံအသီးသီးကို ခြိမ်းခြောက်လာနိုင်သော အဆိုပါ အမျိုးသားရေးဝါဒကို ဒေသတွင်းအမျိုးသားရေးဝါဒ(regional nationalism)ဟူ၍လည်းခေါ်ကြ၏။

အမျိုးသားရေးဝါဒ အမျိုးများ

အမျိုးသားရေးဝါဒ အမျိုးများမှ အောက်ပါ အတိုင်းဖြစ်သည်။

  • ဒေသကိုအခြေပြုသည် အမျိုးသားရေးဝါဒ
  • လူမျိုးကိုအခြေပြုသည် အမျိုးသားရေးဝါဒ
  • အသာရောင်ကိုအခြေပြုသည် အမျိုးသားရေးဝါဒ
  • ယဉ်ကျေးမှုကိုအခြေပြုသည် အမျိုးသားရေးဝါဒ
  • ဘာသာရေးကိုအခြေပြုသည် အမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒ အမျိုးများ

ဒေသကိုအခြေပြုသည် အမျိုးသားရေးဝါဒဆိုသည်မှ မိမိဒေသရှိ မည်သည် လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာ ဖြစ်စေ တန်ဖိုးထား ချစ်မြတ်နိုသည်ကို ဆိုလို့သည်။

လူမျိုးကိုအခြေပြုသည် အမျိုးသားရေးဝါဒဆိုသည်မှ မိမိလူမျိုးတို၏ ဘာသာနှင့် ယဉ်ကျေးမှုကို တန်ဖိုးထား ချစ်မြတ်နိုသည်ကို ဆို့လို့သည်။

အသာရောင်ကိုအခြေပြုသည် အမျိုးသားရေးဝါဒဆိုသည်မှ မိမိ၏အသာရောင်ရှိသည် လူမျိုးများကို တန်ဖိုးထား ချစ်မြတ်နိုသည်ကို ဆိုလို့သည်။

ယဉ်ကျေးမှုကိုအခြေပြုသည် အမျိုးသားရေးဝါဒဆိုသည်မှ မိမိ ဒေသ/လူမျိုးရှိ ယဉ်ကျေးမှု (culture)ကို တန်ဖိုးထား ချစ်မြတ်နိုသည်ကို ဆိုလို့သည်။

ဘာသာရေးကိုအခြေပြုသည် အမျိုးသားရေးဝါဒဆိုသည်မှ မိမိတို ကိုးကွယ်သည် ဘာသာကိုတန်ဖိုးထားသည်ကို ဆိုလို့သည်။

အခြာကြည့်ရင်

ကိုးကား

Tags:

အမျိုးသားရေးဝါဒ သမိုင်းနှင့် အခြားအရာများအမျိုးသားရေးဝါဒ အမျိုးများအမျိုးသားရေးဝါဒ အခြာကြည့်ရင်အမျိုးသားရေးဝါဒ ကိုးကားအမျိုးသားရေးဝါဒ

🔥 Trending searches on Wiki မြန်မာဘာသာ:

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှော်ပညာမြန်မာပြည် စာတိုက် သင်္ကေတများအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဘောလုံးကစားခြင်းနွေရာသီဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ်ဂြိုဟ်အချိန်၊ မြန်မာ့ရိုးရာသားမြီးယပ်ကွန်ဒုံးကချင်လူမျိုးအဲလ်ဘတ် အိုင်းစတိုင်းသနပ်ခါးသားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းခန္ဓာဗေဒဗောဇ္ဈင်္ဂသုတ်ရေအကျိုးဆယ်ပါးအာရပ်-အစ္စရေး ပဋိပက္ခချင်းလူမျိုးမဏိစန္ဒာမြန်မာ သက္ကရာဇ်လိင်စိတ်ဆွခြင်းကျောက်မဲမြို့ရဟန်းယောက်ဖခွေးခေါ်ငှက်ချောင်းသာကမ်းခြေမင်္ဂလာပါပထမ အင်္ဂလိပ် - မြန်မာစစ်ချဉ်ပေါင်အလောင်းမင်းတရားစိုင်းထီးဆိုင်ကြာနီကန်ဆရာတော်သရက်သီးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ဇီးကွက်မြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းတပ်မတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များအဘိဓမ္မာပိဋကတ်မြင်းစီးခြင်းရှင်သီဝလိဂါထာရန်ကုန်တိုင်းစစ်ဌာနချုပ်ရေးမြို့မြန်မာနိုင်ငံရှိ မြို့များထိုင်းဘာသာစကားပုညခင်ပုလွေမှုတ်ခြင်း၃၁-ဘုံဖွေးဖွေးတောက်တဲ့ကရင်အမျိုးသားအလံတော်ရွှေစာရံ စေတီတော် (မန္တလေး)သမ္ဗုဒ္ဓေအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ဒိုးလုံးဒွတ္တဘောင်မင်းကြီးမြန်မာတိုင်းရင်းသားမျိုးနွယ်များဒုက္ခသစ္စာပါရမီဂျာနယ်ကျော် မမလေးအစာအိမ်ထားဝယ်လူမျိုးသပြေပင်မြဝတီမြို့သီတဂူဆရာတော်ပန်ထွာဘုရင်မဘကြီးတော်(စစ်ကိုင်းမင်း)စိုးဝင်း၊ ဗိုလ်ချုပ်ကြီးရခိုင်လူမျိုးမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်း🡆 More