နမားဇေဂျွမ်အာ

မွတ်စလင်မ် တို့သည်အပတ်စဉ်သောကြာနေ့တိုင်း ဇိုဟ်ရ် အချိန်၌ နမာဇေဇိုဟ်ရ် အစားနမာဇေဂျွမ်အာ ကို ဖတ်ရွတ်ကြသည်။ ဤနမာဇ် သည်တစ်ဦးတစ်ယောက်တည်းဖတ်၍မရပါ ဂျမာအသ် နှင့်စုပေါင်းဝတ်ပြုရသည့် နမာဇ် ဖြစ်သည်။ ရှီအာမဇ်ဟဘ် ၏မိန့်ရပ်တွင် နမာဇေဂျွမ်အာ သည် ဝါဂျိဘ်ဘေသခ်ယီရီး ဖြစ်သည်။ ဆိုလို သည်မှာ မိုကလ်လဖှ် သည်ဂျွမ်အာနေ့၌ နမာဇေဇိုဟ်ရ် သို့မဟုတ်နမာဇေဂျွမ်အာ နှစ်ထဲမှတစ်ခုကိုရွေးချယ်ဖတ် ရွတ်ရမည် ၊ ( နှစ်ခုထဲမှတစ်ခုမှမဖတ်လျှင်မရပါ ) .

သို့သော် စွန်နီ တို့က နမာဇေဂျွမ်အာ ကိုမဖတ်မနေရ ဝါဂျိဘ် ဘေအိုင်နီး အဖြစ်သတ်မှတ်ထားသည်။

နမားဇေဂျွမ်အာ
နမားဇေဂျွမ်အာ
نماز جمعه در یکی از دانشگاه‌های کشور مالزی

နမာဇေဂျွမ်အာ သည် နှစ် ရကအသ် ရှိသည်။ မွတ်္စသဟဘ် ဖြစ်သော ကိုနူးသ် နှစ်ခုရှိပြီး ပထမ ရကအသ် ၌ ရကူ မတိုင်မီဖတ်ရွတ်ရပြီး ဒုတိယ ရကအသ် ၌ ရကူ အပြီးတွင်ဖတ်ရသည်။ နမာဇ် မတိုင်မီ ခွသ်ဗာ နှစ်ခုကို အေမာမ်မေဂျွမ်အာ ကဖတ်ရမည်မှာ ဝါဂျိဘ် ဖြစ်သည်။ နမာဇေဂျွမ်အာ ၏ဖတ်ရွတ်ပုံ အစဉ်လိုက်မှာ - သက်္ကဗီရသွလ်အဲဟ်ရာမ် - ဟမ်ဒ် - စူရာ - ကိုနူးသ် - ရကူ - စဂျ်ဒါ နှစ်ခု ~ ဟမ်ဒ် - စူရာ - ရကူ - ကိုနူးသ် - စဂျ်ဒါ နှစ်ခု - သရှ်ဟွဒ် နှင့် စလာမ် တို့ဖြစ်သည်။


ဂျွမ်အာ ဆိုသည့်အမည်ဖြင့်ခေါ်ဝေါ်မှုမပြုခင်အရင်က အန်ဆွာရ် တို့ကထိုနေ့ကို ( ယောင်မွလ်အရူဗာ ) ဟုခေါ် ဆိုခဲ့ကြသည်။ တမန်တော်မြတ်ကြီး(ဆွ) ၏ ဟိဂျ်ရသ် ခရီးတွင် (တမန်တော်(ဆွ) ၏မြို့) သို့မဟုတ် (မဒီနသွန် နဗီ) သို့မရောက်မီ ယပ်္စရိဗ် ဆိုသည့်နေရာတွင်စတင်ခေါ်ဝေါ်ခဲ့သည်။ ကဗာ ဆိုသည့်နေရာတွင်တစ်ထောင့်နား ချိန် အလီယိဗ်နေအဗီသွာလိဗ်(အစ) နှင့် မွတ်စလင်မ် အချို့လည်းရောက်ရှိလာခဲ့၏။


တမန်တော်မြတ်(ဆွ) သည် ကဗာ ဆိုသည့်နေရာသို့ တနင်္လာနေ့တွင်ရောက်ရှိခဲ့သည် ၊ ကြာသပတေးနေ့အ ထိ၎င်း ကဗီလာ ရှိလူများနှင့် နမားဇ် ဖတ်ခဲ့ပြီး ၎င်းတို့နှင့်အတူ အစ္စလာမ့် ပထမဆုံး မပ်္စဂျိဒ် ကိုတည်ဆောက် ခဲ့သည်။ ထို့နောက် ဂျွမ်အာ နေ့တွင် မဒီနာ ဘက်သို့ခရီးဆက်ခဲ့ပြီး ရာနူနာ ဆိုသည့်နေရာ၌ မဒီနာ လူထုနှင့်အ တူပထမဆုံး နမားဇေဂျွမ်အာ ကိုဖတ်ရွတ်ခဲ့သည်။


ထို့နောက် ကိုယ်တော်မြတ်(ဆွ) သည် ကဗာ ဆိုသည့်နေရာသို့ပြန်လာပြီး အလီ(အစ) ၊ ဖှာသွေမာဇဲဟ်ရာ နှင့် မိမိ၏နောက်လိုက်အချို့အားစောင့်ကြိုနေခဲ့သည်။ ထိုအချိန်မှစပြီး တမန်တော်မြတ် (ဆွ) သည်မိမိဘဝနောက် ဆုံးအချိန်အထိ နမားဇေဂျွမ်အာ ကို မွတ်စလင်မ် တို့၏အပတ်စဉ်ဝတ်ပြုခြင်းအနေနှင့်ဖတ်ရွတ်ခဲ့သည်။


ရှီအာ တို့၏ နမားဇေဂျွမ်အာ

ရှီအာ တို့၏ ဖှစ်ကာ ၌ နမားဇေဂျွမ်အာ သည်အေမာမ်မေမာအ်စူမ် အတွက်သီးသန့်ဖြစ်ပြီး အေမာမ်မှလွဲ၍အ ခြားသူများဦးမဆောင်သင့် ဟုယုံကြည်ခဲ့ကြသည်။ သို့ပါသောကြောင့် အေမာမ် မရှိသည့်အချိန်တွင် နမားဇေ ဂျွမ်အာ ကိုမဖတ်ခဲ့ကြချေ။ အေမာမ်မာ့အ်စူမ် များသာလုပ်ခွင့်ရှိသော စာရင်းထဲတွင်ရှိနေခဲ့သည် ၊ ထိုးစစ်ဆင် ခြင်း ( မိမိတို့ဘက်မှစတင်စစ်ကြေညာခြင်း ) အစိုးရအဖွဲ့အစည်းဖွဲ့စည်းခြင်း စသည်တို့ကဲ့သို့ဖြစ်သည် ၊ ရှေးယ ခင်ဖှစ်ကာပညာရှင်များသည်ဖော်ပြပါကိစ္စများကို အေမာမ်မေမာ့အ်စူမ် သက်ရှိထင်ရှားမရှိချိန်မပြုလုပ်သင့်သော ကိစ္စများဟု ယုံကြည်ကြသည်။

ဆဖှဝီ အစိုးရဖွဲ့စည်းဖြစ်ပေါ်လာခြင်းသည် ပထမဆုံး ရှီအာ အစိုးရအဖွဲ့အစည်းဖြစ်သည်။ မာ့အ်စူမ် များနှင့် သာသက်ဆိုင်သည်ဟူသည့် ဖှကီးဟ် ပညာရှင်တို့အားအမြင်သစ်များဖြစ်ပေါ်လာစေရန် အစပျိုးလိုက်ခြင်းလည်း ဖြစ်သည်။ အီရတ် မှထိပ်သီး ဖှစ်ကာပညာရှင် ရှိခ်အစ်္ဗရာဟိမ်ကသွီဖှီး သည် အေမာမ် ၏ဂိုင်ဘသ် ကာလတွင် အစိုးရဖွဲ့စည်းခြင်းသည် မလုပ်အပ်သည့် ကိစ္စဟုယုံကြည်ထားပြီး ၎င်းသည်အေမာမ်မေမာ့အ်စူမ် ၏အမိန့်ဖြင့် သာပြုလုပ်နိုင်သည်ဟုဆိုကာ ဆဖှဝီ အစိုးရနှင့်ပူးပေါင်းခြင်းကိုတားမြစ်ခဲ့သည်။ ၎င်းနှင့်ဆန့်ကျင်ဘက်၌ဖှကီးဟ် ပညာရှင်များဖြစ်ကြသော ဂျဘ်လ်အာမိလ် ၎င်း၏အကြီးအကဲ ရှိခ်အလီကွရ်ကီး တို့သည် ဆဖှဝီ တို့၏ကမ်းလှမ်း ချက်ကိုလက်ခံပြီး အီရန် သို့လာရောက်ခဲ့ကြသည်။ ရှီအာ အုပ်ချုပ်ရေးအတွက်လိုအပ်သည်များကို အကောင်အ ထည်ဖော်ဆောင်ရွက်ရာ အလီကွရ်ကီး သည် ဆဖှဝီ အစိုးရအဆင်ပြေချောမွေ့စေရေးအတွက် ဖှစ်ကာ အချို့ ကို နဇဲရ် အမြင်သစ်များပြောင်းလဲခဲ့သည်။ နမားဇေဂျွမ်အာ ဖတ်ရန် ဂျာယိဇ် ဖြစ်သည်ဟူသောအချက်သည်ထို ပြောင်းလဲမှုတွင်အလွန်အရေးပါသော ဖှစ်ကာ အမြင်ဖြစ်သည်။.

ရှီအာ များအကြား ပီပြင်စွာ အကာမာ မဖြစ်ခဲ့သော ၎င်း နမားဇေဂျွမ်အာ သည် အီရန် ၏ရှီအာအုပ်ချုပ်ရေး အောက်တွင် အစ္စလာမ်မစ် တော်လှန်ရေးကာလအထိပုံမှန်ဆိုသလို အကာမာ ဖြစ်ခဲ့သည်။ သို့သော် မြို့ကြီးများ တွင်သာ များသောအားဖြင့်ရှိခဲ့ပြီးအခြားသောနေရာများ အထူးသဖြင့် နဂျဖှ် ၌ရှေးယခင်ကာလများတစ်လျှောက် မရှိခဲ့ကြောင်းတွေ့ရသည်။


နမားဇေဂျွမ်အာ ပုံမှန်ပီပြင်စွာ အကာမာ ဖြစ်လာခြင်းနှင့်ပတ်သက်ပြီး ရှီအာ တို့၏သမိုင်းတွင်လေ့လာမည်ဆိုပါ မူ အီရန် ၏ အစ္စလာမ်မစ် တော်လှန်ရေးသမိုင်းကြောင်း၌ လေ့လာရမည်ဖြစ်သည်။ ရူဟွလ္လာခိုမိုင်နီ သည် အီရန် ၏မြို့ရွာအနှံ့အပြားတွင် ၎င်းကိုရှင်သန်ပြန့်ပွားအောင်ပြုလုပ်ခဲ့သည်။ ၎င်း (ဂျွမ်အာ) မှ သာသနာ့အသိပ ညာများ၊ နိုင်ငံရေးနှင့် ဝလီယေဖှကီးဟ် တို့နှင့်ပတ်သက်သည်များကိုပြန့်ပွားအောင်လုပ်ခဲ့သည်။ သို့ပါ၍ အေမာမ် မေဂျွမ်အာ များကို ဝလီယေဖှကီးဟ် ဘက်မှ တိုက်ရိုက်ခန့်အပ်ပြီး ဝလီယေဖှကီးဟ် ၏ရှု့ထောင့်အမြင်များကိုပါ တင်ပြကြသည်။ ခွသ်ဗာ နှစ်ခု၌ ပထမတစ်ခုတွင် သာသနာဆိုင်ရာနှင့်နောက်တစ်ခုတွင် နိုင်ငံရေးဆိုင်ရာများကို ဖတ်ရ မည့် စွန္နသ် သည်လည်းဖြစ်တည်လာခဲ့သည်။

နဂျဖှ် တွင်ပထမဦးဆုံး ဂျွမ်အာ ကို စိုင်ယိဒ်မွတ်က်သဒီ ၏ဖခင် စိုင်ယိဒ်မိုဟမ္မဒ်ဆွာဒိက်ဆဒ်ရ် မှပြီးခဲ့သည့်ရာစု နှစ်ကစတင်ခဲ့သည်။ ဆဒ်ဒါမ် ၏တိုက်ခိုက်မှုကြောင့် ကူဝိတ် ကျရှုံးပြီးနောက်ပိုင်း သူသည်နိုင်ငံရေးအခြေအနေ ကိုကောင်းစွာအသုံးချပြီး သာသနာရောင်ထွန်းလင်းရန်ကြိုးပမ်းခဲ့သည်၊ အီရတ် ရှိ ရှီအာတို့နှင့် ရှီအာနိုင်ငံရေးအ သွင်တစ်ခုကို အခြေကျစေရန်ကြိုးပမ်းခဲ့သည် ။ ယခုလက်ရှိတွင်လည်း နဂှဖှ် နှင့် ကဲရ်ဘလာ တွင် နမားဇေ ဂျွမ်အာ သည် အီရန် နှင့်ယှဉ်လျှင်အားနည်းနေသေးသည်။ နိုင်ငံရေးအရကြည့်မည်ဆိုလျှင်လည်း အလွန်အား နည်းနေသေးသည် အီရန် ကဲ့သို့တစ်စည်းတစ်လုံးတည်းညီညွတ်စွာ ရပ်တည်နိုင်သည့်အစိုးရအဖွဲ့အစည်းမျိုးမ ပေါ်ပေါက်သေးပါ။

ထိုကဲ့သို့အခြေအနေအရပ်ရပ်အကြား နမားဇေဂျွမ်အာ သည် ရှီအာဖှစ်ကာ ၌ဆက်လက်၍ခပ်ယဲ့ယဲ့အနေအထား တွင်သာရှိနေသည်။ ရှီအာဖှစ်ကာ ပညာရှင်အကြီးအကဲအတော်များများမှာလည်း အေမာမ်မေဂျွမ်အာ များနှင့်ပီ ပြင်ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေမရှိ ၊ ဆောင်ရွက်လှုပ်ရှားနိုင်သည်တို့မှာစည်းဘောင်အ မျိုးမျိုးနှင့်အတားအဆီး အတိုင်းအတာအမျိုးမျိုးအကြားရှိနေပြီး ခြုံငုံ၍သာ ဝလီယေဖှကီးဟ် အဖြစ်ထမ်းဆောင် ရပ်တည်နေကြရသည်။ နမားဇေဂျွမ်အာ ကိုဦးဆောင်မှုပြုမပေးကြပါ ၊ ရှီအာတို့၏နိုင်ငံရေးအခြေအနေများအရ နဂျဖှ် မှာရော ကွမ်း မှာပါ မရာဂျေ့အ်သက်္ကလီးဒ် တို့သည် နမားဇေဂျွမ်အာ ကိုကိုယ်တိုင်ဦးဆောင်ဖတ်ရွတ်ပေး ခြင်းမျိုးမရှိပါ။ များသောအားဖြင့်လည်း ဟာဇီရ် - ရောက်ရှိလာခြင်းမျိုးမရှိပါ။

ဖတ်ရွတ်သည့်အနေအထား

ဦးစွာပြင်ဆင်ရန်လိုအပ်ချက်များ

اအကယ်၍ ကွင်းပြင်ကဲ့သို့နေရာမျိုးတွင်ဖတ်မည်ဆိုပါက များသောအားဖြင့် မို့ဟ်ရ် နှင့် ဂျာနမားဇ် အပြင်ဖိနပ် ထည့်ရန်အိတ်များကိုပါယူဆောင်လာကြရသည်။ အီရန် မှလွဲပြီးအခြားနိုင်ငံများ၌ ဖိနပ် နှင့်ဖိနပ်အိတ်များကို နမားဇ် တန်းစီသည့်နေရာအထိယူမလာကြပါ ၊ မပ်္စဂျိဒ် အပြင်ဘက်လှေကားနှင့် ဖိနပ်ချွတ် နေရာများတွင်သာ ထားခဲ့ကြသည်။ အမျိုးသမီးများသည် ကျာဒဲရ် - ခြေဆုံးခေါင်းဆုံးလုံခြုံသည့် ခြုံထည် - ဖင့်သာလာရောက်ရ သည်။


ခွသ်ဗာ များ

နမားဇေဂျွမ်အာ သည်ပထမ ခွသ်ဗာ ဖြင့်အစပြုပြီး နမားဇ်ဂိုဇားရ် အားလုံးသည် ခွသ်ဗာ နှစ်ခုစလုံးကိုငြိမ်သက် စွာနားထောင်ရမည်ဖြစ်သည်။ ခွသ်ဗာ များကို ခသွီးဗေဂျွမ်အာ မှ နမားဇ်မတိုင်မီဖတ်ရွတ်မည်မှာ ဝါဂျိဘ် ဖြစ်၏။ ခွသ်ဗာ များပြီးဆုံးသွားချိန်တွင် နမားဇ် ကိုစတင်မည်ဖြစ်သည်။


နမားဇေဂျွမ်အာ သည် နမားဇေဇိုဟ်ရ် အစားဖတ်သည့်အလျှောက် ခွသ်ဗာ နှစ်ခုသည် နမားဇေဇိုဟ်ရ်၏ပထမ နှစ် ရကအသ် အစားဖတ်ခြင်းဖြစ်ပြီး နမားဇေဂျွမ်အာ နှစ် ရကအသ် သည် နမားဇေဇိုဟ်ရ် ၏ ဒုတိယ နှစ် ရကအသ် အစားဖတ်ရွတ်ခြင်းမည်၏။ များသောအားဖြင့် ခွသ်ဗာ ဖတ်သူနှင့် အေမာမ်မေဂျွမ်အာ သည်တစ်ဦး တည်းဖြစ်သည်။


အေမာမ်မေဂျွမ်အာ မှ ခွသ်ဗာ ဖတ်ရွတ်နေချိန်၌ နမားဂိုဇားရ် တို့က ခွသ်ဗာ ကိုနားထောင်ရမည်မှာ ဝါဂျိဘ်ဖြစ် သည်။ ခွသ်ဗာ ဖတ်ရွတ်နေစဉ်စကားပြောခြင်းသည် မကရူ ဖြစ်သည်။ ထို့အပြင်စကားပြောနေခြင်းကြောင့် ခွသ် ဗာ ကိုကြားနာရန်အတားအဆီး ဖြစ်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်နေရမည်ဖြစ်၏။ ထိုနည်းတူစွာ ခွသ်ဗာ ဖတ်ရွတ်နေစဉ် မွတ်္စသဟဘ်နမားဇ် များ ၊ စာအုပ် ၊ သတင်းစာဖတ်ရွတ်ခြင်းနှင့် ခွသ်ဗာ ကိုကြားနာရန်အတွက် အတားအဆီးဖြစ်မည့်အခြားမည်သည့်အလုပ်မဆိုလုပ်ဆောင်ခြင်းသည် ရှရ်အီး နှင့်ဆန့်ကျင်သည်။

အကယ်၍တစ်ဦးတစ်ယောက်သည် နောက်ကျ၍ပထမ ခွသ်ဗာ သို့မဟုတ်နှစ်ခုစလုံးကိုမမှီတော့ပါကလည်း နမားဇေဇိုဟ်ရ် အစား နမားဇေဂျွမ်အာ ကိုဖတ်ရွတ်ခြင်းသည် ဖှဇီးလသ် ရှိသည်။


အေမာမ်မေဂျွမ်အာ သည်ပထမ ခွသ်ဗာ တွင် သာသနာနှင့်လောကုတ္တရာ ကိစ္စများ တရားဒေသနာတော်များ ကိုဟောပြောရမည်ဖြစ်ပြီး ဒုတိယ ခွသ်ဗာ ၌ပြည်တွင်းပြည်ပအခြေအနေများကို အစ္စလာမ့်ရှုထောင့်အမြင်များ နှင့်တကွတင်ပြရမည်ဖြစ်သည်။ ခွသ်ဗာ နှစ်ခု၌ ပထမတွင်သာသနာရေး ဒုတိယတွင်နိုင်ငံရေးတစ်ခုစီခွဲပြောရ မည်မှာ အီရန်အစ္စလာမ်မစ် တော်လှန်ရေးပြီးနောက်ပိုင်းတွင်ပြဋ္ဌာန်းခဲ့သည်။


နမားဇ်

နမားဇေဂျွမ်အာ သည်နှစ် ရကအသ် ရှိသည် ၊ နီယသ် လုပ်ပြီးနောက် သက္ကဗီးရသွလ်အဲဟ်ရာမ် ( လက်နှစ်ဖက် ကိုနားအထိမြှေက်၍ အလ္လာဟိုအက္ကဘဲရ် ) ဟုပြောရမည်။ ထို့နောက် မာအ်မူမ် - နောက်မှလိုက်ဖတ်သူများ - သည်ဘာမှဖတ်စရာမလိုပါ ၊ အေမာမ်မေဂျမာအသ် မှ ဟမ်ဒ် နှင့် စူရာ ဂျွမ်အာ သို့မဟုတ်အခြား စူရာ တစ်ခုခု ကိုဖတ်ရွတ်မည်ဖြစ်ပြီး မာအ်မူမ် များကတိတ်ဆိတ်စွာဖြင့်နားထောင်နေရမည်။.

ဟမ်ဒ် နှင့် စူရာဖတ်ပြီးနောက် ကိုနူးသ် ဖတ်ရမည် ( လက်နှစ်ဖက်ကိုဖြန့်၍မျက်နှာနှင့်တတန်းတည်းထားပြီးဒို အာတစ်ခုခုကိုဖတ်ရွတ်မည်ဖြစ်သည် ) ထို့နောက် ဆလဝါးသ် ဖတ်ရမည်။


ကိုနူးသ် ပြီးနောက် ရကူအ် သွားရမည် ၊ ဆိုလိုသည်မှာခါးကိုကိုင်းညွှတ်ပြီးလက်နှစ်ဖက်ကို ဒူးခေါင်းများသို့တင် ထားကာ ၎င်း ဇစ်ကီရ် «سُبْحانَ رَبّیَ العَظیمِ وَ بِحَمْدِه» သို့မဟုတ် «سبحان الله، سبحان الله، سبحان الله» ကိုဖတ်ရွတ်ရမည်။

ထို့နောက် ရကူအ် မှထ၍ စပ်ဂျဒါ နှစ်ကြိမ်သွားရမည် ( နဖူးကို မိုဟ်ရ် ပေါ်တွင်ချပြီး ) ၎င်း ဇစ်ကီရ် «سُبْحانَ رَبِّیَ الاَعلی وَ بِحَمْدِه» သို့မဟုတ် «سبحان الله، سبحان الله، سبحان الله» ကိုဖတ်ရွတ်ရမည်။


စပ်ဂျဒါ များပြီးနောက်မတ်တပ်ပြန်ရပ်ပြီး အေမာမ်မေဂျမာအသ် မှ ဟမ်ဒ် နှင့် စူရာ မိုနာဖှေကူးန် သို့မဟုတ်အ ခြားစူရာတစ်ခုခုကိုဖတ်ရွတ်မည်ဖြစ်သည် ၊ မာအ်မူမ် များကငြိမ်သက်စွာနားထောင်နေရမည်။ .

ဤ ရကအသ် ၌ ဟမ်ဒ် နှင့် စူရာ ပြီးနောက် ရကူအ် သွားရမည် ရကူအ် ပြီးမှ ကိုနူးသ် ဖတ်ရမည် ထို့နောက် စပ်ဂျဒါ နှစ်ကြိမ်ပြန်သွားရမည်။


စပ်ဂျဒါ နှစ်ကြိမ်ဖတ်ပြီးနောက် သရှဟွတ်္ဒ ထိုင်ပြီး စလာမ် ဖတ်ရမည်၊ ဆိုလိုသည်မှာလက်နှစ်ဖက်ကိုပေါင်ပေါ် တင်ပုဆစ်တုပ်ထိုင်၍၎င်းကို «اشهَدُ اَن لا اِلهَ الا اللهُ وَحدهُ لا شریکَ لَهُ، واشهدُ انٌ محمداً عبدُهُ وَ رَسُولُهُ، اللّهُمٌ صَلٌ علی محمَدٍ والِ مُحمٌد، السّلامُ عَلَیْکَ اَیُّها النّبیُّ وَ رَحمةُ اللهِ و برکاتُه، السّلامُ علیْنا و عَلَی عِبادِاللهِ الصّالِحین، السّلامُ علیْکُمْ وَ رحمةُ اللهِ و ببَرَکاتُه» ဖတ်ရွတ်ရမည်။ ထို့နောက် နမားဇ် ကိုအဆုံးသတ်ရမည်ဖြစ်သည်။


ရေဝါယသ် များတွင်

ကျမ်းမြတ်ကုရ်အာန် စူရာ ဂျွမ်အာ အာယသ် ၉-၁၀ ၌ထိုသို့ဖော်ပြထားသည်။                                              { အို အီမါန်သက်ဝင်ယုံကြည်သူအပေါင်းတို့ ဂျွမ်အာ နေ့ နမားဇ်အတွက် အဇါန်ပေးသောအခါအသင်တို့သည် အလ္လာဟ် အရှင်မြတ်အားတသ သတိရရှိဖို့ရာအဆောတလျင် သွားကြလေကုန် ၊ အသင်တို့၏ (လုပ်ငန်းဆောင် တာ) ရောင်းဝယ်မှုတို့ကိုစွန့်လွှတ်ကြလေကုန် ၊ အသင်တို့သိရှိကြသော် ၎င်းသည်အသင်တို့အတွက်အကောင်း ဆုံးဖြစ်သည်။} { နမားဇ် ဝတ်ပြုမှုပြီးနောက် သင်တို့သည်ပထဝီမြေဝယ်အနှံ့အပြားသွားလာကြလျှက် အရှင်၏ ကျေးဇူးတော်တည်းဟူသော ရိက္ခာကိုရှာဖွေကြလေကုန် ၊ အလ္လာဟ် အရှင်မြတ်အားများစွာသတိရကြလေကုန် သို့မှသာအသင်တို့သည် အောင်မြင်ကြမည်ဖြစ်သတည်း။ တမန်တော်မြတ်ကြီး (ဆွ) သည် နမားဇေဂျွမ်အာကို နွမ်းပါးသူတို့၏ ဟဂျ် အဖြစ်မိန့်တော်မူ၏ ၊ အပြစ်ဂွန်နာ များကိုခွင့်လွှတ်ပလပ်ပေးမည့် (အမလ်) ဖြစ်ကြောင်းလည်း မိန့်ဆိုထားသည်။ အေမာမ် မူစာကာဇင်မ် (အစ) သည် နမားဇေဂျွမ်အာ အတွက် ကြာသပတေးနေ့မှစ၍ကြိုတင်ပြင်ဆင်မှုများပြုလုပ်လေ့ရှိသည်။


အေမာမ်အလီ(အစ) မိန့်တော်မူ၏ - အစားအစာနှင့်ဆေးဝါးတို့သည် အသင်တို့အားထိုင်းမှိုင်းလေးလံစေမည် ဆိုလျှင် နမားဇေဂျွမ်အာ မတိုင်မီ၎င်းတို့အားစားသုံးခြင်းမှရှောင်ကြဉ်ပါလေ ၊ နမားဇေဂျွမ်အာ ကိုလက်လွတ်ဆုံး ရှုံးမှုမှကာကွယ်နိုင်ရန်ဖြစ်သည် ၊ အေမာမ် ဆွာဒစ်က်(အစ) မိန့်တော်မူသည်မှာ - တမန်တော်မြတ်(ဆွ) ၏အဆ် ဟားဗ် များသည် နမားဇေဂျွမ်အာ အတွက်ကြာသပတေးနေ့ ကတည်းကပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည် ၊ အ ဘယ်ကြောင့်ဆိုသော် ဂျွမ်အာ သည် (အချို့သောအလုပ်ကိစ္စများကြောင့်) အချိန်နည်းပါးမှုများရှိသည်။ စိုင်ယိဒ်မိုဟမ္မဒ်ဂျဝါးဒ်ဂဲရ်ဝီ သည် နမားဇေဂျွမ်အာ ကို စူရာ ဂျွမ်အာ ၏အထောက်အထားအရ ဝါဂျိဘ်ဘေအိုင်နီ ဟုဆိုထားသည်။ ၎င်းနှင့်ပတ်သက်၍ နမားဇေဂျွမ်အာ အမည်ရှိစာအုပ်(သို့) ကယားမေသောင်ဟီးဒီးယေဟဖှ်သဲ စာအုပ်တို့တွင်လေ့လာနိုင်သည်။

ထိုနည်းတူစွာ စိုင်ယိဒ်သွိုင်ယိဘ်ဂျဇါယိရ်ရီ သည် မိမိ၏ ရေစာလာတွင် اللمعه الساطعه فی التحقیق الصلاه الجمعه، အမည်ဖြင့်နမားဇေဂျွမ်အာ နှင့်ပတ်သက်ပြီးအထောက်အထားများနှင့်တကွတင်ပြထားသည် ၊ ဟစ်ဂျရီ ၁၃၇၄ ၌ ထိုစာအုပ်ကို နဂျဖှ် တွင်ပုံနှိပ်ခဲ့သည်။


အချို့သောမိန့်ရပ်များ

နမားဇေဂျွမ်အာ သည် ဂျမာအသ် နှင့်သာဖတ်ရမည် တစ်ဦးတည်း - ဖိုရာဒါ - ဖတ်ခွင့်မရှိပါ ၊ နမားဇေဂျွမ်အာ ဖတ်ရန်အနည်းဆုံးငါးဦးရှိရမည် ၊ ဆိုလိုသည်မှာ အေမာမ်တစ်ဦးနှင့် မာအ်မူမ် လေးဦးရှိရမည်။


နမားဇေဂျမာအသ် တွင်လိုက်နာရမည့်မိန့်ရပ်အားလုံးအတိုင်း နမားဇေဂျွမ်အာ ၌လည်းလိုက်နာရမည်ဖြစ်သည်။

အဲဟ်လေသရှိုင်ယို့အ် တွင်သတ်မှတ်ထားသောနယ်နမိတ်အတွင်း နမားဇေဂျွမ်အာ နှစ်ခုဖတ်ခွင့်မရှိပါ ၊ အ ကြောင်းမှာတစ်စုတစ်စည်းတည်း စည်းလုံးစွာဝတ်ပြုမှုကိုရည်ရွယ်ခြင်းဖြစ်သည်။ အကယ်၍မြို့တစ်မြို့အတွင်း နမားဇေဂျွမ်အာ များအသီးသီးခွဲ၍ဝတ်ပြုမည်ဆိုပါက ကွဲပြားမှုများရှိနေမည်ဖြစ်ပြီး မွတ်စလင်မ် တို့၏ကြီးကျယ် မှုနှင့်စည်းလုံးမှုသည် ပပျောက်သွားမည်ဖြစ်သည်။ ဂျွမ်အာ နှစ်ခုအကြားအနည်းဆုံး တစ် ဖှရ်စခ် အကွာအဝေးရှိ ရမည်။ ထိုသို့မဟုတ်ပါက နောက်ကျပြီးစသော နမားဇေဂျွမ်အာ သည် ဘာသိလ် ဖြစ်သည်။ .

သို့သော် စွန်နီ များသည်မြို့တိုင်း၌ မပ်္စဂျိဒ် တိုင်းတွင် နမားဇေဂျွမ်အာ ဖတ်ကြသည် ၊ မပ်္စဂျိဒ် တိုင်းတွင် စနဒ် ရထားသူမှန်သမျှထို မပ်္စဂျိဒ် ၏ အေမာမ်မေဂျွမ်အာ လုပ်ပိုင်ခွင့်ရှိသည်။ စွန်နီ များသည် နမားဇေဂျွမ်အာ ကို ဝါဂျိဘ်ဘေအိုင်နီ ဟုသတ်မှတ်ထားသည်။ သို့သော် ရှီအာမရာဂျေ့အ် အတော်များများမှာ အေမာမ် ၏ ဂိုင်ဘသ် ကာလတွင် ဝါဂျိဘ်ဘေသခ်ယီးရီး အဖြစ်မိန့်ကြားထားသည်။ စိုင်ယိဒ်မိုဟမ္မဒ်ဂျဝါးဒ်ဂဲရ်ဝီ သည် ဝါဂျိဘ်ဘေအိုင်နီး အဖြစ်သတ်မှတ်သည် ၊ ဆိုလိုသည်မှာသောကြာနေ့တွင် နမားဇေဇိုဟ်ရ် အစား နမားဇေဂျွမ်အာ ကိုမဖြစ်မနေ ဖတ်ရမည်ဖြစ်သည်။ ၎င်းမိန့်ရပ်သည် စူရာ ဂျွမ်အာ ၌အရှင်မြတ်ကရှင်းလင်းစွာတင်ပြထားသည်ဟုဆိုသည်။ ထို နည်းတူစွာ နမားဇေအီးဒ်ဒိုင်း ( ဖှိသ်ရ် နှင့် ကွရ်ဘာန် ) ကိုလည်း ဝါဂျိဘ် ဖြစ်သည်ဟုသူကဆိုထားသည်။

နမားဇေဂျွမ်အာ တွင်ပထမ ရကအသ် ၌ ဟမ်ဒ် ပြီးနောက် စူရာဂျွမ်အာ ၊ ဒုတိယ ရကအသ် တွင် ဟမ်ဒ် ပြီး နောက် စူရာမိုနာဖှေကူးန် ဖတ်ရမည်မှာ မွတ်္စသဟဘ် ဖြစ်သည်။


အေမာမ်မေဂျွမ်အာ

နမားဇေဂျွမ်အာ 
ایت الله اصغر هاشمی امام جمعه شهرستان لامرد

အေမာမ်မေဂျွမ်အာ ဆိုသည်မှာ နမားဇေဂျွမ်အာ ဦးဆောင်ဖတ်ပေးသူကိုခေါ်သည်၊ များ သောအားဖြင့် ခွသ်ဗာ ဖတ်သူနှင့် နမားဇေဂျွမ်အာ ဖတ်သူသည်တစ်ဦးတည်းဖြစ်သည်။


နမားဇေဂျွမ်အာ ၏နိုင်ငံရေးသဘောတရား

အေမာမ်မေဂျွမ်အာ များ၏ဆက်နွယ်မှုသည် စစ်တပ်သဖွယ်ဖြစ်သည် ၊ နိုင်ငံအတွင်းမြို့ရွာအသီးသီးအကြားဒေ သတစ်ခုကိုဌါနချုပ်ပုံစံမျိုးရွေးချယ်သတ်မှတ်ပြီး ထိုဌါနချုပ်တွင်အသာလွန်ဆုံးသူတစ်ဦးအား အဓိက အေမာမ် မေဂျွမ်အာ အဖြစ်ခန့်အပ်ထားရှိပြီး အခြားမြို့များမှ အေမာမ်မေဂျွမ်အာ များသည်သူ့လက်အောက်တွင်ရှိရမည် ဖြစ်သည်။ ထို့အပြင် အေမာမ်မေဂျွမ်အာ ဆိုင်ရာအဖွဲ့အစည်းသည် ဝလီယေဖှကီးဟ် ၏တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ရှိပြီး နိုင်ငံအဝှမ်းရှိ အေမာမ်မေဂျွမ်အာ များအားလုံး၏ တာဝန်ပိုင်းများကို တိုင်တိုင်ပင်ပင်နှင့်ချိတ် ဆက်ဆောင်ရွက်စေရန်အလို့ငှာ ထိန်းကွပ်ပေးမည်ဖြစ်သည်။ ဤသို့ဖြင့် အေမာမ်မေဂျွမ်အာ များကိုမိမိစိတ်သ ဘောဖြင့် စည်းဝါးလွတ်လုပ်ဆောင်ဟောပြောချက်များကို ထိန်းချုပ်ထားပြီးဖြစ်ကာ တူညီသောအသိ သတိပေး သတင်းစကားများနှင့် ဒေသနာနှိုးဆော်မှုများကို အချိန်အခါအလိုက်လူထုအားတင်ပြနိုင်ရန်ဖြစ်သည်။ ၎င်းစနစ် သည် စွန်နီ နိုင်ငံများတွင်ကျင့်သုံးနေသည့် ပုံစံနှင့်အများအားဖြင့်တူသည်ဟုဆိုရမည် ၊ ၎င်းတို့ အမာမ်မေ ဂျွမ်အာ များ၏ ခွသ်ဗာ များကို ဝကဖှ် ဝန်ကြီးဌါနကစီစဉ်ပေးပြီး အေမာမ်မေဂျွမ်အာ များက ဂျွမ်အာခွသ်ဗာ တွင် တင်ပြကြသည်။


အီရန် နိုင်ငံ၏ နမားဇေဂျွမ်အာ

အီရန် နိုင်ငံတွင် သဲဟ်ရာန် ၊ ကွမ်း ၊ မရှ်ဟဒ် မြို့ကြီးများရှိ နမားဇေဂျွမ်အာ သည်အထူးအဓိကကျသည်။ အီရန် ၏အခြားမြို့အသီးသီး၌လည်း နမားဇေဂျွမ်အာ ဖတ်ရွတ်မှုရှိပြီးများသောအားဖြင့်မြို့တိုင်းရှိ မပ်္စဂျိဒ်ဒေဂျာ မေ့အ် တွင်ဖတ်ရွတ်ကြသည်။

နမားဇေဂျွမ်အာ 
نماز جمعه ۲۸ فروردین ۱۳۹۵ تهران که ایت الله احمد جنتی امام آن بود. در صف اول، مقام‌داران ایرانی دیده می‌شوند.

ဤနမားဇ် သည်တစ်ပတ်လျှင်တစ်ကြိမ်မြို့တစ်မြို့ရှိ မွတ်စလင်မ် များစုဝေးရာလည်းဖြစ်သည်။ အီရန် ၏ အစ္စလာမ့် သမိုင်းတွင် နမားဇေဂျွမ်အာကို အလွန်အလေးထားသည်။ တစ်ခါတစ်ရံ ဟောပြောတင်ပြချက်များ သည် အစ္စလာမ်မစ် နိုင်ငံရေးမူဝါဒများနှင့်သက်ဆိုင်ပြီး အလွန်အရေးပါမြင့်မားမှုရှိသည်။

ဆဖှဝီ မင်းဆက် ရှားဟ်အစ္စမာအီလ် လက်ထက်မှစပြီး နမားဇေဂျွမ်အာ သည်အီရန် ရှိ ရှီအာမဇ်ဟဘ် တွင် အရေးပါအရာရောက်ပြီး တရားဝင်ခိုင်လုံသော ဟောပြောတင်ပြရာနေရာဖြစ်လာသည်။ ရူဟာနီ များမှအထူးသ ဖြင့် မိုဟပ်ကစ်ကေကွရ်ကီး သည်ဤလမ်းတွင်အလွန်ကြိုးပမ်းခဲ့သည် ၊ ဖှကီးဟ် အတော်များများ၏လက်ခံအား ပေးမှုဖြင့် သူသည် အစ္စဖှဟားန်မြို့ မပ်္စဂျစ်ဒေဂျာမေ့အေအသီး္က တွင်ပထမဆုံး ဂျွမ်အာ ကိုဖတ်ရွတ်ခဲ့သည်။ ၁၃၅၇ အီရန် တော်လှန်ရေးပြီးနောက်ပိုင်းတွင် နမားဇေဂျွမ်အာ သည်ပို၍တိုးတက်စည်ကားလာပြီး လုံခြုံရေး များဖြင့်စနစ်တကျစီစဉ်လာရသည်။ ထိုနမားဇ် နှင့်ပတ်သက်ပြီး အလွန်အရေးပါကြောင်းကို အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံတော် ၏ ရဲဟ်ဘဲရ် - ခေါင်းဆောင်- နှစ်ဦးစလုံး၏ဟောပြောတင်ပြချက်များ၌တွေ့ရှိရသည်။ ၁၃၅၈ မွရ်ဒါးဒ် လ ၅ ရက်=၁၉၇၉ ဂျူလိုင် ၂၇ ရက်နေ့ ဂျွမ်အာ သည် အစ္စလာမ်မစ်အစိုးရဖွဲ့စည်းပြီးနောက် သဲဟ်ရာန် မြို့တွင်ပထမဆုံးဖတ်ရွတ်ခဲ့သည့် နမားဇေဂျွမ်အာ ဖြစ်သည် ၊ အေမာမ်မေဂျွမ်အာ မှာ အာယသွလ္လာမာဟ်မူးဒ် သွာလေကာနီ ဖြစ်ပြီး နေရာမှာ သဲဟ်ရာန် တက္ကသိုလ်ကွင်းပြင်တွင်ဖတ်ရွတ်ခဲ့သည်။

အီရန် တွင်ပထမဆုံး နမားဇေဂျွမ်အာ

နမားဇေဂျွမ်အာ 
قطب زاده (نفر سوم از سمت چپ) در نخستین نماز جمعه به امامت آیت الله طالقانی در ۵ مرداد ۱۳۵۸ چند روز پیش از فوت وی. دیگر شرکت کنندگان: ابراهیم یزدی، هاشم صباغیان، احمد صدر حاج سید جوادی


သို့ပါသော်လည်း ၎င်းအရင် အာယသွလ္လာရဟီးမ်အရ်ဗါဗ်ချရ်မ်ဟီးနီး သည် အစ္စဖှဟါးန် မြို့၌ နမားဇေဂျွမ်အာ ဖတ်ခဲ့သည် ၊ သူသည် နမားဇေဂျွမ်အာ ကိုအိမ်တွင် အကာမာ လုပ်ခဲ့သည်။ ၁၃၁၄ ခုနှစ်တွင် စိုင်ယိဒ်မိုဟမ္မဒ် ဂျဝါးဒ်ဂဲရ်ဝီ ကတောင်းဆိုသဖြင့်သူ၏အိမ်တွင် နမားဇေဂျွမ်အာ ဖတ်ခဲ့သည်။ အာယသွလ္လာစိုင်ယိဒ်မိုဟမ္မဒ်သကီ ဂဇန်ဖှရီ သည် ၁၃၁၄ ခုနှစ်မှ ၁၃၅၀ သူကွယ်လွန်ချိန်အထိ ခွါန်စာရ် မြို့တွင် နမားဇေဂျွမ်အာ ဦးဆောင်ဖတ်ခဲ့ သည်။ သူကွယ်လွန်ပြီးနောက်သားဖြစ်သူ မိုဟမ္မဒ်မဲဟ်ဒီဂဇန်ဖှရီ သည် နမားဇေဂျွမ်အာ ကိုဦးဆောင်ဖတ်ရွတ်ခဲ့ သည်။

စိုင်ယိဒ်မိုဟမ္မဒ်သကီခွါန်စာရီ သည် ၁၃၁၈ ခုနှစ်ပိုင်းများတွင် ကွမ်း မြို့၌ နမားဇေဂျွမ်အာ ကိုဖတ်ပေးခဲ့သည်။

အီရန်အစ္စလာမ်မစ် အစိုးရတက်ပြီးနောက်ပထမဆုံး နမားဇေဂျွမ်အာ ဖတ်ခဲ့သည့်နေရာမှာ သဲဟ်ရာန်တက္က သိုလ် ဘောလုံးကွင်းတွင်ဖြစ်သည်။ ထို့နောက်ပိုင်း၎င်းနေရာသည်အမြဲတမ်းအတွက် နမားဇေဂျွမ်အာ ဖတ်ရန် သတ်မှတ်ခဲ့ပြီး နမားဇေအီးဒ် များကိုလည်းထိုနေရာ၌ပင်ဖတ်ရွတ်ကြသည်။

နမားဇေဂျွမ်အာ တွင်ဖြစ်ပေါ်ခဲ့သောအဖြစ်အပျက်များ~

  • - အစဒွလ္လာမဒနီ ၏လုပ်ကြံမှု
  • - အက္ကဘဲရ်ဟာရှင်မီရဖှ်စါန်ဂျာနီ ကိုတိုက်ခိုက်ခြင်း
  • - ဝန်ကြီးများဖြစ်သည့် အသွာအွလ္လာမိုဟာဂျေရာနီ နှင့် အဗ္ဗဒွလ္လာနူရီတို့ကို ရိုက်ပုတ်ဆဲဆိုခြင်း
  • - ၁၃၆၃ အစ္စဖန်ဒ် လ ၂၄ တွင်ဗုံးထောင်ခြင်း
  • - ခွသ်ဗာယေ မပ်္စအူလီယသ်သေခူးန်
  • - နမားဇေဂျွန်ဘိရှ်ရှေစဗ်ဇ်
  • - ၁၃၆၈ အာဘာန် လ ၁၈ ခွသ်ဗာယေသဂျမွလ်


ကိုးကား

Tags:

နမားဇေဂျွမ်အာ ရှီအာ တို့၏ နမားဇေဂျွမ်အာ ဖတ်ရွတ်သည့်အနေအထားနမားဇေဂျွမ်အာ ရေဝါယသ် များတွင်နမားဇေဂျွမ်အာ အချို့သောမိန့်ရပ်များနမားဇေဂျွမ်အာ ၏နိုင်ငံရေးသဘောတရားနမားဇေဂျွမ်အာ အီရန် နိုင်ငံ၏ နမားဇေဂျွမ်အာ တွင်ဖြစ်ပေါ်ခဲ့သောအဖြစ်အပျက်များ~နမားဇေဂျွမ်အာ ကိုးကားနမားဇေဂျွမ်အာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကမ္မဋ္ဌာန်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးပုလွေမှုတ်ခြင်းမြန်မာ စံတော်ချိန်ဘုရားပင့်ထက်ထက်မိုးဦးသင်္ကန်းတို့ဗမာအစည်းအရုံးအောက်မြန်မာပြည်ပလွေလားရှိုးမြို့ကြွက်တက်ခြင်းအသက်ရှည်စေလို မန်းတောင်ရိပ်ခိုဂူဂယ်ဂျင်မီ နျူထရွန် - ကောင်လေး ဉာဏ်ကြီးရှင်ကာလသားရောဂါအာရုံခြောက်ပါးဗမာလူမျိုးမြေပုံအသည်းရောင် အသားဝါ ရောဂါ ဘီပိုးမန္တလေးမြို့တော်ဝန်ရန်ကုန်မြို့ခေါင်းကိုက်ခြင်းအင်္ဂလိပ်ဘာသာစကားအင်းဝမင်းဆက်ဂျပန်နိုင်ငံမော်လမြိုင်မြို့ပြင်ဦးလွင်မြို့နယ်ဘိုးမင်းခေါင်နတ်ပင့်ဂါထာအရစ္စတိုတယ်ဗောဇ္ဈင်ခုနစ်ပါးသီလဥပုသ်နေ့သီပေါမင်းအစာအိမ်လယ်တွင်းသား စောချစ်အကြောက်လွန်ခြင်းဟင်္သာတမြို့စောဘဦးကြီးစုန်းကဝေအတတ်အမျိုးသမီးသုံး ကွန်ဒုံးမြန်မာနိုင်ငံ၏ သမ္မတပိုးသတ်ဆေးထားဝယ်မြို့ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကြွက်နို့အောင်ချိမ့်အောင်လသာမဏေမဇ္ဈိမ သတင်းဌာနငါးမျိုးစိတ်များ စာရင်းအောင်လင်းဒွေးနွေရာသီအချစ်အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသီလရှင်ကျင့်ဝတ်ဟိန္ဒူဘာသာတနင်္သာရီတိုင်းဒေသကြီးရခိုင်လူမျိုးပျူမြို့ပြနိုင်ငံများဖွေးဖွေးမေတ္တသုတ်ကွန်ဒုံးအားတော်ဆယ်ပါးကိုကိုတပင်ရွှေထီးအာနန္ဒာဘုရားမှော်ပညာသုဂတော သုဂတဓာနံအီရန်-အီရတ်စစ်ပွဲဒန့်သလွန်စမ🡆 More