တယ်လီဖုန်း: ပြောဆိုဆက်သွယ်ရေးကိရိယာ

တယ်လီဖုန်းသည် ကမ္ဘာပေါ်ရှိ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ် စကားပြောရန် နည်းပညာနည်းအရ ပြုလုပ်ထားသော အရာဖြစ်သည်။ တယ်လီဖုန်းကို စကားပြောကြေးနန်း ၊ စကားပြောခွက် ဟူ၍ မြန်မာမှုပြုကြသော်လည်း အသုံးတွင်ကျယ်ခြင်းမရှိပေ။

တယ်လီဖုန်း: ပြောဆိုဆက်သွယ်ရေးကိရိယာ
အလက်ဇန္ဒား ဂရေဟမ်ဘဲလ်

အခြေခံသဘောတရား

တယ်လီဖုန်း ခေါ် စကားပြောကြေးနန်းတွင် (၁) စကားပြောခွက်၊ (၂) လျှပ်စစ်ဓာတ်နှင့် (၃) နားထောင်ခွက်ဟူ၍ ပစ္စည်းသုံးမျိုး အဓိက ပါဝင်သည်။ စကားပြောခွက်ထဲသို့ စကားပြောလိုက်သောအခါ ပါးစပ်မှ အသံလှိုင်းတို့သည် စကားပြောခွက်တွင် တပ်ဆင် ထားသော ဒိုင်အာဖရမ်ခေါ်ပါးလွှာသည့် သတ္တုချပ်ပြားကို တုန်ခါစေသည်။ ထိုတုန်ခါမှုများက ကြေးနန်းကြိုးတစ်လျှောက်တွင် လျှပ်စစ်ဓာတ်စီးကြောင်းကို အသံနှင့်လိုက်၍ မညီညာသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။ ထိုမှအခြားတစ်ဖက်ရှိ နားထောင်ခွက်တွင်ရှိသော လျှပ်စစ်သံလိုက်၌ အလားတူ မညီညာသည့် အားများကို ဖြစ်ပေါ်စေသည်။ ထိုသံလိုက်က အနီးရှိ သတ္တုချပ်ပြားကို ဆွဲငင်သဖြင့် စကားပြောခွက်တွင်ရှိသော သတ္တုချပ်ပြားအတိုင်း တုန်ခါစေပြန်သည်။ ထိုကဲ့သို့ တုန်ခါမှုကြောင့် စကားပြောသူ၏ စကားသံအတိုင်း နားထောင်ခွက်ထဲမှ ပြန်လည်ကြားရခြင်းဖြစ်ပေသည်။

သမိုင်း

၁၈၇၆-ခုနှစ်တွင် အမေရိကန်နိုင်ငံမှ အလက်ဇန္ဒား ဂရေဟမ် ဘဲလ် ‎ ဆိုသူက တီထွင်ခဲ့သည်။ ထိုနှစ်မတိုင်မီ ၁၈၇၅-ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်းမှာ ဝါယာကြိုးတစ်ခုတည်းနှင့် တစ်ချိန်တည်း တယ်လီဂရပ် သတင်းများကို ပေးပို့နေရင်း ပေါ်လာသော စိတ်ကူးနှင့် ဘော့စတွန်မြို့၌ လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့သည်။ သံမဏိချောင်းများ ခွေထားသော စပရင်တစ်စုံကို အသုံးပြုခဲ့သည်။ အသံဖမ်းစက် ဆင်ထားသည့် အခန်းမှာ သူက လုပ်ဆောင်နေသည်။ သူ၏ လက်ထောက် သောမတ်စ်ဝပ်ဆင်က အသံပို့စက်ရှိသော နောက်အခန်းတစ်ခုမှာ လုပ်ဆောင်နေသည်။ သံလိုက်ပေါ်မှ အသံများ တုန်ခါနေစဉ် သံမဏိချောင်းများက ဝိုင်ယာကြိုးကို ဖြတ်စီးနေသော စီးကြောင်းအား ပြောင်းလဲနေပုံကို လေ့လာစူးစမ်းကြပြီး တယ်လီဖုန်းကို စတင် တီထွင်ခဲ့လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာကျပ်ငွေချောင်းသာကမ်းခြေနေအဖွဲ့အစည်းဂျာမနီနိုင်ငံစိတ်ချရသော လိင်ဆက်ဆံမှုမင်္ဂလသုတ်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရွှေဆံတော်စေတီ (ပုဂံ)ခင်ညွန့် (ဗိုလ်ချုပ်ကြီး)မူးယစ်ဆေးဝါးလူမင်းမောင်ရင်လောင်းအကျဉ်းဦးစီးဌာနနှလုံးသွေးကြောကျဉ်းရောဂါစစ်တွေမြို့မြန်မာနိုင်ငံရှိ မြို့နယ်များရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဂဠုန်ဆရာစံထိုင်းနိုင်ငံ၏ ခရိုင်များရှရွတ်ခန်းနွားကြာနီကန်ဆရာတော်တယ်လီဖုန်း ကုတ်နံပါတ်ငါးရာ့ငါးဆယ် နိပါတ်တော်ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကျုံးပါဠိပဲခူးမြို့မင်းအောင်လှိုင်ပဲခူးတိုင်းဒေသကြီး၁၃၀၀ ပြည့် အရေးတော်ပုံဦးနုမင်းခေါင်နော်ရထာစုန်းကဝေအတတ်မကာရ (ဗေဒင်)မဟာသီဟသူရပြည်ထဲရေး ဝန်ကြီးဌာနဗင်နီတို မူဆိုလီနီမဟာသမယသုတ်နာမဝိသေသနပဲခူးရိုးမတောင်ညောင်ရမ်းခေတ်ရှင်စောပုကော့သောင်းမြို့ထိုင်းနိုင်ငံခြကဗျာလင်္ကာနေမိကျောင်းဂျူး (စာရေးဆရာမ)ရေနံကျန်းမာရေး ဝန်ကြီးဌာနတပ်မတော်ဆေးတက္ကသိုလ်ဇွဲကပင်တောင်အလောင်းစည်သူပြည်သူ့ကာကွယ်ရေးတပ်မတော်လိင်တူစုံမက်ခြင်းXXXတဲန်တာရွှန်မဟာပညာကျော်တောင်ငူမြို့ဆင်ဖြူရှင်မင်းမေတ္တာအောက်ချင်းငှက်ဆွစ်ဇာလန်နိုင်ငံတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကိုကိုးကျွန်းစိတ်ဇာမဏီသံတွဲမြို့ကွန်ဒုံးမြဝတီမင်းကြီး ဦးစဟံသာဝတီကရင် အမျိုးသား အစည်းအရုံးမဂ္ဂင် ၈ ပါးသုမောင်ရတနသုတ်🡆 More